အီဒူး ထုတ်ပြောသွားတဲ့ အာဆင်နယ် ခေါ်ယူမယ်ဆိုတဲ့ ကစားသမား

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးက လာမယ့်ဇန်နဝါရီမှာ လူအင်အားဖြည့်တင်းဖို့ စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့သလို ဦးစားပေးဖြည့်တင်းမယ့် နေရာကိုလည်း အတိတလင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဘရာဇီးလ်လူမျိုး နည်းစနစ်ဒါရိုက်တာကြီးက သူတို့အသင်းမှာ ဖန်တီးနိုင်စွမ်းပြည့်ဝတဲ့ ကစားသမားမျိုးလိုအပ်နေတာကြောင့် ကွင်းလယ်ပိုင်းမှာ Creative Midfielder ဖြည့်ဆည်းသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာတာပါ။

“ကျွန်တော်တို့အသင်းမှာ ဒီအစိတ်အပိုင်းလိုအပ်နေတယ်ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့အတွက် ကွင်းလယ်ပိုင်းမှာ ဖန်တီးနိုင်စွမ်းပြည့်ဝတဲ့ကစားသမားမျိုးလိုအပ်နေပါတယ်။ ကျွန်တော်တို့ လူစာရင်းမှာ ဒီလိုကစားသမားမျိုး ကင်းမဲ့နေပါတယ်” လို့ အီဒူးက ဆိုသွားခဲ့တာပါ။

ဒါပေမယ့်လည်း အီဒူးက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ခေါ်ယူဖြည့်တင်းဖို့ရှိနေတာမှန်ပေမယ့် ငွေအမြောက်အများပေးချေ ခေါ်ယူရတဲ့ တန်ဖိုးကြီးအပြောင်းအရွှေ့တွေကိုတော့ ပြုလုပ်သွားမှာမဟုတ်ဘူးလို့လည်း ဆိုသွားပါတယ်။

“ကျွန်တော်တို့ အတွင်းစည်းမှာ ဆွေးနွေးရမယ့် အပြောင်းအရွှေ့ကိစ္စရပ်တွေကို ထုတ်မပြောလိုပါဘူး။ ကျွန်တော်တို့ နည်းမှန်လမ်းမှန်နဲ့ အသင်းကို ပြောင်းလဲဖို့ လိုပါတယ်။ လူအများစု မျှော်လင့်နေသလိုမျိုး Boom! ဆိုပြီး မက်ဆီရောက်ချလာတာမျိုးတော့ လုံးဝဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ခြေနိုင်လက်နိုင် ခေါ်ယူမှုတွေပဲ ပြုလုပ်သွားမှာပါ” လို့ အီဒူးက ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ကွင်းလယ်ဖန်တီးရှင် အမြောက်အများကို ပစ်မှတ်ထားနေပြီး ဟူဆန် အူဝါ၊ ဒိုမီနစ် ဆိုဘိုဇ်လိုင်၊ ဖေဘီယို ဗီယာရာ၊ ခရစ္စတီယန် အဲရစ်ဆင်နဲ့ အီမီလီယာနို ဘူယွန်ဒီယာတို့က ရေပန်းအစားဆုံးဖြစ်နေပါတယ်။

Source: Metro, HITC

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါရိုက္တာ အီဒူးက လာမယ့္ဇန္နဝါရီမွာ လူအင္အားျဖည့္တင္းဖို႔ စီစဥ္ေနတယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့သလို ဦးစားေပးျဖည့္တင္းမယ့္ ေနရာကိုလည္း အတိတလင္းထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ဘရာဇီးလ္လူမ်ိဳး နည္းစနစ္ဒါရိုက္တာၾကီးက သူတို႔အသင္းမွာ ဖန္တီးႏုိင္စြမ္းျပည့္ဝတဲ့ ကစားသမားမ်ိဳးလိုအပ္ေနတာေၾကာင့္ ကြင္းလယ္ပိုင္းမွာ Creative Midfielder ျဖည့္ဆည္းသြားမွာျဖစ္တယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုလာတာပါ။

“ကၽြန္ေတာ္တို႔အသင္းမွာ ဒီအစိတ္အပိုင္းလိုအပ္ေနတယ္ဆုိတာ သိသာပါတယ္။ ကၽြန္ေတာ္တို႔အတြက္ ကြင္းလယ္ပိုင္းမွာ ဖန္တီးႏုိင္စြမ္းျပည့္ဝတဲ့ကစားသမားမ်ိဳးလိုအပ္ေနပါတယ္။ ကၽြန္ေတာ္တို႔ လူစာရင္းမွာ ဒီလိုကစားသမားမ်ိဳး ကင္းမဲ့ေနပါတယ္” လို႔ အီဒူးက ဆိုသြားခဲ့တာပါ။

ဒါေပမယ့္လည္း အီဒူးက လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ကစားသမားသစ္ ေခၚယူျဖည့္တင္းဖို႔ရွိေနတာမွန္ေပမယ့္ ေငြအေျမာက္အမ်ားေပးေခ် ေခၚယူရတဲ့ တန္ဖိုးၾကီးအေျပာင္းအေရႊ႕ေတြကိုေတာ့ ျပဳလုပ္သြားမွာမဟုတ္ဘူးလို႔လည္း ဆိုသြားပါတယ္။

“ကၽြန္ေတာ္တို႔ အတြင္းစည္းမွာ ေဆြးေႏြးရမယ့္ အေျပာင္းအေရႊ႕ကိစၥရပ္ေတြကို ထုတ္မေျပာလိုပါဘူး။ ကၽြန္ေတာ္တို႔ နည္းမွန္လမ္းမွန္နဲ႔ အသင္းကို ေျပာင္းလဲဖို႔ လိုပါတယ္။ လူအမ်ားစု ေမွ်ာ္လင့္ေနသလိုမ်ိဳး Boom! ဆိုျပီး မက္ဆီေရာက္ခ်လာတာမ်ိဳးေတာ့ လံုးဝျဖစ္လာမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ေျခႏုိင္လက္ႏုိင္ ေခၚယူမႈေတြပဲ ျပဳလုပ္သြားမွာပါ” လို႔ အီဒူးက ဆိုသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိမွာ ကြင္းလယ္ဖန္တီးရွင္ အေျမာက္အမ်ားကို ပစ္မွတ္ထားေနျပီး ဟူဆန္ အူဝါ၊ ဒိုမီနစ္ ဆိုဘုိဇ္လုိင္၊ ေဖဘီယို ဗီယာရာ၊ ခရစၥတီယန္ အဲရစ္ဆင္နဲ႔ အီမီလီယာႏို ဘူယြန္ဒီယာတို႔က ေရပန္းအစားဆံုးျဖစ္ေနပါတယ္။

Source: Metro, HITC

Leave a Reply