(၁၅-၉-၂၀၂၃) မနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ အာဆင်နယ်အသင်းဟာ ခြေဖနောင့်ဒါဏ်ရာရှိနေလျက်နဲ့ အင်္ဂလန်အသင်းအတွက် ကစားပေးခဲ့တဲ့ တောင်ပံကစားသမား ဘူကာယို ဆာကာရဲ့ ဒါဏ်ရာအခြေအနေအပေါ် စိုးရိမ်မှုရှိနေပြီး အဲဗာတန်နဲ့ပွဲစဉ်မှာ ၎င်းကစားသမားကို အနားပေးဖွယ်ရှိနေတယ်လို့ Football London က ဖော်ပြသွားပါတယ်။ နည်းပြ အာတီတာအနေနဲ့ ဆာကာကိုသာ အနားပေးခဲ့မယ်ဆိုရင် လီအန်ဒရို ထရော့ဆက်ကို အခွင့်အရေးပေးဖို့ စီစဉ်ထားကြောင်းလည်း သတင်းမှာဖော်ပြထားပါတယ်။

၂။ နည်းပြ မီခယ် အာတီတာဟာ လာမယ့်အဲဗာတန်နဲ့ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းရဲ့ လူစာရင်းထံကို လူငယ်အသင်းက ၁၉ နှစ်သား ဗဟိုခံစစ်မှူး ဇိန်း မွန်လူးဝစ်ကို ခေါ်ယူအားဖြည့်လိုက်ပါတယ်။ ၎င်းကစားသမားဟာ လက်တလောမှာ ပထမအသင်းကစားသမားတွေနဲ့ ပူးတွဲလေ့ကျင့်ခွင့်ရနေပြီး အဆိုပါပွဲစဉ်ရဲ့ အရံလူစာရင်းမှာ ပါဝင်လာနိုင်ခြေရှိနေပါတယ်။

၃။ အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်း ဗဟိုခံစစ်မှူး ဒီယွန်မန်ဒီကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်ဆိုတာမှန်ပေမယ့် ၎င်းကစားသမားတစ်ဦးတည်းကို မျက်စိကျနေတာမဟုတ်ပဲ တခြားသော ခံစစ်ပစ်မှတ်တစ်ချို့ကိုလည်း ချဉ်းကပ်မှုတွေ ပြုလုပ်နေတယ်လို့ ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ပြောဆိုသွားပါတယ်။

၄။ နည်းပြ မီခယ် အာတီတာနဲ့ ကွင်းလယ်လူ သောမတ် ပါတေးတို့အကြားမှာ သီးသန့် သဘောတူညီချက် ရှိထားပြီး အဆိုပါ သဘောတူညီချက်အရ ပါတေးကို အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီမှာ အသင်းကနေထွက်ခွာခွင့်ပြုပေးရမှာဖြစ်တယ်လို့ ကောလဟာလတွေ ထွက်ပေါ်လာပါတယ်။ Metro နဲ့ Football Transfers တို့ရဲ့ ဖော်ပြချက်တွေအရ အဆိုပါသဘောတူညီချက်ဟာ အမှန်တကယ်ရှိနေတာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိနေသေးတဲ့ ၎င်းကစားသမားအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေး ပြန်လည်ရရှိစေဖို့ ခုလိုမျိုး ဆုံးဖြတ်ထားတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

၅။ အာဆင်နယ်အသင်းအနေနဲ့ ခရစ္စတယ်ပဲလေ့စ် ဗဟိုခံစစ်မှူး မာ့ခ် ဂွီဟီကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ အထိ တောင်းဆိုခံရနိုင်တယ်လို့ ဗြိတိန်သတင်းစာတစ်ချို့က ဖော်ပြသွားပါတယ်။ ဒါဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး လက်လွှတ်ရတော့မယ့် အာဆင်နယ်အသင်းအနေနဲ့ အာဆင်နယ်အသင်းအနေနဲ့ ဂွီဟီကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်တဲ့ အခွင့်အလမ်းရှိနေကြောင်းလည်း သတင်းတွေထွက်ပေါ်နေပါတယ်။

၆။ အာဆင်နယ်အသင်းရဲ့ အမှုဆောင်အရာရှိဖြစ်သူ ဗီနိုင်း ဗန်ကက်တီရှန်ဟာ လာမယ့်ရာသီကုန်ချိန်မှာ အသင်းနဲ့လမ်းခွဲတော့မှာဖြစ်တယ်လို့ အာဆင်နယ်အသင်းဘက်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဗီနိုင်းဟာ အိုင်ဗန် ဂါဇီဒစ်အသင်းကနေ ထွက်ခွာသွားချိန်မှာ အသင်းကို ဦးဆောင်ခဲ့သူဖြစ်ပြီး လက်ရှိအသင်းရဲ့ အရွေ့တွေမှာ အရေးပါခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အသင်းမှာ ၁၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗီနိုင်းဟာ လက်ရှိ ဗြိတိန်အိုလံပစ်ကော်မတီရဲ့ ဒါရိုက်တာရာထူးရယူထားသလို UEFA ပြိုင်ပွဲများကော်မတီနဲ့  European Club Association တို့ရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

Leave a Reply