အူဘာမီယန်းရဲ့ သွင်းဂိုးတွေကို ဆက်မြင်ရတော့မှာလား

[UNICODE]

Open-play ကစားကွက်ကနေတဆင့် သွင်းယူနိုင်ခဲ့တဲ့ အူဘာမီယန်းရဲ့ သွင်းဂိုးဟာ အသင်းခေါင်းဆောင်ကြီးရဲ့ ယုံကြည်မှုကျဆင်းနေမှုကို ပြောင်းလဲပေးနိုင်မှာဖြစ်ပြီး ဂါဘွန်သားရဲ့ သွင်းဂိုးတွေကို ဆက်လက်မြင်တွေ့ရတော့မယ်လို့ ယုံကြည်နေကြောင်း နည်းပြဖြစ်သူ မီခယ် အာတီတာက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၅၂ မိနစ်မှာ အူဘာမီယန်းက ကစားကွက်ကနေတဆင့် သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး နည်းပြအာတီတာကတော့ ဒီသွင်းဂိုးဟာ ဂိုးပေါက်ပျောက်ဆုံးနေမှုကြောင့် စိတ်ဓာတ်ရေးရာ ကျဆင်းနေတဲ့ အူဘာမီယန်းကို အပြောင်းအလဲဖြစ်သွားစေနိုင်သလို သူ့ကြောင့် အသင်းပါ ပြောင်းလဲသွားနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မီဒီယာတွေကလည်း အူဘာမီယန်းရဲ့ မျက်နှာအမူအရာဟာပြောင်းလဲလာခဲ့သလို ယမန်နှစ်ကလောက် မဟုတ်ခဲ့ရင်တောင်မှ ယခုနှစ်ရာသီနဲ့ မတူတဲ့ ကြိုးစားအားထုတ်မှုမျိုးတွေ ပြန်တွေ့လာခဲ့ရတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

အာတီတာကတော့ “ဒီ သွင်းဂိုးက အရာရာကို ပြဇာတ်ဆန်ဆန် ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ သူ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီအချက်က ခုချိန်မှာ တကယ်ကို လိုအပ်နေတဲ့အရာတစ်ခုပါ။ ကျွန်တော်တို့ ရမှတ်တွေ လိုအပ်နေပါတယ်။ နောက်ပြီး သွင်းဂိုးတွေလည်း လိုအပ်နေပါတယ်။ အမြောက်အများလိုအပ်နေတာပါ။ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့လည်း လိုပါသေးတယ်။ သူ့ရဲ့သွင်းဂိုးက ဒါတွေအားလုံးရဲ့ အစဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ခုဆို သူ့ဆီမှာ ဖိစီးမှုတွေကို မမြင်ရတော့ပါဘူး။ ဖိအားတွေကို သူ လျှော့ချနိုင်လိုက်တယ်လို့ ထင်ပါတယ်” လို့ အာတီတာကဆိုသွားခဲ့ပါတယ်။

အာတီတာအပြင် ပရီးမီးယားလိဂ် ဂန္တဝင်ဟောင်း ဂယ်ရီ လိုင်နီကာကလည်း အူဘာမီယန်းရဲ့ သွင်းဂိုးတွေကို ဆက်လက်ပြီး မြင်တွေ့ရတော့မယ်လို့ မှတ်ချက်ပြုသွားခဲ့ပါသေးတယ် “တိုက်စစ်မှူးတိုင်း အခိုက်အတန့်အားဖြင့်တော့ ဂိုးပေါက်ပျောက်ဖူးကြတာချည်းပါပဲ။ ဒီအချက်က သူတို့အပေါ် ကြီးကြီးမားမား မသက်ရောက်နိုင်ပါဘူး။ အူဘာက အကောင်းဆုံးတစ်ယောက်ပါ။ သူ့ရဲ့ သွင်းဂိုးတွေကို ဆက်တိုက် ပြန်မြင်ရတော့မှာပါ” လို့ လိုင်နီကာက ဆိုသွားပါတယ်။

အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်လည်းဖြစ် ခေါင်းဆောင်ည်းဖြစ်တဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃ ဂိုးသာ သွင်းယူထားနိုင်သေးပြီး ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းကလည်း ၅ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့သူဖြစ်ပါတယ်။

Source: Arsenal

[ZAWGYI]

Open-play ကစားကြက္ကေနတဆင့္ သြင္းယူႏုိင္ခဲ့တဲ့ အူဘာမီယန္းရဲ႕ သြင္းဂိုးဟာ အသင္းေခါင္းေဆာင္ၾကီးရဲ႕ ယံုၾကည္မႈက်ဆင္းေနမႈကို ေျပာင္းလဲေပးႏုိင္မွာျဖစ္ျပီး ဂါဘြန္သားရဲ႕ သြင္းဂိုးေတြကို ဆက္လက္ျမင္ေတြ႕ရေတာ့မယ္လို႔ ယံုၾကည္ေနေၾကာင္း နည္းျပျဖစ္သူ မီခယ္ အာတီတာက ေျပာဆိုလိုက္ပါတယ္။

ဒီကေန႔မနက္ပိုင္းမွာကစားခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၅၂ မိနစ္မွာ အူဘာမီယန္းက ကစားကြက္ကေနတဆင့္ သြင္းဂိုး ၁ ဂိုး သြင္းယူႏုိင္ခဲ့ျပီး နည္းျပအာတီတာကေတာ့ ဒီသြင္းဂိုးဟာ ဂိုးေပါက္ေပ်ာက္ဆံုးေနမႈေၾကာင့္ စိတ္ဓာတ္ေရးရာ က်ဆင္းေနတဲ့ အူဘာမီယန္းကို အေျပာင္းအလဲျဖစ္သြားေစႏုိင္သလို သူ႔ေၾကာင့္ အသင္းပါ ေျပာင္းလဲသြားႏုိင္တယ္လုိ႔ ေျပာဆိုလုိက္ပါတယ္။

မီဒီယာေတြကလည္း အူဘာမီယန္းရဲ႕ မ်က္ႏွာအမူအရာဟာေျပာင္းလဲလာခဲ့သလို ယမန္ႏွစ္ကေလာက္ မဟုတ္ခဲ့ရင္ေတာင္မွ ယခုႏွစ္ရာသီနဲ႔ မတူတဲ့ ၾကိဳးစားအားထုတ္မႈမ်ိဳးေတြ ျပန္ေတြ႕လာခဲ့ရတယ္လုိ႔ ေဖာ္ျပခဲ့ၾကပါတယ္။

အာတီတာကေတာ့ “ဒီ သြင္းဂိုးက အရာရာကို ျပဇာတ္ဆန္ဆန္ ေျပာင္းလဲေပးႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားပါတယ္။ သူ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒီအခ်က္က ခုခ်ိန္မွာ တကယ္ကို လိုအပ္ေနတဲ့အရာတစ္ခုပါ။ ကၽြန္ေတာ္တို႔ ရမွတ္ေတြ လိုအပ္ေနပါတယ္။ ေနာက္ျပီး သြင္းဂိုးေတြလည္း လိုအပ္ေနပါတယ္။ အေျမာက္အမ်ားလိုအပ္ေနတာပါ။ အခြင့္အေရးေတြ ဖန္တီးႏုိင္ဖို႔လည္း လိုပါေသးတယ္။ သူ႔ရဲ႕သြင္းဂိုးက ဒါေတြအားလံုးရဲ႕ အစျဖစ္လာမယ္လို႔ ယံုၾကည္ပါတယ္။ ခုဆို သူ႔ဆီမွာ ဖိစီးမႈေတြကို မျမင္ရေတာ့ပါဘူး။ ဖိအားေတြကို သူ ေလွ်ာ့ခ်ႏုိင္လိုက္တယ္လုိ႔ ထင္ပါတယ္” လို႔ အာတီတာကဆိုသြားခဲ့ပါတယ္။

အာတီတာအျပင္ ပရီးမီးယားလိဂ္ ဂႏၱဝင္ေဟာင္း ဂယ္ရီ လိုင္နီကာကလည္း အူဘာမီယန္းရဲ႕ သြင္းဂိုးေတြကို ဆက္လက္ျပီး ျမင္ေတြ႕ရေတာ့မယ္လို႔ မွတ္ခ်က္ျပဳသြားခဲ့ပါေသးတယ္ “တုိက္စစ္မွဴးတုိင္း အခိုက္အတန္႔အားျဖင့္ေတာ့ ဂိုးေပါက္ေပ်ာက္ဖူးၾကတာခ်ည္းပါပဲ။ ဒီအခ်က္က သူတို႔အေပၚ ၾကီးၾကီးမားမား မသက္ေရာက္ႏုိင္ပါဘူး။ အူဘာက အေကာင္းဆံုးတစ္ေယာက္ပါ။ သူ႔ရဲ႕ သြင္းဂိုးေတြကို ဆက္တိုက္ ျပန္ျမင္ရေတာ့မွာပါ” လို႔ လိုင္နီကာက ဆိုသြားပါတယ္။

အသင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္လည္းျဖစ္ ေခါင္းေဆာင္ည္းျဖစ္တဲ့ တုိက္စစ္မွဴး အူဘာမီယန္းဟာ လက္ရွိရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၃ ဂိုးသာ သြင္းယူထားႏုိင္ေသးျပီး ျပီးခဲ့တဲ့ပြဲစဥ္ေတြတုန္းကလည္း ၅ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ဆံုးေနခဲ့သူျဖစ္ပါတယ္။

Source: Arsenal

Leave a Reply