
၇ ရက်သား/ သမီးများအတွက် ၂၉.၁၁.၂၀၂၁ မှ ၅.၁၂.၂၀၂၁ ရက်နေ့အထိ တစ်ပတ်စာဟောစာတမ်းအားတင်ပေးလိုက်ပါတယ်။ ၇ ရက်သားသမီးအပေါင်းစိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ
တနင်္ဂနွေ သားသမီးများအတွက်
လုပ်ငန်းတစ်ခု လုပ်ကိုင်ရကိန်းရှိသည်။ တနယ်တကြေးသို့
သွားရောက်လုပ်ကိုင်ရသော လုပ်ငန်းဖြစ်တတ်သည်။ လုပ်ငန်းထဲတွင်လည်းကောင်း
မိမိပတ်ဝန်းကျင်တွင်လည်းကောင်း မိမိအားမကောင်းကြံသူများ ရှိနေတတ်သည်။
လုပ်ငန်းလုပ်ကိုင်နေသူများ သတိထားပါ အပြိုင်အဆိုင်အတိုက်အခံ
အလွန်များသောကာလဖြစ်သည်။ ရန်စကားများပြောရတတ်သည်။
စပ်တူရှယ်ရာလုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။
သူတစ်ပါးအတွက် အကူအညီပေးလိုက်ရခြင်းကြောင့် ငွေကြေးများကုန်ဆုံးသွားတတ်သည်။
မကြာမီကာလအတွင်း စီးပွားတက်ခြင်းကြုံမည်။ စီးပွားရေးလုပ်ငန်း လုပ်မည်ဆိုပါက
စနေနာမ်၊ တနင်္ဂနွေနာမ် လုပ်ငန်းများအကျိုးပေးသည်။ အထည်၊ ထီး၊ ဖိနပ်နာရီ
ရောင်းဝယ်ရေးလုပ်ငန်းများ၊ ဥယျာဉ်ခြံမြေလုပ်ငန်း၊ အုတ်လုပ်ငန်းများ အကျိုးပေးသည်။
စာချုပ်စာတမ်း စာရွက်စာတမ်းနှင့် ပတ်သက်သောကိစ္စများ
သတိထားပါ။ သောကနှင့်ယှဉ်သော ခရီးများသွားရတတ်သည်။ အဆင်မပြေနိုင်ပါ
လမ်းခရီးတွင် အချိန်ကြံ့ကြာခြင်းများ ကြုံတွေ့ရတတ်သည်။ ကျန်းမာရေး။ ။ ကျန်းမာရေး အညံ့ကြုံမည် ခြေထောက်ထိခိုက်ဒဏ်ရာရခြင်း၊ကျောအောင့်ရင်အောင့်ဖြစ်ခြင်း၊ ဖြစ်တတ်ပါတယ် ။
အချစ်ရေး ချစ်သူရည်းစားများ မိမိချစ်သူနှင့် မကြာခဏ စကားများရမည့်ကာလဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများ၊ နားလည်မှုလွဲမှားမှုများကြောင့် လမ်းခွဲရကိန်းရှိသည်။
အိမ်ထောင်ရေး အရှုပ်အရှင်းဖြစ်တတ်သည်။ တစ်ဦးနှင့်တစ်ဦးညှိနှိုင်းမရသော ပြသာနာများပေါ်မည်။ လူပျိုအပျိုများ အိမ်ထောင်ကျကိန်းရှိသည်။ကံကောင်းစေသောအရောင်မှ အညိုရောင်ဖြစ်ပေတယ် ။
ကံကောင်းစေသောယတြာ မှာ ဒန်း(၇) ညွန့်အိမ်ဘုရားတွင်လှူပြီးလိုရာဆုတောင်းပါ။
တနင်္လာသားသမီးများအတွက်
အလုပ်အကိုင်စီးပွားရေးနှင့်ပတ်သတ်ပြီးငွေဝင်မယ်။ ရွှေဝင်မယ်။ ရေတွင်းရေကန်တွေ တူးရတက်တယ်။ မြေကိစ္စ၊အမြွေကိစ္စ၊ မိသားစုကိစ္စလေးတွေ အတိုက်အခံပေါ်မယ်။ စိတ်ညစ်စရာတွေကြုံမယ်။
အလှူဒါနလေးတွေတော့ ပြုလုပ်ရတက်ပါတယ်။ အရောင်းအဝယ်သမားတွေ
လာဘ်ရွှင်ပါလိမ့်မယ်။ ငွေကဝင်မယ်၊ အထွက်လည်းများနေတက်ပါတယ်။ အလုပ်မှာတော့
အတိုက်အခံပေါ်မယ်၊ ရန်ပေါ်မယ်။ စကားအခြေအတင်တွေ ပြောနေရတက်ပါတယ်။
ငွေကြေးအတွက်ပူပင်စရာလေးတွေကြုံလာမယ်။ ငွေချေးငှား၊ အာမခံခြင်းမပြုလုပ်ရ၊ ပြန်မရတက်။
ငွေကိုအကြောင်းပြုပြီး စိတ်ညစ်ရတက်တယ်။ အလုပ်မှာရန်ပေါ်မယ်။
အလုပ်အကိုင်ထစ်ငေ့ါနေတာ၊ လွဲချော်နေတာလေးတွေ တွေ့ကြုံလာရတက်တယ်။
ဘယ်လိုလုပ်ငန်းမျိုးပဲ လုပ်လုပ် အပြိုင်အဆိုင်၊ အတိုက်အခံတွေကြုံတွေ့ပြီးမှ
အောင်မြင်မယ်။ ကိုယ်းကွယ်စရာ ဘုရားဆင်းတုတော်၊ ဓာတ်ပုံတွေဝင်လာလျှင် ညံ့တွေလွတ်သွားပါမည်။
ဘာသာရေး များများပြုလုပ်ပေးပါ။ စိတ်ကိုငြိမ်းချမ်းစွာထားပါ။ တောင်အရပ်ကနေ စုပ်၊ လာဘ်တွေ ဝင်လာပါလိမ့်မယ်။ စက်ပစ္စည်း၊ ဆန်၊ ဆီ၊ ဆား၊
ဆေးဝင်မယ်။ ခရီးထွက်ရကိန်းကြုံမယ်။ သူတစ်ပါးကိစ္စတွေ ဝင်မပါမိပါစေနှင့်။
မကောင်းသောအတက်ပညာဖြင့် ပြုစားခြင်းခံရတက်တယ် (သူများကျွေးတာမစားရ)။
အမွေ၊ မြေအတွက် စကားပြောရတက်တယ်။
အိမ်ထောင်ရေးမှာ မကြာခဏဆိုသလို အတိုက်အခံတွေ
ဖြစ်နေတက်တယ်။ မိသားစုကိစ္စ၊ ညီအစ်ကိုမောင်နှစ်မ ကိစ္စတွေကြောင့်
ပြဿနာတွေဖြစ်တတ်တယ်။ ငယ်ရွယ်သူများ အချစ်ရေးမှာ အဆင်မပြေမှုလေးတွေတော့
မကြာခဏတော့ ဖြစ်နေပါလိမ့်မယ်။ စန်းပွင့်တဲ့အချိန် ဖြစ်နေပေမယ့် ရွေးချယ်ရ
ခက်နေတတ်ပါတယ်။ အချစ်ရေးမှာ ကြားလူဝင် အနှောင့်အယှက်တွေ ပေါ်နေမယ်။ သဝန်တို၊
စိတ်မချမှု့တွေလည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ ယခုအချိန်အတွက်တော့ ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက် ရှိနေပါလိမ့်မယ်။
ကျန်းမာရေး ဆီး၊ မျက်စိ၊ အစာအိမ်၊ ဝမ်းဗိုက်နှင့်ပတ်သတ်တာဖြစ်ပေါ်တတ်ပါတယ် ။
ကံကောင်းစေသောအရောင်မှာ အဖြူရောင်ဖြစ်ပေတယ် ။
ကံကောင်းစေသောယတြာ မှာ မွေးနေ့မှာ ရေလှူပါ။ ရွက်လှ(၄) ညွန့်လှူပြီး လိုရာဆုတောင်းပါ။

အင်္ဂါသားသမီးများအတွက်
စီးပွားရေးအလုပ်အကိုင်နှင့် ပတ်သတ်ပြီး ယခုအချိန်ခါမှာ အခက်အခဲတွေ၊
အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတတ်တယ်။ဒါပေမယ့်ရာထူး၊ လစာတိုးမယ်။
ဘုရားဖူးခရီးတွေ ထွက်ရတတ်တယ် ။ လက်ဆောင်ပစ္စည်းတွေရမယ်။ ဆရာသမား၊
အကြီးအကဲ မစမယ်။ စက်ပစ္စည်းဝင်မယ်။ ယခုလက်ရှိအလုပ်မှာ
အဆင်မပြေလည်းထွက်လို့ရတယ်။ ပြောင်းလို့ရတယ်။ လုပ်ငန်းသစ် စလုပ်ရင်လည်း
အောင်မြင်မယ်။ ငွေရှာရ လွယ်ကူနေမယ်။ အလှူဒါနများလုပ်ပါ။ စီးပွားရေးလုပ်လျှင်
အကျိုးပေးသောအလုပ်တွေမှာဆိုရင် – တနင်္လာနံ၊ ကြာသပတေးနံ၊ တနင်္ဂနွေနံတွေနဲ့
စီးပွားရေးလုပ်ကိုင်ပါက အောင်မြင်စေမယ်။ တနင်္လာနံ – ကုန်စုံ၊ ကုန်ခြောက်၊ ခြံ၊ ကား၊
ကွမ်း၊ ငါးပိ၊ ငါးခြောက်။ ကြာသပတေးနံ – ပညာရေးလုပ်ငန်း၊ ပွဲရုံ၊ ပွဲစား၊ မွေးမြူရေး၊
ပရိဘောဂ၊ တနင်္ဂနွေနံတွေက – အိုးအိမ်၊ အဆောက်အဦး၊ အရောင်းအဝယ်လုပ်ငန်း၊
အွန်လိုင်းရှော့၊ အအေးဆိုင်တွေပဲဖြစ်ပါတယ်။
မိမိအပေါ်မနာလို၊ အပြိုင်အဆိုင်တွေကြုံတွေ့ရတတ်ပေမယ့် မိမိအတွက် စိုးရိမ်စရာမရှိပါ။ စကားတော့
အခြေအတင်ပြောရကိန်းကြုံမယ်။ အနှောင့်အယှက်တွေ ရှိနေပေမယ့်လည်း
မိမိကိုဒုက္ခပေးမယ့် အနှောင့်အယှက်မျိုးမဟုတ်ပါ။ အမိအဖ ကျန်းမာရေးချူချာတတ်တယ်။
“စေတနာကောင်းထား၊ စိတ်ကောင်းမွေးပါ”လိုအပ်သောအကျိုး ပေးပါလိမ့်မယ်။
အိမ်ထောင်ရေး အိမ်ထောင်ရေးမှာ တစ်ဦးနှင့်တစ်ဦး နားလည်မှုတွေနဲ့
ရှေ့ဆက်ပြီးဖြတ်သန်းနေရတတ်တယ်။ ဆိုးကောင်းဆွေးနွေးတိုင်ပင်ပြီးတော့
ဖြတ်သန်းပါက အဆင်ပြေပါလိမ့်မယ်။ တစ်ခါတစ်ရံတော့ ကတောက်ကဆ
ကြုံတွေ့ရတက်ပေမယ့် ပြဿနာမကြီးထွားနိုင်ပါ။
ငယ်ရွယ်သူများ အချစ်ရေး ရွေးချယ်ရခက်ခဲနေတတ်တယ်။ ချစ်သူရှိပါက မကြာခဏ သဝန်တို၊
စိတ်မချမှုတွေကြုံတွေ့နေရပြီး စကားများနေရတတ်ပါတယ်။ မမျှော်လင့်ပဲ အိမ်ထောင်
ကျတတ်ပါတယ်။ ကျန်းမာရေးပိုင်းမှာ ဆီး၊ မျက်စိ၊ အစာအိမ်၊ ဇာတ်ကြောတက်၊လေးတွေဖြစ်တတ်ပါတယ်
ကံကောင်းစေသောအရောင်မှာ အနီရောင်ဖြစ်ပေတယ် ။
ကံကောင်းစေသောယတြာမှာ မိမိမွေးနေ့မှာ ရေလှူ၊ မီးလှူ၊ ဆေးလှူပေးပါ။ ကိတ်မုန့်(၉)ချပ်
ဘုရားကိုမကြာခဏကပ်ပြီး မိမိလိုရာဆုတောင်းပါ။
ဗုဒ္ဓဟူး သားသမီးများအတွက်
အလုပ်အကိုင် စီးပွားရေးနဲ့ပတ်သတ်ပြီး ကံ၊ ဉာဏ်၊ ဝီရိယအားထုပ်ရမည့် အချိန်ဖြစ်ပေတယ် ။ငွေရှာရတာလွယ်သလောက်ငွေကုန်စရာတွေလည်းပေါ်မည်။ ကျန်ဖန်ပြီး ငွေထွက်နေမယ်။ ငွေချေးအာမခံတာတွေမပြုလုပ်ရ။ ပြန်တောင်းရ ခက်ခဲတာတွေဖြစ်မယ်။ အလုပ်မှာအပြိုင် အဆိုင်အတိုက်အခိုက်တွေပေါ်မည်။ လုပ်သမျှလည်း မထင်ပေါ်တာ
အရာမရောက်တာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ အဆိုးအကောင်းဒွန်တွဲနေတဲ့အချိန်
ဖြစ်တယ်။ အရောင်းအဝယ်သမားတွေ ငွေရွှင်မယ်။ ကုန်ရောင်း၊ ကုန်ဝယ်လုပ်ငန်း၊ ပွဲရုံ ၊
ပွဲစားလုပ်ငန်းတွေ အမြတ်အစွန်းရမယ်။
အိမ်ထောင်ရေးအနေနဲ့ မိမိအိမ်ထောင်ဖက်အပေါ်တစ်ခါတစ်ရံ အလိုမကျမှုတွေ ဖြစ်ပေါ်နေလိမ့်မယ်။ အတိုက်အခံစကားပြောရတာတွေရှိမယ်။ မိသားစုနဲ့ပတ်သတ်ပြီး စကားများရတတ်တယ်။ သားသမီး
ရတနာရကိန်းရှိမယ်။ ငယ်ရွယ်သူများ အချစ်ရေးနှင့်ပတ်သတ်ပြီး တစ်ဦးနှင့်တစ်ဦး
သဝန်တိုတာတွေ စိတ်မချတာတွေဖြစ်ပေါ်ပါမယ်။ ခရီးအတူထွက်ရကိန်းကြုံမယ်။ တခါတရံ
သဘောထားကွဲလွဲမူကြုံမယ်။ လူလွတ်များစမ်းပွင့်နေမယ်။ ချစ်သူရကိန်းကြုံမယ်။
ကံ့ကောင်းစေသောအရောင်မှာ အပြာ ရောင်ဖြစ်ပေတယ် ။
ကံကောင်းစေသောယတြာမှာ ်း အုန်းထန်းလျက်-အုန်း(၁) ညွန့် နှင်းဆီ(၇)ပွင့်အိမ်ဘုရားမှာလှူပြီး မိမိလိုရာဆုတောင်းပါလေ။
ကြာသပတေး သားသမီးများအတွက်
အလုပ်အကိုင်နဲ့ပတ်သက်၍ တွေဝေမှုတွေ များပြားနေရတတ်တယ်။ အပြိုင်အဆိုင် အတိုက်အခိုက်များနှင့်
ရင်ဆိုင်ကြုံတွေ့နေရတတ်သည်။
မိတ်ဆွေရင်းတစ်ဦးမိမိကိုမကောင်းကြံတတ်သည်။
အိမ်တွင်းရေး၌လည်း အဆင်မပြေဖြစ်တတ်ပါသည်။ မသွားတော့ဘူးလိုလိုနှင့်
ခရီးတစ်ခုသွားရလိမ့်မည်။ အလှူအတန်းတစ်ခု ပြုလုပ်ရလိမ့်မည်။ အလှူလုပ်ပြီးပါက
ငွေအလုံးအရင်းနှင့် ဝင်လာပါလိမ့်မည်။ ကျန်းမာရေးတွင် ခါးနဲ့ပတ်သက်ပြီးဖြစ်တတ်တယ် ခါးနာတာ ၊
ခါးမျက်တာ၊ ဖြစ်တတ်ပါတယ် ။
အချစ်ရေး စိတ်မတည်ငြိမ်မှုတွေဖြစ်နေတတ်တယ်။ မိမိအား
သဘောကျနေသောသူ တစ်ယောက်မက ရှိနေပြီး ရွေးချယ်ရခက်နေတာမျိုးကြုံရမယ်။အရမ်းတွေဝေမနေပါနဲ့
အဆင်ပြေသွားပါလိမ့်မယ်။
အိမ်ထောင်ရှင်များ ဖြစ်ပါက အေးဆေးတည်ငြိမ်သော၊ သာယာဖြောင့်ဖြူးသော အိမ်ထောင်ရေးဖြစ်ပါလိမ့်မယ်။
သားသမီးကံဇာတာတော့ အနည်းငယ်ညံ့နေသည့်အတွက် သားသမီးကြောင့် စိတ်သောက
ရောက်ရတတ်ပါတယ်။
ကံကောင်းစေသောအရောင်မှာဆင်စွယ်ရောင်ဖြစ်ပေတယ် ။
ကံကောင်းစေသောယတြာမှာ ဒန်းညွန့် (၇) ညွန့်ဘုရားလှူပြီး လိုရာဆုတောင်းပါ။

သောကြာသားသမီးများအတွက်
မိမိထက်ကြီးကဲသူ၏ ကူညီမစမှုကြောင့် လုပ်ငန်းများအောင်မြင်မှုရရှိမည်။ စပ်တူရှယ်ယာ လုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။အောင်မြင်မှုများကို နှစ်ကြိမ်နှစ်ခါ ကြုံတွေ့ရမည့်ကာလဖြစ်သည်။ ဝန်ထမ်းများ အလုပ်တွင်နာမည်ကောင်းရရှိမည်။ ရာထူးတိုးခြင်း၊ လစာတိုးခြင်းများ ကြုံတွေ့ရမည်။ အလုပ်တွင်
မိမိလက်အောက်ငယ်သား၏ လေးစားခြင်းကိုခံရတတ်သည်။ စီးပွားရေးလုပ်ငန်းများ
စတင်လုပ်ကိုင်ရန် ကောင်းသောအချိန်ကာလဖြစ်သည်။ ပညာရေးနှင့်ပတ်သက်သော
လုပ်ငန်းများ ပရိဘောဂလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ မြေယာလုပ်ငန်းများ
အကျိုးပေးမည်။ ငွေအစုလိုက်အပုံလိုက် ဝင်ခြင်းများကြုံတွေ့ရတတ်သည်။
အရောင်းအဝယ်ကိစ္စများ အဆင်ပြေမည်။ အထူးသဖြင့် မြေအရောင်းအဝယ်ကိစ္စများ
အဆင်ပြေမည်။ ကျန်းမာရေးတွင် ခြေလက်ထိခိုက်ဒဏ်ရာရခြင်း၊ကျောအောင့်ရင်အောင့်ဖြစ်ခြင်း၊ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာ ရခြင်းများဖြစ်တတ်သည်။
ကျန်းမာရေးတွင်စိုးရိမ်စရာမရှိပါ။ ဆေးကုသနေသူများ ဆရာကောင်းသမားကောင်း၊
ဆေးကောင်းဝါးကောင်းတွေ့မည်။အချစ်ရေး မိမိချစ်သူအတွက်ကြောင့် ပျော်ရွှင်ရတတ်သည်။
ချစ်သူရည်းစားမရသေးသူများ ချစ်သူရည်းစားရရှိမည်။ ယခုနှစ်တွင် သင့်သည်စန်းပွင့်မည့်ကာလဖြစ်သည်။
အိမ်ထောင်ရေး မိမိအိမ်ထောင်ဘက်နှင့် မကြာခဏ စကားများရတတ်သည်။သိပ်မကြာခင် ပြန်လည်အဆင်ပြေသွားပါလိမ့်မည်။ သားသမီးရှိက သားသမီးကြောင့်စိတ်ညစ်ရတတ်သည်။ကံကောင်းစေသောအရောင်မှာ အဝါရောင်ဖြစ်ပေတယ် ။
ကံကောင်းစေသောယတြာ အမွှေးတိုင် (၁၁) တိုင်အားမနုစာရီ နတ်သမီးကို တိုင်တည်ပြီးလှူတန်းပြီး
လိုရာဆုတောင်းလိုက်ပါ။
စနေ သားသမီးများအတွက်
လုပ်ငန်းသစ် အလုပ်ကိုင်သစ်များ တိုးချဲ့လုပ်ကိုင်ရကိန်းရှိသည်။
ထိုသို့လုပ်ကိုင်နေစဉ် ကာလအတွင်း လုပ်ငန်းထဲတွင် အပြိုင်အဆိုင်
အတိုက်အခံပေါ်တတ်သည်။ စိုးရိမ်စရာမရှိပါ မကြာခင်ကာလတွင်
ပြန်လည်အဆင်ပြေသွားပါလိမ့်မည်။ အတိုက်အခံများကြားတွင် အောင်မြင်နေမည်။
မိတ်ဆွေအပေါင်းအသင်းများထံမှ အကူအညီများရရှိမည်။
အလုပ်နှင့်ပတ်သက်ပြီး ခရီးသွားရတတ်သည်။ သွားလျှင်ကောင်းသည်
အဆက်အသွယ်ကောင်းများရရှိခြင်း လုပ်ငန်းနေရာ တိုးချဲ့ရခြင်းများကြုံမည်။
နိုင်ငံရပ်ခြားနှင့်ပတ်သက်သော ကိစ္စများအဆင်ပြေမည်။ အထူးသဖြင့် ရေကြောင်းခရီးနှင့်
ပတ်သက်သော ကိစ္စများအဆင်ပြေမည်။ မြေယာလုပ်ငန်း၊ ပဲလုပ်ငန်း၊
မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ပါကအဆင်ပြေမည်။ သွပ်သံသစ် ရောင်းဝယ်ရေးလုပ်ငန်းများ၊
စပ်တူလုပ်ငန်း ရှယ်ရာလုပ်ငန်းများ မလုပ်ပါနှင့်အဆင်မပြေနိုင်ပါ။လုပ်ငန်းစတင်လုပ်ကိုင်မည့်သူများ မိမိလုပ်ငန်း အောင်မြင်မှုရရှိမည့် အချိန်ကာလဖြစ်သည်။
ကျန်းမာရေးတွင် နားဥပါဒ်ပေးတတ်သည်ဦးခေါင်းပိုင်းထိခိုက်ဒဏ်ရာရခြင်း၊ သတိထားပါ။
အချစ်ရေးတွင် မိမိချစ်သူထံမှ သတင်းကောင်းကြားရမည်။ ချစ်သူနှင့်အတူ
ပျော်ရွှင်စရာခရီးတစ်ခုသွားရလိမ့်မည်။အိမ်ထောင်ရေးတွင် ကြားလူအနှောင့်အယှက်ပေါ်တတ်သည်။
မိမိအိမ်ထောင်ဘက်နှင့် မကြာခဏဆိုသလို စကားများရမည်။ တစ်ဦးနှင့်တစ်ဦး
အထင်အမြင်လွဲမှားမှုများ နားလည်မှုလွဲမှားမှုများကြောင့် ဝေးကွာရတတ်သည်။
ကံကောင်စေသောအရောင်မှ အစိမ်းရောင်ဖြစ်ပေတယ်
ကံကောင်းစေသောယတြာမှာ မေမြို့ပန်း (၅) ပွင့်အား ဘုရားလှူပြီး လိုရာဆုတောင်းလိုက်ပါ။