
ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ကျွန်ုပ်အောင်ချစ်မင်းမှ ဆုတောင်းပေးလိုက်ပါသည်။
တနင်္ဂနွေသား/သမီးများ
ဒီရက်ပိုင်းအတွင်းစိတ်လေစိတ်နှစ်ခါဖြစ်စရာတွေကြုံတွေ့ရတတ်သည်။စိတ်ရှည်ရှည်ခေါင်းအေးအေးထားပြီးအလုပ်လုပ်သင့်ပါသည်။အထင်လွဲစွပ်စွဲခံရတာတွေလည်းကြုံတွေ့ရတတ်သည်။
နေရာထိုင်ခင်းအဆောက်ဦးကိစ္စတွေမတင်မကျဖြစ်တတ်သည်။ပြည်တွင်ခရီးကောင်ပါသည်။စက်မှုလုပ်ငန်တွေလွဲချော်မှုတွေဖြစ်ပေါ်တတ်ပါသည်။အလုပ်လုပ်ပြီးငွေတွေမြုပ်နေတတ်ပါသည်။
အိမ်ထောင်ရှင်များအိမ်ထောင်ရေးစိတ်ချမ်းသာစရာတွေကြုံတွေ့ရတတ်သည်။
ငယ်ရွယ်သူများအချစ်ရေးခွဲခွာနေထိုင်ရတတ်သည်။သင့်ကျန်းမာရေးကတောသွေးအားနည်းတတ်သည်။
သင့်အတွက်ကံကောင်စေသောအရောင်မှာအနက်ရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
အိမ်ဘုရားတွင်ပေါင်မုန့်(၅)ခုလှူပြီးလိုရာဆုတောင်းပါ။
တနင်္လာသား/သမီးများ
ဒီရက်ပိုင်းအတွင်းအစစအရာရာသတိကြီးစွာထားဖို့လိုအပ်ပါသည်။ရန်များသောအချိန်ဖြစ်ပါသည်။ပြဿနာတွေလည်းတစ်ခုပြီးတစ်ခုဝင်လာတတ်ပါသည်။
ကိုယ့်ကိစ္စမဟုတ်လည်းသူတပါးကိစ္စတွေဖြေရှင်းရတတ်ပါသည်။သတိထားပါ။ခရီးကံတော့အလွန်ကောင်းပါသည်။မိတ်ဆွေတွေရဲအကူညီကောင်းတွေလည်းရရှိပါလိမ့်မည်။အိမ်ကိစ္စ ၊အဖိုးတန်းပစ္စည်းအရောင်ဝယ်ကိစ္စတွေအောင်မြင်ပါလိမ့်မည်။အိမ်အဆာက်ပစ္စည်း၊အုတ်၊သစ်၊အသီးနှံလုပ်ငန်းတွေအကျိုးပေးအောင်မြင်ပါလိမ့်မည်။မြေ၊အမွေ၊ပညာရေးကိစ္စတွေကတော့ဆုံးဖြတ်ရခတ်လိမ့်မည်။
ငွေကြေးကအဝင်ထွက်မျှတပါလိမ့်မည်။အိမ်ထောင်ရှင်များအိမ်ထောင်ဖက်ရဲသတင်းကောင်းကြားရမည်။
ငယ်ရွယ်သူများအချစ်ရေးဝေးလေကောင်းဆိုတဲ့ကိန်းမျိုးကျနေပါသည်။ကျန်မာရေးအစာအိမ်ရောဂါဖြစ်တတ်သည်။သတိထားပါ။သင့်အတွက်ကံကောင်စေသောအရောင်မှာအစိမ်းရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
အိမ်ဘုရားတွင်သာသနာ့အလံ(၆)လက်လှူပြီးလိုရာဆုတောင်းပါ။

အင်္ဂ ါသား/သမီးများ
ဒီရက်အတွင်းအိမ်၊ဆိုင်၊စက်၊အသုံးဆောင်ပစ္စည်းတွေတစ်ခုပြီးတစ်ခုဝင်လာတတ်သည်။
တစ်ခုတော့ရှိတယ်ရှိပြီးသားပစ္စည်းတွေတော့ထွက်တာပျက်တာတွေများနေတတ်ပါသည်။
ဒီအချိန်မှာငွေများများမကိုင်ထားသင့်ပါအဲဒီငွေကဆေးဖိုးဖြစ်သွားတတ်ပါသည်။
ဆန်ဆီဆေးဆားစက်ပစ္စည်းလုပ်ငန်းတော့အထူးအကျိုးးပေးအောင်မြင်ပါလိမ့်မည်။စပ်တူလုပ်ငန်းသစ်တွေလည်းအောင်မြင်ပါလိမ့်မည်။အဆောက်ဦးကိစ္စတွေလည်းအောင်မြင်ပါလိမ့်မည်။ခရီးသွားလာရေးကိစ္စတွေကတော့အလွဲလွဲအချော်ချော်တွေဖြစ်နေတတ်ပါသည်။နိုင်ငံခြားခရီးနဲ့ပတ်သက်ရင်တော့မထင်မှတ်ပဲအခွင့်လမ်းကောင်းတွေရရှိတတ်ပါသည်။မိတ်ဆွေရင်း၊ဆရာအရင်းတွေကြောင့်စိတ်ညစ်ရတတ်သည်။ဘာလုပ်လုပ်ဒီအချိန်မှာစိတ်အနှောက်ယှက်တွေဖြစ်နေရတတ်သည်။စိတ်ကိုရှည်ရှည်ထားပြီးအလုပ်လုပ်ပါအောင်မြင်ပါလိမ့်မည်။
ငွေကိစ္စတွေကတော့အထွက်များနေတတ်ပါသည်။သင့်ကျန်းမာရေးကတော့အနည်းငယ်ဖျားနာတတ်သည်။
အိမ်ထောင်ရှင်များအတွက်အထစ်အငေါ့လေးတွေပြေလည်သွားလိမ့်မည်။ငယ်ရွယ်သူများအချစ်ရေးကံနိမ့်နေတဲ့အချိန်ဖြစ်ပါသည်။သင့်အတွက်ကံကောင်စေသောအရောင်မှာနီညိုရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
အိမ်ဘုရာတွင်ဇော်စိမ်း(၈)ညွန့်လှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသား/သမီးများ
ဒီရက်ပိုင်းအတွင်းအဖတ်ဖတ်ကအခွင့်ရေးကောင်းတွေပေါ်လာလိမ့်မည်။
အလုပ်တွေတိုးချဲ့သင့်တဲ့အချိန်ဖြစ်ပါသည်။ကံတရားကမျက်နှာသာပေးတတတဲ့ကိန်မျိုးဖြစ်ပါသည်။
ငွေဝင်မယ်ရွှေကံကောင်းမယ်။အနုပညာအလုပ်အလှကုန်အလုပ်တွေအထူးအကျိုးပေးအောင်မြင်ပါလိမ့်မည်။
စပ်တူလုပ်ငန်းကိစ္စ၊စာချုပ်ရမည့်ကိစ္စတွေကတော့အထူးသတိထားပါ။
ကိုယ်တိုးတက်အောင်မြင်တဲ့အပေါ်မနာလိုအပြိုင်အဆိုင်တွေလည်းပေါ်လာလိမ့်မည်။
သတိထားပါ။အောက်လက်ငယ်သာအကျိုးပေးပါလိမ့်မည်။အိမ်ထောင်ရှင်များအိမ်ထောင်ရေးစိတ်ဝမ်းကွဲရတတ်သည်။ငယ်ရွယ်သူများအချစ်ရေးသတင်းကောင်းကြားရတတ်သည်။သင့်ကျန်းမာရေးကတော့ကောင်းနေပါသည်။သင့်အတွက်ကံကောင်စေသောအရောင်မှာမိုးပြာရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။မိမိအိမ်ဘုရားတွင်ခရေ (၆) ညွန့်လှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။
ကြာသပတေးသား/သမီးများ
ဒီရက်ပိုင်းအတွင်းမှာမိဆွေကောင်းဆရာကောင်းတွေကြုံတွေရမည်။ပညာရေးသင်တန်းကိစ္စစာမေးပွဲကိစ္စအထူးကောင်းမွန်ပါသည်။စပ်တူအလုပ်တွေလည်းအောင်မြင်ပါလိမ့်မည်။စာချုပ်ရမည့်ကိစ္စတွေလည်းအဆင်ပြေလိမ့်မည်။ပြည်တွင်းပြည်ပခရီးကောင်းများလည်းကြုံတွေ့ရမည်။ငွေကြေးကံလည်းအလွန်ကောင်းနေပါသည်။
ဘာသာရေးလုပ်ငန်း၊ဘုရာဖူးခရီးတွေလည်းပေါ်လာမည်းအလွန်ကောင်းပါသည်။အလှူမင်္ဂလာပွဲတွေလည်းပေါ်လာမည်။အထည်ထီးဖိနပ်လုပ်ငန်းတွေတော့သတိထားပြီးလုပ်ပါ။စက်ပစ္စည်းလုပ်ငန်းတွေအောင်မြင်မည်။
အိမ်ထောင်ရှင်များအဆင်မပြေမှုများတတ်သည်။ငယ်ရွယ်သူများအချစ်ရေးချစ်သူနှင့်အဆင်မပြေမှုလေးတွေဖြစ်ပြီးမှပြေလည်သွားလိမ့်မည်။သင့်ကျန်းမာရေးကလေထိုးလေအောင့်ဖြစ်တတ်သည်။သင့်အတွက်ကံကောင်စေသောအရောင်မှာခရမ်းရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
မိမိအိမ်ဘုရားတွင်စမူဆာ(၅)ခုလှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။

သောကြာသား/သမီးများ
ဒီရက်ပိုင်းအတွင်းအဘက်ဘက်ကကံဇာတာတွေပွင့်လန်းနေပါလိမ့်မည်။လုပ်ငန်းစီးပွားရေးလည်းအရှိန်မြင့်ပြီးလုပ်သင့်သောအချိန်လည်းဖြစ်ပါသည်။လုပ်ငန်းသစ်စခြင်း၊နေရာသစ်ပြောင်းခြင်းတွေကောင်းမွန်ပါသည်။
ရပ်ဝေးပြည်ပခရီးကောင်းတွေလည်းကြုံတွေ့ရတတ်ပါသည်။ရပ်ဝေးကစာအဆက်သွယ်ကောင်းတွေလည်းရရှိပါလိမ့်မည်။မိတ်ရင်းဆရာရင်းတွေရဲအထင်လွဲမှုတွေတော့ခံရတတ်ပါသည်။မြေ၊အမွေ၊ကားကိစ္စတွေအနှောက်ယှက်အထစ်အငေါ့ဖြစ်တတ်ပါသည်။သွပ်သံသစ်ရေထွက်ကုန်လုပ်ငန်းတွေကတော့အောင်မြင်မှုတွေရရှိတတ်ပါသည်။သူတပါးပြသနာကြာညှပ်ဖြေရှင်းရတတ်ပါသည်။သတိထားပါ။စပ်တူလုပ်ငန်းကိစ္စများဆုံဖြတ်ရန်ခတ်ခဲတတ်သည်။ငွေကြေးကိစ္စကတော့ပုံမှန်လည်ပတ်မှုရှိပါသည်။အိမ်ထောင်ရှင်များနားလည်မှုလွဲမှားတတ်သည်။
ငယ်ရွယ်သူများအချစ်ရေးကံကောင်းနေပါသည်။သင့်ကျန်းမာရေးကတော့ဦးခေါင်းကိုက်ခဲသောရောဂါဖြစ်တတ်သည်။သင့်အတွက်ကံကောင်စေသောအရောင်မှာအပြာရောင်ဖြစ်ပါသည်။သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
သပြေ(၂၁)ညွန်လှုပြီးလိုရာဆုတောင်းပါ။
စနေသား/သမီးများ
ဒီရက်ပိုင်းအတွင်းနာမည်ဂုဏ်သတင်းတက်စရာတွေကြုံတွေ့ရတတ်သည်။
နိုင်ငံခြားလူမျိုးခြားကိစ္စတွေအကျိုးထူးမည်။ခရီးကောင်းတွေလည်းကြုံတွေ့ရမည်။အလှူမင်္ဂလာဆောင်ကိစ္စတွေအောင်မြင်မည်။အထည်၊ထီး၊ဖိနပ်၊ကားကျောက်လုပ်ငန်တွေအကျိုးပေးအောင်မြင်ပါလိမ့်မည်။
အောက်လက်ငယ်သားကိစ္စစိတ်ရှုပ်ခေါင်းစားရတတ်သည်။ရွှေလုပ်ငန်းအရောင်းဝယ်အဆင်မပြေတတ်ပါ။
ငွေကြေးကတော့အဝင်များလိမ့်မည်။အိမ်ထောင်ရှင်များတကျက်ကျက်စကားများရတတ်သည်။
ငယ်ရွယ်သူများအချစ်ရေးကြည်နူးဖွယ်ရာများကြုံတွေရတတ်သည်။သင့်ကျန်းမာရေးကတော့ရင်ဘတ်အောင့်သောရောဂါဖြစ်တတ်ပါတယ်။သင့်အတွက်ကံကောင်စေသောအရောင်မှာအဝါရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
နန်းကြီးသုပ်(၂)ပွဲလှုပြီးမိမိလိုရာဆုတောင်းပါ။