အူဘာမီယန်းကို အထောင်တိုက်စစ်မှာ ထားဖို့ လိုအပ်နေပြီလား

[UNICODE]

အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူး ပီယာရီ-အမ်းမရစ် အူဘာမီယန်းကို အထောင်တိုက်စစ်မှာ ပြန်လည်အသုံးချဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်တယ်လို့ Daily Mail သတင်းဌာနက တိုက်တွန်းရေးသားလိုက်ပါတယ်။

တိုက်စစ်မှူး အူဘာမီယန်းဟာ နည်းပြအာတီတာလက်အောက်မှာ ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ် ပွဲထွက်ကစားနေရပြီး ယမန်နှစ်ရာသီတုန်းက အဆင်ပြေခဲ့ပေမယ့် ယခုရာသီမှာတော့ ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

Mail Sports ရဲ့ ဆောင်းပါးရှင် ဂျိုနသန် စပန်ဆာကတော့ အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအလဲပြုလုပ်မယ်ဆိုရင် ခုချိန်က အသင့်လျော်ဆုံးဖြစ်ပြီး နောက်ကျလေ ထိခိုက်မှုများလေဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ အခွင့်အရေးဖန်တီးနိုင်စွမ်း အားနည်းနေတဲ့အပြင် အထောက်တိုက်စစ်မှာ ကစားခွင့်ရရှိနေတဲ့ အလက်ဇန်းဒါး လာကာဇက်နဲ့ အက်ဒီ နကီတီယာတို့ရဲ့ စွမ်းဆောင်ရည်ကလည်း အားရဖွယ်မရှိဖြစ်နေတာကြောင့် သွင်းဂိုးရယူနိုင်စွမ်း အားနည်းနေတဲ့အသင်းဖြစ်ပါတယ်။

အဓိကတိုက်စစ်မှူး အူဘာမီယန်းအနေနဲ့လည်း ပရီးမီးယားလိဂ်မှာ ၆ ပွဲပါဝင်ကစားထားရာမှာ ၁ ဂိုးသာ သွင်းယူနိုင်သေးတဲ့အထိ ခြေစွမ်းကျဆင်းနေခဲ့တာပါ။ အသင်းဟာလည်း ၆ ပွဲကစားရာမှာ ၃ ပွဲနိုင် ၃ ပွဲ အရေးနိမ့်ထားပြီး ဂိုးရယူနိုင်စွမ်းအားနည်းချက်က အသင်းကို အဓိကဒုက္ခပေးနေတာဖြစ်ပါတယ်။

စပန်ဆာကတော့ အူဘာမီယန်းကို တောင်ပံထုတ်ကစားတာဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ယောက်ရဲ့ အရည်အသွေးတွေကို ဖြုန်းတီးရာရောက်ပြီး ခုချိန်မှာ အထောင်တိုက်စစ်ကို ပြန်လည်နေရာချထားဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လာကာဇက်ရဲ့ စွမ်းဆောင်ရည်ဟာ အာဆင်နယ်လိုအသင်းမျိုးမှာ နေရာရဖို့ မထိုက်တန်ဘူးလို့လည်း စပန်ဆာက ဝေဖန်သွားခဲ့ပါသေးတယ်။

Source: Daily Mail

[ZAWGYI]

အာဆင္နယ္အသင္းအေနနဲ႔ တုိက္စစ္မွဴး ပီယာရီ-အမ္းမရစ္ အူဘာမီယန္းကို အေထာင္တိုက္စစ္မွာ ျပန္လည္အသံုးခ်ဖို႔ မျဖစ္မေနလိုအပ္ေနျပီျဖစ္တယ္လုိ႔ Daily Mail သတင္းဌာနက တုိက္တြန္းေရးသားလိုက္ပါတယ္။

တုိက္စစ္မွဴး အူဘာမီယန္းဟာ နည္းျပအာတီတာလက္ေအာက္မွာ ဘယ္ေတာင္ပံတုိက္စစ္မွဴးအျဖစ္ ပြဲထြက္ကစားေနရျပီး ယမန္ႏွစ္ရာသီတုန္းက အဆင္ေျပခဲ့ေပမယ့္ ယခုရာသီမွာေတာ့ ဂိုးေပါက္ေပ်ာက္ဆံုးမႈနဲ႔ ရင္ဆုိင္ေနရပါတယ္။

Mail Sports ရဲ႕ ေဆာင္းပါးရွင္ ဂ်ိဳနသန္ စပန္ဆာကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ အေျပာင္းအလဲျပဳလုပ္မယ္ဆိုရင္ ခုခ်ိန္က အသင့္ေလ်ာ္ဆံုးျဖစ္ျပီး ေနာက္က်ေလ ထိခုိက္မႈမ်ားေလျဖစ္လိမ့္မယ္လုိ႔ သတိေပးခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိရာသီမွာ အခြင့္အေရးဖန္တီးႏုိင္စြမ္း အားနည္းေနတဲ့အျပင္ အေထာက္တုိက္စစ္မွာ ကစားခြင့္ရရွိေနတဲ့ အလက္ဇန္းဒါး လာကာဇက္နဲ႔ အက္ဒီ နကီတီယာတို႔ရဲ႕ စြမ္းေဆာင္ရည္ကလည္း အားရဖြယ္မရွိျဖစ္ေနတာေၾကာင့္ သြင္းဂိုးရယူႏုိင္စြမ္း အားနည္းေနတဲ့အသင္းျဖစ္ပါတယ္။

အဓိကတုိက္စစ္မွဴး အူဘာမီယန္းအေနနဲ႔လည္း ပရီးမီးယားလိဂ္မွာ ၆ ပြဲပါဝင္ကစားထားရာမွာ ၁ ဂိုးသာ သြင္းယူႏုိင္ေသးတဲ့အထိ ေျခစြမ္းက်ဆင္းေနခဲ့တာပါ။ အသင္းဟာလည္း ၆ ပြဲကစားရာမွာ ၃ ပြဲႏုိင္ ၃ ပြဲ အေရးနိမ့္ထားျပီး ဂိုးရယူႏုိင္စြမ္းအားနည္းခ်က္က အသင္းကို အဓိကဒုကၡေပးေနတာျဖစ္ပါတယ္။

စပန္ဆာကေတာ့ အူဘာမီယန္းကို ေတာင္ပံထုတ္ကစားတာဟာ ကမၻာ့အဆင့္တုိက္စစ္မွဴးတစ္ေယာက္ရဲ႕ အရည္အေသြးေတြကို ျဖဳန္းတီးရာေရာက္ျပီး ခုခ်ိန္မွာ အေထာင္တုိက္စစ္ကို ျပန္လည္ေနရာခ်ထားဖို႔ တုိက္တြန္းေျပာဆိုလုိက္ပါတယ္။ ဒါ့အျပင္ လာကာဇက္ရဲ႕ စြမ္းေဆာင္ရည္ဟာ အာဆင္နယ္လိုအသင္းမ်ိဳးမွာ ေနရာရဖို႔ မထိုက္တန္ဘူးလို႔လည္း စပန္ဆာက ေဝဖန္သြားခဲ့ပါေသးတယ္။

Source: Daily Mail

Leave a Reply