အူဘာမီယန်း ခြေစွမ်းကျဆင်းလာရတဲ့ အကြောင်းအရင်းကို တူချယ် ထောက်ပြ

[UNICODE]

ဒီကနေ့ညမှာ အာဆင်နယ်အသင်းနဲ့ရင်ဆိုင်ကစားမယ့် ချယ်လ်ဆီးအသင်းက နည်းပြဖြစ်သူ သောမတ် တူချယ်က သူ့ရဲ့တပည့်ဟောင်း အူဘာမီယန်းတစ်ယောက် အာဆင်နယ်အသင်းမှာ ခြေစွမ်းကျဆင်းလာနေရတဲ့ အကြောင်းအရင်းကို သုံးသပ်ပြောဆိုလိုက်ပါတယ်။

နောက်ဆုံးနှစ်ရာသီဆက်တိုက် အသင်းအတွက် ပျမ်းမျှ ဂိုး ၃၀ စီသွင်းယူပေးနိုင်ခဲ့သလို ဆုဖလားအောင်မြင်မှု ၂ ကြိမ်ရယူနိုင်အောင်လည်း ကူညီပေးနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ လက်ရှိရာသီမှာ ခြေစွမ်းကျဆင်းနေပြီး ဂိုးသွင်းနှုန်းလည်း လျော့ကျလာနေတာကြောင့် ဝေဖန်ခံနေရသူပါ။

တူချယ်ကတော့ အူဘာမီယန်းဟာ ထိပ်တန်းအဆုံးသတ်သမားတစ်ဦးဖြစ်ပြီး အောင်ပွဲကိုဆာလောင်တဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်နေဆဲလို့ဆိုခဲ့ပေမယ့် သူတစ်ယောက်တည်းအစွမ်းနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

“သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ နိုင်ပွဲကိုဆာလောင်မှုက လျှော့နည်းသွားလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး အရာရာတိုင်းကို သူတစ်ယောက်တည်း စွမ်းဆောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ အကောင်းဆုံးအချိန်ကိုရောက်နေရင်တောင်မှ အသင်းဖော်တွေရဲ့ ဝိုင်းဝန်းပံ့ပိုးနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်း ရုံးကန်ပေးနေရတယ်ဆိုရင် ကြာလာရင် သူပင်ပန်းလာမှာပါ” လို့ တူချယ်က ထောက်ပြသွားပါတယ်။

ဒါ့အပြင် “သူက ပိုပြီး နုပျိုလာမှာမဟုတ်ဘူးလေ။ ဒါက အဓိက ပြဿနာပါပဲ။ ဒေါ့မွန်မှာတုန်းကဆိုရင် အပျော်ရွှင်ရဆုံးကိစ္စက သူ့ကို ပိုင်ဆိုင်ထားရတယ်ဆိုတဲ့ အချက်ပါ။ သူက အကောင်းဆုံးတိုက်စစ်မှူး၊ အကောင်းဆုံး အဆုံးသတ်သမား တစ်ယောက်ပါ” လို့ တူချယ်က ပြောပြသွားပါတယ်။

ဒါ့အပြင် ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၂၈၁ ဂိုးအထိ သွင်းယူထားနိုင်တဲ့ အူဘာမီယန်းအနေနဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ ဆုဖလား အနည်းငယ်ကိုသာ ကိုင်မြှောက်ခွင့်ရခဲ့ပေမယ့် ဒီအချက်က သူ့ရဲ့ ကစားသမားဘဝကို မှေးမှိန်စေမှာမဟုတ်ဘူးလို့လည်း တူချယ်က ဆိုသွားခဲ့ပါတယ်။

Source: Goal, Independent, Mail

[ZAWGYI]

ဒီကေန႔ညမွာ အာဆင္နယ္အသင္းနဲ႔ရင္ဆုိင္ကစားမယ့္ ခ်ယ္လ္ဆီးအသင္းက နည္းျပျဖစ္သူ ေသာမတ္ တူခ်ယ္က သူ႔ရဲ႕တပည့္ေဟာင္း အူဘာမီယန္းတစ္ေယာက္ အာဆင္နယ္အသင္းမွာ ေျခစြမ္းက်ဆင္းလာေနရတဲ့ အေၾကာင္းအရင္းကို သံုးသပ္ေျပာဆိုလုိက္ပါတယ္။

ေနာက္ဆံုးႏွစ္ရာသီဆက္တုိက္ အသင္းအတြက္ ပ်မ္းမွ် ဂိုး ၃၀ စီသြင္းယူေပးႏုိင္ခဲ့သလို ဆုဖလားေအာင္ျမင္မႈ ၂ ၾကိမ္ရယူႏုိင္ေအာင္လည္း ကူညီေပးႏုိင္ခဲ့တဲ့ အူဘာမီယန္းဟာ လက္ရွိရာသီမွာ ေျခစြမ္းက်ဆင္းေနျပီး ဂိုးသြင္းႏႈန္းလည္း ေလ်ာ့က်လာေနတာေၾကာင့္ ေဝဖန္ခံေနရသူပါ။

တူခ်ယ္ကေတာ့ အူဘာမီယန္းဟာ ထိပ္တန္းအဆံုးသတ္သမားတစ္ဦးျဖစ္ျပီး ေအာင္ပြဲကိုဆာေလာင္တဲ့ တုိက္စစ္မွဴးတစ္ေယာက္ျဖစ္ေနဆဲလို႔ဆိုခဲ့ေပမယ့္ သူတစ္ေယာက္တည္းအစြမ္းနဲ႔ေတာ့ ဘာမွျဖစ္လာမွာ မဟုတ္ဘူးလို႔ ေထာက္ျပေျပာဆိုသြားခဲ့ပါတယ္။

“သူ႔ရဲ႕ စိတ္ဓာတ္ၾကံ့ခိုင္မႈနဲ႔ ႏုိင္ပြဲကိုဆာေလာင္မႈက ေလွ်ာ့နည္းသြားလိမ့္မယ္လုိ႔ ကၽြန္ေတာ္ မထင္ပါဘူး အရာရာတုိင္းကို သူတစ္ေယာက္တည္း စြမ္းေဆာင္ဖို႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။ သူ႔ရဲ႕ အေကာင္းဆံုးအခ်ိန္ကိုေရာက္ေနရင္ေတာင္မွ အသင္းေဖာ္ေတြရဲ႕ ဝိုင္းဝန္းပံ့ပိုးႏုိင္ဖို႔ လိုအပ္ပါတယ္။ တစ္ေယာက္တည္း ရံုးကန္ေပးေနရတယ္ဆိုရင္ ၾကာလာရင္ သူပင္ပန္းလာမွာပါ” လို႔ တူခ်ယ္က ေထာက္ျပသြားပါတယ္။

ဒါ့အျပင္ “သူက ပိုျပီး ႏုပ်ိဳလာမွာမဟုတ္ဘူးေလ။ ဒါက အဓိက ျပႆနာပါပဲ။ ေဒါ့မြန္မွာတုန္းကဆိုရင္ အေပ်ာ္ရႊင္ရဆံုးကိစၥက သူ႔ကို ပိုင္ဆုိင္ထားရတယ္ဆိုတဲ့ အခ်က္ပါ။ သူက အေကာင္းဆံုးတုိက္စစ္မွဴး၊ အေကာင္းဆံုး အဆံုးသတ္သမား တစ္ေယာက္ပါ” လို႔ တူခ်ယ္က ေျပာျပသြားပါတယ္။

ဒါ့အျပင္ ကစားသမားဘဝတစ္ေလွ်ာက္ သြင္းဂိုး ၂၈၁ ဂိုးအထိ သြင္းယူထားႏုိင္တဲ့ အူဘာမီယန္းအေနနဲ႔ ကစားသမားဘဝတစ္ေလွ်ာက္လံုးမွာ ဆုဖလား အနည္းငယ္ကိုသာ ကိုင္ေျမွာက္ခြင့္ရခဲ့ေပမယ့္ ဒီအခ်က္က သူ႔ရဲ႕ ကစားသမားဘဝကို ေမွးမွိန္ေစမွာမဟုတ္ဘူးလို႔လည္း တူခ်ယ္က ဆိုသြားခဲ့ပါတယ္။

Source: Goal, Independent, Mail

Leave a Reply