ဦးနှောက်သုံးပြီးကစားကြဖို့ အသင်းဖော်တွေကို အူဘာမီယန်းတိုက်တွန်း

[UNICODE]

အသင်းခေါင်းဆောင် တိုက်စစ်မှူး ပီယာရီ-အမ်းမရစ် အူဘာမီယန်းက ပြိုင်ဘက်တွေကို ရင်ဆိုင်ရာမှာ ပိုပြီး ဉာဏ်ရှိရှိရင်ဆိုင်ကစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ အနီကတ် ၃ ကတ်အထိ ပြသခြင်းခံခဲ့ရပြီး အဆိုပါ ၃ ကြိမ်မှာ ၂ ကြိမ်က ပြိုင်ဘက်ကို ရန်ပြုတာကြောင့် တိုက်ရိုက်ထုတ်ပါယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း အသင်းခေါင်းဆောင်ဖြစ်သူ အူဘာမီယန်းက အသင်းဖော်တွေကို စည်းကမ်းရှိရှိကစားကြဖို့နဲ့ ဉာဏ်ကိုလွှာသုံးကြဖို့ တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

“ခုချိန်မှာ ရမှတ်တွေစုဆောင်းနိုင်ဖို့ စိတ်လှုပ်ရှားနေကြပါတယ်။ နည်းနည်း စိုးထိတ်မှုရှိတယ်လို့ပဲ ဝန်ခံရမှာပါ။ ဒါကမကောင်းပေမယ့် အမှတ်တွေ လိုအပ်လာချိန်မှာတော့ လူတိုင်း ခံစားကြရမှာပါပဲ။ ဒီအခြေအနေကို ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို့ လိုအပ်နေပါတယ်” လို့ အူဘာမီယန်းကဆိုခဲ့ပါတယ်။

“တစ်ခါတစ်လေကျရင် ကျွန်တော်တို့ ရူးမိုက်တာတွေ လုပ်မိတတ်ကြပါတယ်။ ဒါကို နားလည်နိုင်ပါတယ်။ ခုချိန်မှာတော့ ခေါင်းအေးအေးထားပြီး ပြိုင်ဘက်ကို ဉာဏ်ရှိရှိ ရင်ဆိုင်ဖို့ လိုအပ်နေပါပြီ။ ၁၁ ယောက်ချင်းရင်ဆိုင်ဖို့ပေါ့။ စိတ်ပျက်စရာအမှန်တရားက တချို့ပွဲစဉ်တွေမှာ ကျွန်တော်တို့ နိုင်ခဲ့သင့်တာပါ။ အနီကတ်တွေဟာ ကျွန်တော်တို့ အမှတ်စုဆောင်းဖို့ ကြိုးပမ်းနေမှုတွေကို ပိုမိုခက်ခဲသွားစေတာပါတယ်” လို့လည်း သူကဆိုသွားခဲ့တာပါ။

အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ ပွဲစဉ် ၁၃ ပွဲကစားထားပြီးချိန်မှာ ကစားသမား ၃ ဦးအထိ အနီကတ်ပြသခံထားရပြီး အဝါကတ် ၁၉ ကတ်နဲ့ ပြစ်ဒါဏ်ကျူးလွန်မှု ၆၄ ကြိမ်အထိ ရှိထားပါတယ်။

Source: Express

[ZAWGYI]

အသင္းေခါင္းေဆာင္ တုိက္စစ္မွဴး ပီယာရီ-အမ္းမရစ္ အူဘာမီယန္းက ျပိဳင္ဘက္ေတြကို ရင္ဆုိင္ရာမွာ ပိုျပီး ဥာဏ္ရွိရွိရင္ဆုိင္ကစားၾကဖို႔ အသင္းေဖာ္ေတြကို တုိက္တြန္းေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ ပြဲမွာ အနီကတ္ ၃ ကတ္အထိ ျပသျခင္းခံခဲ့ရျပီး အဆုိပါ ၃ ၾကိမ္မွာ ၂ ၾကိမ္က ျပိဳင္ဘက္ကို ရန္ျပဳတာေၾကာင့္ တုိက္ရိုက္ထုတ္ပါယ္ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အသင္းေခါင္းေဆာင္ျဖစ္သူ အူဘာမီယန္းက အသင္းေဖာ္ေတြကို စည္းကမ္းရွိရွိကစားၾကဖို႔နဲ႔ ဥာဏ္ကိုလႊာသံုးၾကဖို႔ တိုက္တြန္းေျပာဆိုလုိက္တာျဖစ္ပါတယ္။

“ခုခ်ိန္မွာ ရမွတ္ေတြစုေဆာင္းႏိုင္ဖို႔ စိတ္လႈပ္ရွားေနၾကပါတယ္။ နည္းနည္း စိုးထိတ္မႈရွိတယ္လို႔ပဲ ဝန္ခံရမွာပါ။ ဒါကမေကာင္းေပမယ့္ အမွတ္ေတြ လိုအပ္လာခ်ိန္မွာေတာ့ လူတုိင္း ခံစားၾကရမွာပါပဲ။ ဒီအေျခအေနကို ေခါင္းေအးေအးထားျပီး တည္တည္ျငိမ္ျငိမ္ ရင္ဆုိင္ႏုိင္ဖို႔ လိုအပ္ေနပါတယ္” လို႔ အူဘာမီယန္းကဆိုခဲ့ပါတယ္။

“တစ္ခါတစ္ေလက်ရင္ ကၽြန္ေတာ္တို႔ ရူးမိုက္တာေတြ လုပ္မိတတ္ၾကပါတယ္။ ဒါကို နားလည္ႏုိင္ပါတယ္။ ခုခ်ိန္မွာေတာ့ ေခါင္းေအးေအးထားျပီး ျပိဳင္ဘက္ကို ဥာဏ္ရွိရွိ ရင္ဆုိင္ဖို႔ လိုအပ္ေနပါျပီ။ ၁၁ ေယာက္ခ်င္းရင္ဆုိင္ဖို႔ေပါ့။ စိတ္ပ်က္စရာအမွန္တရားက တခ်ိဳ႕ပြဲစဥ္ေတြမွာ ကၽြန္ေတာ္တို႔ ႏုိင္ခဲ့သင့္တာပါ။ အနီကတ္ေတြဟာ ကၽြန္ေတာ္တို႔ အမွတ္စုေဆာင္းဖို႔ ၾကိဳးပမ္းေနမႈေတြကို ပိုမိုခက္ခဲသြားေစတာပါတယ္” လို႔လည္း သူကဆိုသြားခဲ့တာပါ။

အာဆင္နယ္အသင္းဟာ လက္ရွိရာသီမွာ ပြဲစဥ္ ၁၃ ပြဲကစားထားျပီးခ်ိန္မွာ ကစားသမား ၃ ဦးအထိ အနီကတ္ျပသခံထားရျပီး အဝါကတ္ ၁၉ ကတ္နဲ႔ ျပစ္ဒါဏ္က်ဴးလြန္မႈ ၆၄ ၾကိမ္အထိ ရွိထားပါတယ္။

Source: Express

Leave a Reply