၇ ရက်သား/ သမီးများအတွက် ၂၁.၃.၂၀၂၂ မှ ၂၇.၃.၂၀၂၂ ရက်နေ့အထိ တစ်ပတ်စာ ဗေဒင်ဟောစာတမ်း

ဆရာအောင်ချစ်မင်းရဲ့ ၇ ရက်သား/ သမီးများအတွက် ၂၁.၃.၂၀၂၂ မှ ၂၇.၃.၂၀၂၂ ရက်နေ့အထိ တစ်ပတ်စာဟောစာတမ်းအား လိုတိုရှင်းစာဖတ်ပရိတ်သတ်များအတွက် တင်ပေးလိုက်ပါတယ်

တနင်္ဂနွေသားသမီးများ

ဒီရက်အတွင်းမှာအဘက်ဘက်ကကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ လုပ်ငန်းစီးပွားတွေကိုအရှိန်မြှင့်ပြီးလုပ်သင့်ပါတယ်။ လုပ်ငန်းသစ်၊ နေရာသစ်အစပြုခြင်းတွေလည်းကောင်းပါတယ်။ ရပ်ဝေးပြည်ပခရီးကောင်းတွေကြုံမယ်။ ရပ်ဝေးကစာ၊ ငွေ၊ အဆက်အသွယ်၊ အကူအညီတွေလည်းရတတ်ပါတယ်၊ အကူအညီတွေလည်းရတတ်ပါတယ်၊ မိတ်ရင်း၊ ဆရာရင်းတို့ရဲ့ အထင်အထင်အမြင် လွဲမှားခြင်းကိုတော့ခံရတတ်ပါတယ်။ မြေ၊အမွေ၊ဖုန်း၊ ကား၊လျှပ်စစ်ကိစ္စတွေမှာအနှောက်အယှက် အထစ်အငေါ့များမယ်။ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊ အသီးအနှံ၊ ခရီးသွားလုပ်ငန်းတွေမှာတာ့ အောင်မြင်မှုကြီးများရရှိနိုင်ပါတယ်။ သူတစ်ပါးရဲ့ပြဿနာမှာကြားညှပ်ဖြေရှင်းရတတ်ပါတယ်။ ချစ်သူရည်းစားများအိမ်ထောင်ရှင်များနားလည်မှုလွဲတတ်တဲ့ကာလဖြစ်ပါတယ်။

ကံကောင်းစေသောအရောင် ။ ။ အပြာရောင်ဖြစ်ပေတယ်

ကံကောင်းစေသော ယတြာ။ ။ သပြေ (၆) ညွန့် ဘုရားလှူပါ။ 

တနင်္လာသားသမီးများ

ဒီရက်အတွင်းမှာနာမည်ဂုဏ်သတင်းတက် စရာကြုံရတတ်ပါတယ်။ ရာထူးနေရာအခွင့်အရေးတွေကြုံရတတ်ပါတယ်။ နိုင်ငံခြားလူမျိုးခြားကိစ္စတွေလည်းအကျိူးထူးမယ်။ ခရီးကောင်းတွေလည်းသွားရတတ်ပါတယ်။ အလှူမင်္ဂလာအစီအစဉ်တွေအောင်မြင်မယ်။ အထည်၊ ထီး၊ ဖိနပ်၊ ကား၊ ကျောက်၊ လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာ၊ ကင်မရာလုပ်ငန်းတွေအကျိုးပေးအောင်မြင်နိုင်ပါတယ်။ အိမ်အဆောက်အဦးကိစ္စလည်းအောင်မြင်မယ်။ စပ်တူကိစ္စ၊ ရွှေကိစ္စ၊ ငယ်သားကိစ္စတွေအတွက်တော့ စိတ်ရှုပ်ခေါင်းစားရတတ်ပါတယ်။ ငွေကိစ္စတွေအောင်မြင်မယ်။ လုပ်ငန်းတိုးချဲ့သင့်ပါတယ်။ ချစ်သူရည်းစားများအတွက်ကြည်နူးဖွယ်ရာများအထူးတွေနိုင်ပြီးအိမ်ထောင်ရှင်များအတွက်တော့ တကျက်ကျက်ဖြစ်ရတတ်တဲ့ ကိန်းမျိုးပါပဲ။ အာရုံကြော၊ ရင်၊ ဝမ်းသတိထားပါ။

ကံကောင်းစေသောအရောင် ။ ။ မိုးပြာရောင်ဖြစ်ပေတယ်

ကံကောင်းစေသော ယတြာ။ ။ ငွေထီး (၉) လက်ဘုရားလှူပါ။ 

အင်္ဂါသားသမီးများ

ဒီရက်အတွင်းမှာဆုံဖြတ်ရခတ်တဲ့ကိစ္စတွေ၊ စိတ်နှစ်ခွဖြစ်စရာတွေကြုံလာရတတ်ပါတယ်။ တစ်ဇွတ်ထိုးလုပ်ပြီးအမှားကြုံတတ်ပါတယ်။ တိုင်တိုင် ပင်ပင် လုပ်သင့်တဲ့အချိန်ပါပဲ။ သူတစ်ပါးကိုကူညီရတဲ့ အလုပ်တွေနဲ့ မနားရအောင် ဖြစ်တတ်ပါတယ်။ကလုပ်တွေတအားလုပ်ရပြီးငွေကြပ်နေမယ်။ နာမည်ကြီးထမင်းငတ်ဆိုတဲ့ ကိန်းမျိုပါပဲ။ ဘာအလုပ်ကိုမှ ကြီးကြီးမားမားမချဲ့သင့်သေးပါဘူး။ မြေ၊အမွေ၊ဖုန်း၊ပညာရေး၊ ဘာသာရေး၊ နိုင်ငံခြား၊ လျှပ် စစ်ပစ္စည်း ၊အထည်၊ထီး၊ ဖိနပ်လုပ်ငန်းတွေမှာတော့ အကျိုးထူးနိုင်ပါတယ်။ နေရာကိစ္စ ၊အဆောက်အဦးကိစ္စတွေမှာတိုးလို့တန်းလန်းဖြစ်နေမယ်။စာရက်စာတမ်းကိစ္စ၊ စပ်တူကိစ္စတွေစိတ်ရှပ်ရတတ်ပါတယ်။ခြေထောက်၊ ခါး၊အစာမှားဆေးမှား၊ သွား၊သွေးသတိပြုသင့်ပါတယ်။ ချစ်သူရည်းစားများ၊ အိမ်ထောင်ရှင်များအနေနဲ့ ကွဲကွာနေရတာ၊ ဘေးရနှောက်ယှက်တာ ကြုံတွေ့ရ တတ်ပါတယ်။

ကံကောင်းစေသောအရောင် ။ ။ အစိမ်းရောင်ဖြစ်ပေတယ်

ကံကောင်းစေသော ယတြာ။ ။ ပိတောက် (၁၂) ညွန့် လှူပါ။

ဗုဒ္ဓဟူး သားသမီးများ

ဒီရက်အတောအတွင်းမှာပြသနာတွေ တစ်ခုပြီးတစ်ခုရှင်းနေရတတ်ပါတယ်။ မီးလျှပ်စစ် ထိခိုက်မှုအန္တရာယ်များလည်းသတိထားသင့်ပါတယ်။ ခရီးကံအထူးကောင်းပါတယ်။ ရပ်ဝေးပြည်ပအကျိုးထူးမယ့်အချိန်ဖြစ်ပါတယ်။ ရပ်ဝေးကအဆက်အသွယ်အကူအညီကောင်းတွေလည်းရလာတတ်ပါတယ်။ထွက်နေတဲ့ငွေတွေ ၊ ပစ္စည်းတွေပြန်ဝင်တာ၊ ကွဲကွာနေသူများနှင့်ပြန်ဆုံတာအိမ်၊ရာထူး၊အလုပ်၊ နေရာကိစ္စအောင်မြင်တာတွေလည်းကြုံနိုင်ပါတယ်။ အသီးအနှံ၊ သစ်၊ သံ၊သွပ်၊ရေထွက်ကုန်၊အိမ်ဆောက်ပစ္စည်း၊ခရီးသွားလုပ်ငန်းများအကျိုးပေးချိန်ဖြစ်ပါတယ်။မြေ၊အမွေ၊ဖုန်း၊ပညာရေးကိစ္စများ၊ မတင်မကျဖြစ်ပြီးမှ အောင်မြင်မယ်။ အထည်၊ထီး၊ဖိနပ်၊ စာချူပ်စာတမ်းကိစ္စများမကောင်းလှပါဘူး။ ငွေအဝင်အထွက်ကြမ်းမယ့်ရက်တွေဖြစ်ပါတယ်။ အိမ်ထောင်ရှင်များစိတ်ချမ်းသာရပြီး ၊ချစ်သူရည်းစားများလမ်းခွဲရမတတ်ဖြစ်တတ်ပါတယ်။ ကျမ်းမာရေးအညံ့ဘက်ကိုများနေပါတယ်။

ကံကောင်းစေသောအရောင် ။ ။ အဖြူရောင်ဖြစ်ပေတယ်

ကံကောင်းစေသော ယတြာ။ ။ သစ်သီး ( ၆ ) မျိုးလှူပါ။

ကြာသပတေး သားသမီးများ

ဒီရက်အတွင်းမှာအဆင်မပြေလွဲချော် တာတွေများနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို ၊ဒီဟာလုပ်ရတော့မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။ သူများပြဿနာတွေမှာလည်းကြားညပ်တတ်ပါတယ်။ ဘာမဆိုစိတ်ရှည်သင့်တဲ့အချိန်ပါပဲ။ လုပ်ငန်းသစ်စတာတဖြည်းဖြည်းနဲ့တိုချဲ့တာ။ စပ်တူရှယ်ယာအလုပ် စာချုပ်လုပ်ငန်းတွေကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ၊ စာအုပ် အင်္ဂါနံတွေလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲအိမ် ၊အလုပ် ၊နေရာ၊ရာထူး၊ ဆိုင်ခန်းအခွင့်အရေးကြုံတတ်ပါ တယ်။ နိုင်ငံခြားနှင့်ပတ်သတ်တဲ့ အခွင့်အရေးကောင်း ၊ အဆက်အသွယ်ကောင်းတွေလည်းရတတ်ပါတယ်။ မိတ်ရင်းဆရာရင်းတို့ကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။ ငွေကံကတော့အတော်နိမ့်နေပါတယ်။ ငွေများများရှိနေရင်လည်းဆေးဖိုးဝါးခဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်ရှင်များအဆင်မပြေမှုတွေပြေလည်သွားလိမ့်မယ်။ ချစ်သူရည်းစားများကတော့ ဆုံးဖြတ်ရခတ်တဲ့ အကြပ်အတည်းမျိုးကြုံလာတတ်ပါတယ်။

ကံကောင်းစေသောအရောင် ။ ။ အနီရောင်ဖြစ်ပေတယ်

ကံကောင်းစေသော ယတြာ။ ။ အင်္ဂါ ထောင့်မှာစံပယ် (၈) ကုံးဘုရားလှူပါ။

သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာထွက်နေ၊ ဆုံးရှုံးနေတဲ့ငွေတွေ၊ ပစ္စည်းတွေ၊ အခွင့်အရေးတွေပြန်ရတတ်ပါတယ် ။ လုပ်ငန်းဟောင်းနေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်းပြန်လည် ဆုံစည်းရတတ်ပါတယ်။ ပြသနာဟောင်းရောဂါဟောင်းတွေပြန်ပေါ်တတ်တာကိုလည်းသတိပြုဖို့လိုပါတယ်။ ငွေတအားရွှင်မယ်။ ရတနာပစ္စည်းတွေအလှကုန်ပစ္စည်းတွေဝင်တတ်ပါတယ်။ ကား ၊ ကျောက်၊ ကွန်ပျူတာ ၊ ကင်မရာ၊ရွှေ၊ အလှကုန်လုပ်ငန်းတွေအကျိုးပေးအောင်မြင်မယ် ။ သူတပါးမနာလိုဖြစ်လောက်အောင် စီးပွားတက်အောင်မြင်ကိန်းမျိုးဖြစ်ပါတယ်။ တမင်ရန်စနှောက်ယှက်တာမျိုးတွေခံရတတ်ပါတယ်။ လူရင်းလူယုံဒုက္ခပေးတတ်ပါတယ်။ ဘယ်ကိစ္စမဆိုအနှောက်အယှက်လေးတွေကြုံပြီးမှ အောင်မြင်တတ်ပါတယ်။ ချစ်သူရည်းစားအတွက် ကံကြမ္မာအထူးပွင့်လင်းနေပြီးအိမ်ထောင်ရှင်များအတွက်တော့ မတင်မကျကိစ္စလေးတွေရှိနေပါလိမ့်မယ်။ ကျန်းမာရေးစိုးရိမ်စရာမလိုပေ ။

ကံကောင်းစေသောအရောင် ။ ။ အဝါရောင်ဖြစ်ပေတယ်

ကံကောင်းစေသော ယတြာ။ ။ ခရေ (၆) ညွန့် ဘုရားလှူပါ။

စနေသားသမီးများ

ဒီရက်အတွင်းမှာဘာသာရေးအလုပ်၊ ပညာရေးအလုပ်၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားကိစ္စတွေအထူးကောင်းပါတယ် စပ်တူရှယ်ယာကိစ္စတွေလည်းအောင်မြင်မယ်။ မြေ၊ ဖုန်း၊ ဆိုင်၊ စက် ကောင်းသောဝင်ခြင်းများကြုံမယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ပဲ၊ ပြောင်း၊ အင်္ဂါနံ ၊ကြာသပတေးနံအလုပ်တွေ အလုပ်ဖြစ်အကျိုးပေးမယ်။ ငွေကံလည်းကောင်းနေပါတယ်၊ အလှူမင်္ဂလာပွဲတွေကြုံရတတ်ပါတယ်။ ဘာသာရေးလုပ်လေလေကံကောင်းလေလေကိန်းမျိုးပါပဲ။ ဆွေမျိုးမိတ်ဆွေတို့ရဲ့ မကောင်းသောသတင်းကိုတော့ ကြားရတတ်ပါတယ်။ အောက်လက်ငယ်သားကိစ္စ၊ ရွှေကိစ္စ၊ အထည်၊ ထီး၊ ဖိနပ်ကိစ္စတွေမှာလည်းစိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများကောင်းသောခွဲခြင်းကြုံရတတ်ပါတယ်။ လေထိုးလေအောင့် နှလုံးအားနည်း၊ ဒူး ၊နား၊ သွား၊ သွေးသတိထားသင့်ပါတယ်။ ဒီတစ်ပတ်နာရေးကိစ္စလုံးဝရှောင်သင့်ပါတယ်။

ကံကောင်းစေသောအရောင် ။ ။ အညိုရောင်ဖြစ်ပေတယ်

ကံကောင်းစေသော ယတြာ။ ။ မိတ်ဆွေများကိုဆီထမင်းလုပ်ရင်းလိုရာဆုကိုတောင်းပါ။

Leave a Reply