
ဆရာအောင်ချစ်မင်းရဲ့ ၇ ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို LTS စာဖတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီးများအတွက်
ဒီရက်အတွင်းအိမ်၊ဆိုင်၊စက်၊အသုံးဆောင်ပစ္စည်းတွေတစ်ခုပြီးတစ်ခုဝင်လာတတ်သည်။ တစ်ခုတော့ရှိတယ်ရှိပြီးသားပစ္စည်းတွေတော့ထွက်တာပျက်တာတွေများနေတတ်ပါသည်။ ဒီအချိန်မှာငွေများများမကိုင်ထားသင့်ပါအဲဒီငွေကဆေးဖိုးဖြစ်သွားတတ်ပါသည်။ ဆန်၊ဆီ၊ဆေး၊ဆား၊စက်ပစ္စည်းလုပ်ငန်းတော့အထူးအကျိုးပေးအောင်မြင်ပါလိမ့်မည်။ စပ်တူလုပ်ငန်းသစ်တွေလည်းအောင်မြင်ပါလိမ့်မည်။အဆောက်ဦးကိစ္စတွေလည်းအောင်မြင်ပါလိမ့်မည်။ ခရီးသွားလာရေးကိစ္စတွေကတော့အလွဲလွဲအချော်ချော်တွေဖြစ်နေတတ်ပါသည်။ နိုင်ငံခြားခရီးနဲ့ပတ်သက်ရင်တော့မထင်မှတ်ပဲအခွင့်လမ်းကောင်းတွေရရှိတတ်ပါသည်။ မိတ်ဆွေရင်း၊ဆရာအရင်းတွေကြောင့်စိတ်ညစ်ရတတ်သည်။ ဘာလုပ်လုပ်ဒီအချိန်မှာစိတ်အနှောင့်ယှက်တွေဖြစ်နေရတတ်သည်။ စိတ်ကိုရှည်ရှည်ထားပြီးအလုပ်လုပ်ပါအောင်မြင်ပါလိမ့်မည်။ငွေကိစ္စတွေကတော့အထွက်များနေတတ်ပါသည်။ သင့်ကျန်းမာရေးကတော့အနည်းငယ်ဖျားနာတတ်သည်။ အိမ်ထောင်ရှင်များအတွက်အထစ်အငေါ့လေးတွေပြေလည်သွားလိမ့်မည်။ ငယ်ရွယ်သူများအချစ်ရေးကံနိမ့်နေတဲ့အချိန်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်စေသောအရောင်မှာနီညိုရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
အိမ်ဘုရာတွင်ဇော်စိမ်း(၈)ညွန့်လှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။
တနင်္လာသားသမီးများအတွက်
ဒီရက်ပိုင်းအတွင်းအဖက်ဖက်ကအခွင့်ရေးကောင်းတွေပေါ်လာလိမ့်မည်။ အလုပ်တွေတိုးချဲ့သင့်တဲ့အချိန်ဖြစ်ပါသည်။ ကံတရားကမျက်နှာသာပေးတဲ့ကိန်မျိုးဖြစ်ပါသည်။ ငွေဝင်မယ်ရွှေကံကောင်းမယ်။အနုပညာအလုပ်၊အလှကုန်အလုပ်တွေအထူးအကျိုးပေးအောင်မြင်ပါလိမ့်မည်။ စပ်တူလုပ်ငန်းကိစ္စ၊စာချုပ်ရမည့်ကိစ္စတွေကတော့အထူးသတိထားပါ။ ကိုယ်တိုးတက်အောင်မြင်တဲ့အပေါ်မနာလိုအပြိုင်အဆိုင်တွေလည်းပေါ်လာလိမ့်မည်။ သတိထားပါ။ အောက်လက်ငယ်သားအကျိုးပေးပါလိမ့်မည်။ အိမ်ထောင်ရှင်များအိမ်ထောင်ရေးစိတ်ဝမ်းကွဲရတတ်သည်။ ငယ်ရွယ်သူများအချစ်ရေးသတင်းကောင်းကြားရတတ်သည်။ သင့်ကျန်းမာရေးကတော့ကောင်းနေပါသည်။
သင့်အတွက်ကံကောင်စေသောအရောင်မှာမိုးပြာရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
မိမိအိမ်ဘုရားတွင်ခရေ(၆)ညွန့်လှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။

အင်္ဂါသားသမီးများအတွက်
ဒီရက်ပိုင်းအတွင်းမှာမိတ်ဆွေကောင်း၊ဆရာကောင်းတွေကြုံတွေရမည်။ ပညာရေးသင်တန်းကိစ္စ၊စာမေးပွဲကိစ္စအထူးကောင်းမွန်ပါသည်။ စပ်တူအလုပ်တွေလည်းအောင်မြင်ပါလိမ့်မည်။ စာချုပ်ရမည့်ကိစ္စတွေလည်းအဆင်ပြေလိမ့်မည်။ ပြည်တွင်းပြည်ပခရီးကောင်းများလည်းကြုံတွေ့ရမည်။ ငွေကြေးကံလည်းအလွန်ကောင်းနေပါသည်။ ဘာသာရေးလုပ်ငန်း၊ဘုရာဖူးခရီးတွေလည်းပေါ်လာမည်။ အလွန်ကောင်းပါသည်။ အလှူမင်္ဂလာပွဲတွေလည်းပေါ်လာမည်။ အထည်ထီးဖိနပ်လုပ်ငန်းတွေတော့သတိထားပြီးလုပ်ပါ။ စက်ပစ္စည်းလုပ်ငန်းတွေအောင်မြင်မည်။ အိမ်ထောင်ရှင်များအဆင်မပြေမှုများတတ်သည်။ ငယ်ရွယ်သူများအချစ်ရေးချစ်သူနှင့်အဆင်မပြေမှုလေးတွေဖြစ်ပြီးမှပြေလည်သွားလိမ့်မည်။ သင့်ကျန်းမာရေးကလေထိုးလေအောင့်ဖြစ်တတ်သည်။
သင့်အတွက်ကံကောင်စေသောအရောင်မှာခရမ်းရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
မိမိအိမ်ဘုရားတွင်စမူဆာ(၅)ခုလှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီးများအတွက်
ဒီရက်ပိုင်းအတွင်းအဘက်ဘက်က ကံဇာတာတွေပွင့်လန်းနေပါလိမ့်မည်။ လုပ်ငန်းစီးပွားရေးလည်းအရှိန်မြင့်ပြီးလုပ်သင့်သောအချိန်လည်းဖြစ်ပါသည်။ လုပ်ငန်းသစ်စခြင်း၊နေရာသစ်ပြောင်းခြင်းတွေကောင်းမွန်ပါသည်။ ရပ်ဝေးပြည်ပခရီးကောင်းတွေလည်းကြုံတွေ့ရတတ်ပါသည်။ ရပ်ဝေးက စာအဆက်သွယ်ကောင်းတွေလည်းရရှိပါလိမ့်မည်။ မိတ်ရင်းဆရာရင်းတွေရဲ့အထင်လွဲမှုတွေတော့ခံရတတ်ပါသည်။ မြေ၊အမွေ၊ကားကိစ္စတွေအနှောက်ယှက်အထစ်အငေါ့ဖြစ်တတ်ပါသည်။ သွပ်၊သံ၊သစ်၊ရေထွက်ကုန်လုပ်ငန်းတွေကတော့အောင်မြင်မှုတွေရရှိတတ်ပါသည်။ သူတစ်ပါးပြဿနာကြားညှပ်ဖြေရှင်းရတတ်ပါသည်။ သတိထားပါ။ စပ်တူလုပ်ငန်းကိစ္စများဆုံဖြတ်ရန်ခက်ခဲတတ်သည်။ ငွေကြေးကိစ္စကတော့ပုံမှန်လည်ပတ်မှုရှိပါသည်။ အိမ်ထောင်ရှင်များနားလည်မှုလွဲမှားတတ်သည်။ ငယ်ရွယ်သူများအချစ်ရေးကံကောင်းနေပါသည်။ သင့်ကျန်းမာရေးကတော့ဦးခေါင်းကိုက်ခဲသောရောဂါဖြစ်တတ်သည်။
သင့်အတွက်ကံကောင်စေသောအရောင်မှာအပြာရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
သပြေ(၂၁)ညွန်လှုပြီးလိုရာဆုတောင်းပါ။
ကြာသာပတေးသားသမီးများအတွက်
ဒီရက်ပိုင်းအတွင်းနာမည်ဂုဏ်သတင်းတက်စရာတွေကြုံတွေ့ရတတ်သည်။ နိုင်ငံခြား၊လူမျိုးခြားကိစ္စတွေအကျိုးထူးမည်။ ခရီးကောင်းတွေလည်းကြုံတွေ့ရမည်။အလှူ၊မင်္ဂလာဆောင်ကိစ္စတွေအောင်မြင်မည်။အထည်၊ထီး၊ဖိနပ်၊ကားကျောက်လုပ်ငန်တွေအကျိုးပေးအောင်မြင်ပါလိမ့်မည်။ အောက်လက်ငယ်သားကိစ္စစိတ်ရှုပ်ခေါင်းစားရတတ်သည်။ရွှေလုပ်ငန်းအရောင်းဝယ်အဆင်မပြေတတ်ပါ။ငွေကြေးကတော့အဝင်များလိမ့်မည်။ အိမ်ထောင်ရှင်များတကျက်ကျက်စကားများရတတ်သည်။ငယ်ရွယ်သူများအချစ်ရေးကြည်နူးဖွယ်ရာများကြုံတွေရတတ်သည်။ သင့်ကျန်းမာရေးကတော့ရင်ဘတ်အောင့်သောရောဂါဖြစ်တတ်ပါတယ်။
သင့်အတွက်ကံကောင်စေသောအရောင်မှာအဝါရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
နန်းကြီးသုပ်(၂)ပွဲလှုပြီးမိမိလိုရာဆုတောင်းပါ။

သောကြာသားသမီးများအတွက်
ဒီရက်ပိုင်းအတွင်း စိတ်လေစိတ်နှစ်ခွဖြစ်စရာတွေကြုံတွေ့ရတတ်သည်။ စိတ်ရှည်ရှည်ခေါင်းအေးအေးထားပြီးအလုပ်လုပ်သင့်ပါသည်။အထင်လွဲစွပ်စွဲခံရတာတွေလည်းကြုံတွေ့ရတတ်သည်။ နေရာထိုင်ခင်းအဆောက်ဦးကိစ္စတွေမတင်မကျဖြစ်တတ်သည်။ ပြည်တွင်ခရီးကောင်ပါသည်။ စက်မှုလုပ်ငန်တွေလွဲချော်မှုတွေဖြစ်ပေါ်တတ်ပါသည်။ အလုပ်လုပ်ပြီးငွေတွေမြုပ်နေတတ်ပါသည်။ အိမ်ထောင်ရှင်များအိမ်ထောင်ရေးစိတ်ချမ်းသာစရာတွေကြုံတွေ့ရတတ်သည်။ ငယ်ရွယ်သူများအချစ်ရေးခွဲခွာနေထိုင်ရတတ်သည်။ သင့်ကျန်းမာရေးကတောသွေးအားနည်းတတ်သည်။
သင့်အတွက်ကံကောင်စေသောအရောင်မှာအနက်ရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
အိမ်ဘုရားတွင်ပေါင်မုန့်(၅)ခုလှူပြီးလိုရာဆုတောင်းပါ။
စနေသားသမီးများအတွက်
ဒီရက်ပိုင်းအတွင်းအစစအရာရာသတိကြီးစွာထားဖို့လိုအပ်ပါသည်။ ရန်များသောအချိန်ဖြစ်ပါသည်။ ပြဿနာတွေလည်းတစ်ခုပြီးတစ်ခုဝင်လာတတ်ပါသည်။ ကိုယ့်ကိစ္စမဟုတ်လည်းသူတစ်ပါးကိစ္စတွေဖြေရှင်းရတတ်ပါသည်။ သတိထားပါ။ ခရီးကံတော့အလွန်ကောင်းပါသည်။မိတ်ဆွေတွေရဲ့အကူညီကောင်းတွေလည်းရရှိပါလိမ့်မည်။ အိမ်ကိစ္စ ၊အဖိုးတန်းပစ္စည်းအရောင်ဝယ်ကိစ္စတွေအောင်မြင်ပါလိမ့်မည်။ အိမ်ဆောက်ပစ္စည်း၊အုတ်၊သစ်၊အသီးနှံလုပ်ငန်းတွေအကျိုးပေးအောင်မြင်ပါလိမ့်မည်။ မြေ၊အမွေ၊ပညာရေးကိစ္စတွေကတော့ဆုံးဖြတ်ရခတ်လိမ့်မည်။ ငွေကြေးက အဝင်ထွက်မျှတပါလိမ့်မည်။ အိမ်ထောင်ရှင်များအိမ်ထောင်ဖက်ရဲ့သတင်းကောင်းကြားရမည်။ ငယ်ရွယ်သူများအချစ်ရေးဝေးလေကောင်း ဆိုတဲ့ကိန်းမျိုးကျနေပါသည်။ ကျန်မာရေးအစာအိမ်ရောဂါဖြစ်တတ်သည်။သတိထားပါ။
သင့်အတွက်ကံကောင်စေသောအရောင်မှာအစိမ်းရောင်ဖြစ်ပါသည်။
သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။
အိမ်ဘုရားတွင်သာသနာ့အလံ(၆)လက်လှူပြီးလိုရာဆုတောင်းပါ။