
[UNICODE]
အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က အာဆင်နယ်အသင်းအနေနဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်းကို ရောင်းထုတ်လိုက်ဖို့သင့်ပြီလို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ထိပ်တန်းသုံးသပ်သူတစ်ယောက်အဖြစ် နာမည်ကျော်တဲ့ ကမ်းဘဲလ်က အူဘာမီယန်းရဲ့ လက်ရှိစာချုပ်သက်တမ်း၊ စာချုပ်တန်ဖိုး၊ အသက်အရွယ်နဲ့ ယခုနှစ်ရာသီ စွမ်းဆောင်ရည်တွေကို ချိန်ထိုးစဉ်းစားမယ်ဆိုရင် အဆိုပါ ဂါဘွန်သားကို ရောင်းထုတ်ဖို့သင့်နေပြီဆိုတာကို လူတိုင်းသဘောပေါက်ကြလိမ့်မယ်လို့ ဆိုသွားပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၃၁ နှစ်အရွယ် အသင်းခေါင်းဆောင် အူဘာမီယန်းကို ယခုနှစ်ရာသီအစတုန်းကမှ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ နဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုပြီးနောက်ပိုင်းမှာ အူဘာမီယန်းတစ်ယောက် ခြေစွမ်းမတည်ငြိမ်မှုတွေ ပိုမိုဖြစ်ပေါ်လာခဲ့သလို ဝေဖန်မှုတွေနဲ့လည်း ပိုမိုပြီးရင်ဆိုင်နေရပါတယ်။
ကမ်းဘဲလ်ကတော့ အူဘာမီယန်းဟာ လက်ရှိအာတီတာရဲ့ ကစားကွက်မှာ တဖြေးဖြေး ပိုပို အံချော်လာနေသလို အထောင်တိုက်စစ်နေရာမှာ လာကာဇက်နဲ့ ဘယ်တောင်ပံနေရာမှာ ပက်ပေတို့ရဲ့ ခြေစွမ်းထက်လည်း ပိုကောင်းအောင် မကစားနိုင်တော့ဘူးလို့ ထောက်ပြသွားခဲ့သလို အသင်းခေါင်းဆောင်လက်ပတ်သာမရှိရင် သူ့အတွက် ပွဲထွက်ခွင့်တစ်နေရာတောင် မသေချာနိုင်ဘူးလို့ ဆိုသွားခဲ့ပါသေးတယ်။

“တကယ်လို့ အူဘာမီယန်းက အာဆင်နယ်အသင်းအတွက် အပြည့်အဝ ပြန်မပေးဆပ်နိုင်တော့ဘူးဆိုရင် သူ့ကို ရတဲ့ဈေးနဲ့ ရောင်းထုတ်လိုက်တာ ပိုကောင်းပါတယ်။ မဟုတ်ရင် ရေရှည်မှာ အိုဇေးလ်တုန်းကလိုမျိုး ပြဿနာတွေ ရှင်းရပိုခက်နိုင်သလို အသင်းအတွက် ပိုနစ်နာသွားစေနိုင်ပါတယ်။ ကျွန်တော့် ဆန္ဒအရဆိုရင် သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်ပါသေးတယ်။ ဒါပေမယ့် လက်ရှိ သူ့ခြေစွမ်းကို မပြင်နိုင်ရင်တော့ မဖြစ်နိုင်ပါဘူး” လို့ ကမ်းဘဲလ်က ဆိုသွားပါတယ်။
နောက်ဆုံး ၂ ရာသီဆက်တိုက် တစ်ရာသီကို ပျမ်းမျှ ဂိုး ၃၀ သွင်းယူပေးခဲ့တဲ့ အူဘာမီယန်းဟာ လက်ရှိရာသီမှာတော့ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၅ ဂိုးသာသွင်းယူပေးထားနိုင်တာ ဂိုးဖန်တီးမှုလည်း ၃ သာ ပြုလုပ်ထားပါတယ်။
Source: HITC, Stadium Astro
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္တုိက္စစ္မွဴးေဟာင္း ကီဗင္ ကမ္းဘဲလ္က အာဆင္နယ္အသင္းအေနနဲ႔ အသင္းေခါင္းေဆာင္တုိက္စစ္မွဴး အူဘာမီယန္းကို ေရာင္းထုတ္လုိက္ဖို႔သင့္ျပီလို႔ တုိက္တြန္းေျပာဆိုလိုက္ပါတယ္။
ထိပ္တန္းသံုးသပ္သူတစ္ေယာက္အျဖစ္ နာမည္ေက်ာ္တဲ့ ကမ္းဘဲလ္က အူဘာမီယန္းရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္း၊ စာခ်ဳပ္တန္ဖိုး၊ အသက္အရြယ္နဲ႔ ယခုႏွစ္ရာသီ စြမ္းေဆာင္ရည္ေတြကို ခ်ိန္ထိုးစဥ္းစားမယ္ဆုိရင္ အဆုိပါ ဂါဘြန္သားကို ေရာင္းထုတ္ဖို႔သင့္ေနျပီဆုိတာကို လူတုိင္းသေဘာေပါက္ၾကလိမ့္မယ္လို႔ ဆိုသြားပါတယ္။

အာဆင္နယ္အသင္းဟာ အသက္ ၃၁ ႏွစ္အရြယ္ အသင္းေခါင္းေဆာင္ အူဘာမီယန္းကို ယခုႏွစ္ရာသီအစတုန္းကမွ တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ နဲ႔ ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိထားတာျဖစ္ျပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုျပီးေနာက္ပိုင္းမွာ အူဘာမီယန္းတစ္ေယာက္ ေျခစြမ္းမတည္ျငိမ္မႈေတြ ပိုမိုျဖစ္ေပၚလာခဲ့သလို ေဝဖန္မႈေတြနဲ႔လည္း ပိုမိုျပီးရင္ဆုိင္ေနရပါတယ္။
ကမ္းဘဲလ္ကေတာ့ အူဘာမီယန္းဟာ လက္ရွိအာတီတာရဲ႕ ကစားကြက္မွာ တေျဖးေျဖး ပုိပို အံေခ်ာ္လာေနသလို အေထာင္တုိက္စစ္ေနရာမွာ လာကာဇက္နဲ႔ ဘယ္ေတာင္ပံေနရာမွာ ပက္ေပတုိ႔ရဲ႕ ေျခစြမ္းထက္လည္း ပိုေကာင္းေအာင္ မကစားႏုိင္ေတာ့ဘူးလို႔ ေထာက္ျပသြားခဲ့သလို အသင္းေခါင္းေဆာင္လက္ပတ္သာမရွိရင္ သူ႔အတြက္ ပြဲထြက္ခြင့္တစ္ေနရာေတာင္ မေသခ်ာႏုိင္ဘူးလို႔ ဆိုသြားခဲ့ပါေသးတယ္။

“တကယ္လုိ႔ အူဘာမီယန္းက အာဆင္နယ္အသင္းအတြက္ အျပည့္အဝ ျပန္မေပးဆပ္ႏုိင္ေတာ့ဘူးဆိုရင္ သူ႔ကို ရတဲ့ေစ်းနဲ႔ ေရာင္းထုတ္လုိက္တာ ပိုေကာင္းပါတယ္။ မဟုတ္ရင္ ေရရွည္မွာ အိုေဇးလ္တုန္းကလိုမ်ိဳး ျပႆနာေတြ ရွင္းရပိုခက္ႏုိင္သလို အသင္းအတြက္ ပိုနစ္နာသြားေစႏုိင္ပါတယ္။ ကၽြန္ေတာ့္ ဆႏၵအရဆိုရင္ သူ႔ကို အသင္းမွာ ဆက္ရွိေနေစခ်င္ပါေသးတယ္။ ဒါေပမယ့္ လက္ရွိ သူ႔ေျခစြမ္းကို မျပင္ႏုိင္ရင္ေတာ့ မျဖစ္ႏုိင္ပါဘူး” လို႔ ကမ္းဘဲလ္က ဆုိသြားပါတယ္။
ေနာက္ဆံုး ၂ ရာသီဆက္တုိက္ တစ္ရာသီကို ပ်မ္းမွ် ဂိုး ၃၀ သြင္းယူေပးခဲ့တဲ့ အူဘာမီယန္းဟာ လက္ရွိရာသီမွာေတာ့ အသင္းအတြက္ ျပိဳင္ပြဲစံုမွာ ၁၅ ဂိုးသာသြင္းယူေပးထားႏုိင္တာ ဂိုးဖန္တီးမႈလည္း ၃ သာ ျပဳလုပ္ထားပါတယ္။
Source: HITC, Stadium Astro