အီယန် ရိုက်နဲ့ နှိုင်းယှဉ်ခံနေရတဲ့ ဖိုလာရင် ဘာလိုဂန်

[UNICODE]

အာဆင်နယ်အသင်းက လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ရဲ့ ကစားဟန်နဲ့ ဂိုးသွင်းပါးနပ်မှုဟာ တချိန်တုန်းက ဂန္တဝင်တိုက်စစ်မှူးဟောင်း အီယန် ရိုက်လိုမျိုးပဲလို့ ဂန္တဝင်ဟောင်း တစ်ဦးဖြစ်တဲ့ မာတင် ကီယွန် က သုံးသပ်ချီးမွမ်းလိုက်ပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ဟာ ယူရိုပါလိဂ်မှာ အာဆင်နယ်အသင်းအတွက် ၆၁ မိနစ်သာ ပါဝင်ကစားပေးထားပေမယ့် သွင်းဂိုး ၂ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးပေးထားနိုင်တဲ့အထိ ခြေစွမ်းကောင်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။

BT Sports ရဲ့ သုံးသပ်သူ မာတင် ကီယွန် ကတော့ အိုင်ယာလန်ကလပ် ဒန်းဒါ့ခ်ကို ရင်ဆိုင်ခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်အပြီးမှာ ဘာလိုဂန်ဟာ သူတို့ခေတ်က အသင်းဖော်ဟောင်း အီယန် ရိုက်လို ထက်မြက်တဲ့ ခြေစွမ်းမျိုးပိုင်ဆိုင်ထားတယ်လို့ ချီးမွမ်းပြောဆိုသွားခဲ့တာပါ။

“ကျွန်တော် သူကစားနေတာကို ကြည့်ရင်း တွေးမိတယ်။ အဲ့ဒီအချိန်မှာပဲ ရုတ်တရက် နာမည်တစ်ခု ခေါင်းထဲပေါ်လာတယ်။ သူ့ရဲ့ အသင်းနဲ့ ချိတ်ဆက်ကစားဟန်နဲ့ ပြေးလွှားနေပုံတွေက အီယန် ရိုက်အတိုင်းပါပဲ။ သူက တချိန်ချိန်မှာ အန်ဒီ ကိုးလ်တို့ အီယန် ရိုက်တို့လို ဖြစ်လာမလား ကျွန်တော် စောင့်ကြည့်ချင်ပါတယ်။ သူ့ကစားဟန်ကတော့ ရိုက်နဲ့ တစ်ထေရာတည်းပါပဲ” လို့ ကီယွန်က ဆိုသွားခဲ့ပါတယ်။

“အီယန် ရိုက်တိုဆိုတာ ထိပ်တန်းကစားသမားဟောင်းပါ။ ဒါပေမယ့် ဒီကလေးကလည်း သူတို့လို မဖြစ်လာနိုင်စရာ မရှိပါဘူး။ သူလည်း တချိန်ချိန်မှာ ရိုက်တို့လို ဖြစ်ထွန်းလာနိုင်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး အမျှော်အမြင်ရှိရှိ တွေးရမယ်ဆိုရင်တော့ သူ့မှာ အလားအလာတွေရှိနေတာမှန်ပေမယ့် လုံလောက်တဲ့အခွင့်အရေးရဖို့နဲ့ ကိုယ်တိုင်လည်း မပြတ်ကြိုးစားအားထုတ်နေဖို့ လိုအပ်ဦးမယ်ဆိုတာပါပဲ။ ကျွန်တော်ကတော့ သူ့ကို အရမ်းသဘောကျနေသလို သူ့မှာ လက္ခဏာကောင်းတွေ ရှိနေတယ်လို့လည်း ယုံကြည်ထားပါတယ်” လို့ ကီယွန်ကဆိုသွားခဲ့ပါသေးတယ်။

အသင်းအတွက် ပွဲပေါင်း ၃၀၀ ကျော်ကစားပေးခဲ့ပြီး သွင်းဂိုး ၁၈၅ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ အီယန် ရိုက် ဟာ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းဖြစ်ပြီး သီယာရီ အွန်နရီ စံချိန်မချိုးခင်တုန်းက အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။

Source: BT Sport, Daily Star

[ZAWGYI]

အာဆင္နယ္အသင္းက လူငယ္တုိက္စစ္မွဴး ဖိုလာရင္ ဘာလိုဂန္ရဲ႕ ကစားဟန္နဲ႔ ဂိုးသြင္းပါးနပ္မႈဟာ တခိ်န္တုန္းက ဂႏၱဝင္တုိက္စစ္မွဴးေဟာင္း အီယန္ ရိုက္လိုမ်ိဳးပဲလို႔ ဂႏၱဝင္ေဟာင္း တစ္ဦးျဖစ္တဲ့ မာတင္ ကီယြန္က သံုးသပ္ခ်ီးမြမ္းလိုက္ပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးတဲ့ လူငယ္တုိက္စစ္မွဴး ဖိုလာရင္ ဘာလိုဂန္ဟာ ယူရိုပါလိဂ္မွာ အာဆင္နယ္အသင္းအတြက္ ၆၁ မိနစ္သာ ပါဝင္ကစားေပးထားေပမယ့္ သြင္းဂိုး ၂ ဂိုးသြင္းယူကာ ၁ ဂိုးဖန္တီးေပးထားႏုိင္တဲ့အထိ ေျခစြမ္းေကာင္းျပသႏုိင္ခဲ့သူျဖစ္ပါတယ္။

BT Sports ရဲ႕ သံုးသပ္သူ မာတင္ ကီယြန္ကေတာ့ အုိင္ယာလန္ကလပ္ ဒန္းဒါ့ခ္ကို ရင္ဆုိင္ခဲ့တဲ့ ယူရိုပါလိဂ္ အုပ္စုပြဲစဥ္အျပီးမွာ ဘာလိုဂန္ဟာ သူတို႔ေခတ္က အသင္းေဖာ္ေဟာင္း အီယန္ ရိုက္လို ထက္ျမက္တဲ့ ေျခစြမ္းမ်ိဳးပိုင္ဆုိင္ထားတယ္လုိ႔ ခ်ီးမြမ္းေျပာဆိုသြားခဲ့တာပါ။

“ကၽြန္ေတာ္ သူကစားေနတာကို ၾကည့္ရင္း ေတြးမိတယ္။ အဲ့ဒီအခ်ိန္မွာပဲ ရုတ္တရက္ နာမည္တစ္ခု ေခါင္းထဲေပၚလာတယ္။ သူ႔ရဲ႕ အသင္းနဲ႔ ခ်ိတ္ဆက္ကစားဟန္နဲ႔ ေျပးလႊားေနပံုေတြက အီယန္ ရိုက္အတုိင္းပါပဲ။ သူက တခ်ိန္ခ်ိန္မွာ အန္ဒီ ကိုးလ္တို႔ အီယန္ ရိုက္တို႔လို ျဖစ္လာမလား ကၽြန္ေတာ္ ေစာင့္ၾကည့္ခ်င္ပါတယ္။ သူ႔ကစားဟန္ကေတာ့ ရိုက္နဲ႔ တစ္ေထရာတည္းပါပဲ” လုိ႔ ကီယြန္က ဆိုသြားခဲ့ပါတယ္။

“အီယန္ ရိုက္တိုဆိုတာ ထိပ္တန္းကစားသမားေဟာင္းပါ။ ဒါေပမယ့္ ဒီကေလးကလည္း သူတို႔လို မျဖစ္လာႏုိင္စရာ မရွိပါဘူး။ သူလည္း တခ်ိန္ခ်ိန္မွာ ရိုက္တို႔လို ျဖစ္ထြန္းလာႏုိင္ပါတယ္။ ဒါေပမယ့္ ဒီထက္ပိုျပီး အေမွ်ာ္အျမင္ရွိရွိ ေတြးရမယ္ဆိုရင္ေတာ့ သူ႔မွာ အလားအလာေတြရွိေနတာမွန္ေပမယ့္ လံုေလာက္တဲ့အခြင့္အေရးရဖို႔နဲ႔ ကိုယ္တုိင္လည္း မျပတ္ၾကိဳးစားအားထုတ္ေနဖို႔ လိုအပ္ဦးမယ္ဆိုတာပါပဲ။ ကၽြန္ေတာ္ကေတာ့ သူ႔ကို အရမ္းသေဘာက်ေနသလို သူ႔မွာ လကၡဏာေကာင္းေတြ ရွိေနတယ္လို႔လည္း ယံုၾကည္ထားပါတယ္” လို႔ ကီယြန္ကဆိုသြားခဲ့ပါေသးတယ္။

အသင္းအတြက္ ပြဲေပါင္း ၃၀၀ ေက်ာ္ကစားေပးခဲ့ျပီး သြင္းဂိုး ၁၈၅ ဂိုးသြင္းယူေပးႏုိင္ခဲ့တဲ့ အီယန္ ရိုက္ဟာ အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္တုိက္စစ္မွဴးေဟာင္းျဖစ္ျပီး သီယာရီ အြန္နရီ စံခ်ိန္မခ်ိဳးခင္တုန္းက အာဆင္နယ္အသင္းရဲ႕ ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့သူလည္းျဖစ္ပါတယ္။

Source: BT Sport, Daily Star

Leave a Reply