
[UNICODE]
အာဆင်နယ်အသင်းက တိုက်စစ်မှူး ပီယာရီ-အမ်းမရစ် အူဘာမီယန်းအနေနဲ့ ယမန်နှစ်ရာသီတုန်းကလို ခြေစွမ်းမျိုး ပြန်လည်ရရှိဖို့ မလွယ်ကူတော့ဘူးလို့ Sky Sports ရဲ့ သုံးသပ်သူ ဂျေမီ ရက်ဒ်နပ်က Pitch to Post Preview အစီအစဉ်မှာ ပြောဆိုလိုက်ပါတယ်။
အူဘာမီယန်းဟာ ၂၀၁၈-၁၉ ရာသီတုန်းက ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဖြစ်သလို ယမန်နှစ်ရာသီတုန်းကလည်း အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် သွင်းဂိုး ၂၉ ဂိုးအထိသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂါဘွန်သားတိုက်စစ်မှူးဟာ အသက်အရွယ်နဲ့ အထောင်တိုက်စစ်မှာ ကစားခွင့်မရရှိပဲ ဘယ်တောင်ပံမှာ ထွက်ကစားနေရတဲ့အခြေအနေတွေကြောင့် ဂိုးသွင်းနှုန်းကျဆင်းလာနေပါတယ်။ ဒါကြောင့်လည်း ရက်ဒ်နပ်ကတော့ အူဘာမီယန်းအနေနဲ့ ယမန်နှစ်ရာသီတွေတုန်းကလို ခြေစွမ်းမျိုးပြန်ရနိုင်ဖို့ မလွယ်ကူတော့ဘူးလို့ သုံးသပ်လိုက်တာဖြစ်ပါတယ်။
“သူ့အနေနဲ့ ဒီရာသီမှာ မနှစ်ကလို လုပ်ပြနိုင်တော့မယ်မထင်ပါဘူး။ သူ ဒီလောက် မြင့်မြင့်ခုန်နိုင်တော့မယ်လို့ လုံးဝမထင်တော့ပါဘူး။ သူ စာချုပ်သစ်ချုပ်ဆိုပြီးနောက်ပိုင်း အာရုံစူးစိုက်မှု လျော့ကျနေတယ်လို့ မြင်ပါတယ်။ သူ Comfort Zone ထဲရောက်နေပြီလားဆိုတာကိုတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ မနှစ်ကလို ခြေစွမ်းမျိုးပြသနိုင်ဖို့ဆိုရင် ပတ်ဝန်းကျင်အခြေအနေအပြင် သူကိုယ်တိုင်လည်း ပိုပြီး ကြိုးစားဖို့ လိုအပ်နေပါတယ်” လို့ ရက်ဒ်နပ်က ဆိုသွားခဲ့တာပါ။

အူဘာမီယန်းဟာ ယမန်နေ့တုန်းက ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ပင်နယ်တီကနေတဆင့် သွင်းဂိုး ၁ ဂိုးတော့ သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးဟာ သူ့ရဲ့ လက်ရှိရာသီပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲမှာ ၂ ဂိုးမြောက်သွင်းဂိုးပါ။
အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် ၁၁၈ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၇၄ ဂိုးအထိသွင်းယူပေးထားသူဖြစ်ပေမယ့် ယခုရာသီမှာတော့ ပြိုင်ပွဲစုံ ၉ ပွဲကစားထားရာမှာ သွင်းဂိုး ၄ ဂိုးသာသွင်းယူနိုင်ပါသေးတယ်။
Source: HITC, Sky Sport
[ZAWGYI]
အာဆင္နယ္အသင္းက တိုက္စစ္မွဴး ပီယာရီ-အမ္းမရစ္ အူဘာမီယန္းအေနနဲ႔ ယမန္ႏွစ္ရာသီတုန္းကလို ေျခစြမ္းမ်ိဳး ျပန္လည္ရရွိဖုိ႔ မလြယ္ကူေတာ့ဘူးလို႔ Sky Sports ရဲ႕ သံုးသပ္သူ ေဂ်မီ ရက္ဒ္နပ္က Pitch to Post Preview အစီအစဥ္မွာ ေျပာဆိုလုိက္ပါတယ္။
အူဘာမီယန္းဟာ ၂၀၁၈-၁၉ ရာသီတုန္းက ပရီးမီးယားလိဂ္ ဂိုးသြင္းဘုရင္ျဖစ္သလို ယမန္ႏွစ္ရာသီတုန္းကလည္း အာဆင္နယ္အသင္းရဲ႕ ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ သြင္းဂိုး ၂၉ ဂိုးအထိသြင္းယူေပးခဲ့သူျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဂါဘြန္သားတုိက္စစ္မွဴးဟာ အသက္အရြယ္နဲ႔ အေထာင္တုိက္စစ္မွာ ကစားခြင့္မရရွိပဲ ဘယ္ေတာင္ပံမွာ ထြက္ကစားေနရတဲ့အေျခအေနေတြေၾကာင့္ ဂိုးသြင္းႏႈန္းက်ဆင္းလာေနပါတယ္။ ဒါေၾကာင့္လည္း ရက္ဒ္နပ္ကေတာ့ အူဘာမီယန္းအေနနဲ႔ ယမန္ႏွစ္ရာသီေတြတုန္းကလို ေျခစြမ္းမ်ိဳးျပန္ရႏုိင္ဖို႔ မလြယ္ကူေတာ့ဘူးလို႔ သံုးသပ္လိုက္တာျဖစ္ပါတယ္။
“သူ႔အေနနဲ႔ ဒီရာသီမွာ မႏွစ္ကလို လုပ္ျပႏုိင္ေတာ့မယ္မထင္ပါဘူး။ သူ ဒီေလာက္ ျမင့္ျမင့္ခုန္ႏုိင္ေတာ့မယ္လို႔ လံုးဝမထင္ေတာ့ပါဘူး။ သူ စာခ်ဳပ္သစ္ခ်ဳပ္ဆိုျပီးေနာက္ပိုင္း အာရံုစူးစိုက္မႈ ေလ်ာ့က်ေနတယ္လို႔ ျမင္ပါတယ္။ သူ Comfort Zone ထဲေရာက္ေနျပီလားဆိုတာကိုေတာ့ သူကိုယ္တုိင္ပဲ သိပါလိမ့္မယ္။ မႏွစ္ကလို ေျခစြမ္းမ်ိဳးျပသႏုိင္ဖို႔ဆိုရင္ ပတ္ဝန္းက်င္အေျခအေနအျပင္ သူကိုယ္တုိင္လည္း ပိုျပီး ၾကိဳးစားဖို႔ လိုအပ္ေနပါတယ္” လို႔ ရက္ဒ္နပ္က ဆိုသြားခဲ့တာပါ။

အူဘာမီယန္းဟာ ယမန္ေန႔တုန္းက ကစားခဲ့တဲ့ မန္ခ်က္စတာ ယူႏုိက္တက္နဲ႔ပြဲစဥ္မွာ အေကာင္းဆံုးေျခစြမ္းျပသႏုိင္ခဲ့ေပမယ့္ ပင္နယ္တီကေနတဆင့္ သြင္းဂိုး ၁ ဂိုးေတာ့ သြင္းယူႏိုင္ခဲ့ပါတယ္။ အဆုိပါသြင္းဂိုးဟာ သူ႔ရဲ႕ လက္ရွိရာသီပရီးမီးယားလိဂ္ ပြဲစဥ္ ၇ ပြဲမွာ ၂ ဂိုးေျမာက္သြင္းဂိုးပါ။
အူဘာမီယန္းဟာ အာဆင္နယ္အသင္းအတြက္ ၁၁၈ ပြဲပါဝင္ကစားေပးထားျပီး သြင္းဂိုး ၇၄ ဂိုးအထိသြင္းယူေပးထားသူျဖစ္ေပမယ့္ ယခုရာသီမွာေတာ့ ျပိဳင္ပြဲစံု ၉ ပြဲကစားထားရာမွာ သြင္းဂိုး ၄ ဂိုးသာသြင္းယူႏုိင္ပါေသးတယ္။
Source: HITC, Sky Sport