
[UNICODE]
အာဆင်နယ်အသင်းဟာ အသက်အရွယ်ရလာနေပြီဖြစ်တဲ့ အဓိကတိုက်စစ်မှူး အူဘာမီယန်းရဲ့နေရာကို ရေရှည်အစားထိုးဖို့ ဗလင်စီယာအသင်းက တိုက်စစ်မှူး မက်ဆီ ဂိုမက်ဇ်ကို ပစ်မှတ်ထားနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
ဂန်းနားတွေဟာ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးတစ်ဦးလည်းဖြစ်တဲ့ မက်ဆီ ဂိုမက်ဇ်ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ ဝုလ်ဗ်အသင်းကလည်း အဆိုပါကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားမှုပြသနေပါတယ်။

ဘဏ္ဍာရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ လာလီဂါကလပ် ဗလင်စီယာအသင်းဟာ မူလတုန်းက အဆိုပါ ၂၄ နှစ်သားတိုက်စစ်မှူးရဲ့ တန်ကြေးကို စာချုပ်ဖျက်သိမ်း သတ်မှတ်ထားခဲ့ပြီး ပေါင် ၁၂၅ သန်းလို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအရ သင့်လျော်တဲ့ တန်ကြေးတစ်စုံတစ်ရာနဲ့ ကမ်းလှမ်းမှုရှိလာခဲ့ရင်ကို လက်လွှတ်ဖို့ စိတ်ကူးထားတယ်လို့ သတင်းတွေကဆိုပါတယ်။
ဗလင်စီယာအသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဖာရန် တောရက်စ်၊ ရိုဒရီဂီု မိုရီနို၊ ဖရန်စစ် ကိုကွီလင်နဲ့ ဒန်နီ ပါရီဟိုတို့ကို မူလတန်ဖိုးထက် သိသိသာသာနည်းပါးတဲ့ တန်ကြေးမျိုးတွေနဲ့ ရောင်းထုတ်ထားတဲ့အသင်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်းရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့အတွက်ရော၊ လက်တလော အားနည်းနေတဲ့ တိုက်စစ်စုဖွဲ့မှုကို အင်အားတိုးမြှင့်ဖို့အတွက်ပါ ရည်ရွယ်ပြီး ဥရုဂွေးသားကို လာမယ့်ဇန်နဝါရီမှာတင်ခေါ်ယူဖို့ စီစဉ်လာတာဖြစ်ပါတယ်။
မက်ဆီ ဂိုမက်ဇ်ဟာ ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၁၇၅ ပွဲကစားပြီး သွင်းဂိုး ၇၃ ဂိုးသွင်းယူပေးထားသူဖြစ်ပြီး တိုက်စစ်မှူးနေရာသာမက နောက်ချန်တိုက်စစ်မှူးနဲ့ တောင်ပံတွေမှာပါ ပြောင်းရွှေ့ကစားနိုင်သူဖြစ်ပါတယ်။
Source: Mail
[ZAWGYI]
အာဆင္နယ္အသင္းဟာ အသက္အရြယ္ရလာေနျပီျဖစ္တဲ့ အဓိကတုိက္စစ္မွဴး အူဘာမီယန္းရဲ႕ေနရာကို ေရရွည္အစားထိုးဖို႔ ဗလင္စီယာအသင္းက တိုက္စစ္မွဴး မက္ဆီ ဂိုမက္ဇ္ကို ပစ္မွတ္ထားေနတယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။
ဂန္းနားေတြဟာ ဥရုေဂြးလက္ေရြးစင္တုိက္စစ္မွဴးတစ္ဦးလည္းျဖစ္တဲ့ မက္ဆီ ဂိုမက္ဇ္ကို လာမယ့္ ဇန္နဝါရီမွာ ေခၚယူဖုိ႔ စီစဥ္ေနတာျဖစ္ျပီး ပရီးမီးယားလိဂ္ျပိဳင္ဘက္အသင္းတစ္သင္းျဖစ္တဲ့ ဝုလ္ဗ္အသင္းကလည္း အဆုိပါကစားသမားကို ေခၚယူဖုိ႔ စိတ္ဝင္စားမႈျပသေနပါတယ္။

ဘ႑ာေရးအက်ပ္အတည္းနဲ႔ရင္ဆိုင္ေနရတဲ့ လာလီဂါကလပ္ ဗလင္စီယာအသင္းဟာ မူလတုန္းက အဆုိပါ ၂၄ ႏွစ္သားတုိက္စစ္မွဴးရဲ႕ တန္ေၾကးကို စာခ်ဳပ္ဖ်က္သိမ္း သတ္မွတ္ထားခဲ့ျပီး ေပါင္ ၁၂၅ သန္းလို႔ သိရပါတယ္။ ဒါေပမယ့္လည္း လက္ရွိမွာေတာ့ အသင္းရဲ႕ ဘ႑ာေရးအေျခအေနအရ သင့္ေလ်ာ္တဲ့ တန္ေၾကးတစ္စံုတစ္ရာနဲ႔ ကမ္းလွမ္းမႈရွိလာခဲ့ရင္ကို လက္လႊတ္ဖို႔ စိတ္ကူးထားတယ္လုိ႔ သတင္းေတြကဆိုပါတယ္။
ဗလင္စီယာအသင္းဟာ ဘ႑ာေရးအက်ပ္အတည္းေၾကာင့္ အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္ၾကတဲ့ ဖာရန္ ေတာရက္စ္၊ ရိုဒရီဂီု မိုရီႏို၊ ဖရန္စစ္ ကိုကီြလင္နဲ႔ ဒန္နီ ပါရီဟိုတို႔ကို မူလတန္ဖိုးထက္ သိသိသာသာနည္းပါးတဲ့ တန္ေၾကးမ်ိဳးေတြနဲ႔ ေရာင္းထုတ္ထားတဲ့အသင္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းကေတာ့ အသင္းေခါင္းေဆာင္တိုက္စစ္မွဴး အူဘာမီယန္းရဲ႕ ေနရာမွာ ေရရွည္အစားထိုးဖို႔အတြက္ေရာ၊ လက္တေလာ အားနည္းေနတဲ့ တုိက္စစ္စုဖြဲ႕မႈကို အင္အားတိုးျမွင့္ဖို႔အတြက္ပါ ရည္ရြယ္ျပီး ဥရုေဂြးသားကို လာမယ့္ဇန္နဝါရီမွာတင္ေခၚယူဖို႔ စီစဥ္လာတာျဖစ္ပါတယ္။
မက္ဆီ ဂိုမက္ဇ္ဟာ ကစားသမားဘဝတစ္ေလွ်ာက္ ပြဲေပါင္း ၁၇၅ ပြဲကစားျပီး သြင္းဂိုး ၇၃ ဂိုးသြင္းယူေပးထားသူျဖစ္ျပီး တုိက္စစ္မွဴးေနရာသာမက ေနာက္ခ်န္တိုက္စစ္မွဴးနဲ႔ ေတာင္ပံေတြမွာပါ ေျပာင္းေရႊ႕ကစားႏုိင္သူျဖစ္ပါတယ္။
Source: Mail