(၁၀-၉-၂၀၂၃) နံနက်ခင်း အာဆင်နယ် သတင်းတိုများ

၁။ အာဆင်နယ် အမျိုးသမီးအသင်းဟာ Paris FC အသင်းကို အရေးနိမ့်ပြီး အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ဂွန်နာရက်တီတွေဟာ ပွဲချိန်အတွင်း ၃-၃ သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရာမှာ ၂-၄ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ပထမအဆင့် ရှုံးထွက်ပွဲစဉ်တွေကနေတင်ပဲ ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရတာပါ။ ဂွန်နာရက်တီတွေဟာ ယမန်နှစ်တုန်းက ၎င်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သလို ၂၀၀၆ ခုနှစ်တုန်းက ချန်ပီယံဆု ရခဲ့ဖူးပါတယ်။

။ talkSPORT ရဲ့ သုံးသပ်သူတစ်ယောက်ဖြစ်သလို အာဆင်နယ် ဂန္တဝင်တစ်ယောက်လည်းဖြစ်တဲ့ ရေး ပါလာကတော့ အသင်းကနေ ရော့ဘ်ဟိုးဒင်းတစ်ယောက် ထွက်ခွာသွားတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ပြောဆိုသွားပါတယ်။ ရော့ဘ် ဟိုးလ်ဒင်းဟာ လူကောင်းတစ်ယောက်ဖြစ်သလို အဝတ်လဲခန်းကို ဦးဆောင်နိုင်စွမ်းရှိသူတစ်ဦးလည်းဖြစ်တယ်လို့ သူကဆိုသွားခဲ့ပါတယ်။

၃။ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဂျေ ဘို့သ်ရွိုက်ကတော့ အာဆင်နယ်အသင်းအနေနဲ့ ဘယ်တောင်ပံတိုက်စစ်နေရာမှာ မာတီနယ်လီကို ချန်လှပ်ပြီး ဂျီဇူးကို ပြောင်းရွှေ့ကစားခိုင်းသင့်တယ်လို့ မှတ်ချက်ပြုသွားပါတယ်။ အာဆင်နယ်ကစားသမားဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဘို့ဒ်ရွိုက်က တောင်ပံတိုက်စစ်မှာ ဂျီဇူး နဲ့ ဆာကာတို့ကို တွဲဖက်ပွဲထုတ်ပြီး လာမယ့်ဇန်နဝါရီမှာ ဒေါင်ဒေါင်မြည် No.9 တစ်ဦးထပ်မံအားဖြည့်လိုက်မယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဟန်ချက်ကို ပိုပြီးမျှတသွားလိမ့်မယ်လို့ ယူဆကြောင်း Sky Sports’ Saturday Social အစီအစဉ်မှာ ပြောသွားခဲ့တာပါ။

၄။ အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကို ကာလရှည်စာချုပ်သက်တမ်းတိုးမြှင့်ဖို့အတွက် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေကြောင်း ဖာဘရီဇီယို ရိုမာနိုက ပြောဆိုလာပါတယ်။ အိုဒီဂတ်ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၅ ခုနှစ်မှ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အာဆင်နယ်အသင်းဘက်ကတော့ အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ အဆိုပါနော်ဝေသားကို ၂၀၂၇ ခုနှစ်ဝန်းကျင်အထိ စာချုပ်သက်တမ်းတိုးမြှင့်ချင်နေတာဖြစ်ပါတယ်။ လက်တလောမှာလည်း PSG အပါအဝင် ဥရောပထိပ်တန်းအသင်းကြီးတွေဟာ အဆိုပါကြယ်ပွင့်ရဲ့ အနေအထားကို မျက်ခြေမပျက် စောင့်ကြည့်နေကြပါတယ်။

၅။ တောင်ပံကြယ်ပွင့် ဘူကာယို ဆာကာကတော့ ကွင်းလယ်လူသစ် ဒက်ကလန် ရိုက်စ်ဟာ သူ့ထက်ပိုပြီး ခြေစွမ်းထက်မြက်ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးမွမ်းစကားဆိုသွားခဲ့ပါတယ်။ ရိုက်စ်ဟာ အသင်းကို အသင်းကို မရောက်ခင်ကတည်းက သူ့ထက်ပိုပြီး ခြေစွမ်းတည်ငြိမ်ထက်မြက်နေပြီးသား ကစားသမားဖြစ်ကြောင်း ဆာကက BBC Sports ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

၆။ ဂန္တဝင်ဟောင်း ရေး ပါလာက တောင်ပံကြယ်ပွင့် ဘူကာယို ဆာကာဟာ ပရော်ဖက်ရှင်နယ် အဆန်ဆုံး ဘောလုံးကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးမွမ်းစကားဆိုလိုက်ပါတယ်။ ပါလာကတော့ ဆာကာဟာ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားအားထုတ်မှု မလျှော့သလို၊ ကွင်းတွင်းခြေစွမ်းကောင်းမွန်ပြီး ဒါဏ်ရာလည်း ကင်းစင်စေဖို့ ဟန်ချက်မျှတစွာနဲ့ ကစားနိုင်ခြင်းဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ စိတ်နေစိတ်ထားကြောင့် လုပ်ဆောင်နိုင်တာသာဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

Leave a Reply