[UNICODE] အာဆင်နယ်အသင်းရဲ့ မန်နေဂျာဖြစ်သူ မီခယ် အာတီတာက သူ့အနေနဲ့ အသင်းလူစာရင်းကနေ ချန်လှပ်ခံလိုက်ရပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို အခွင့်အရေး လုံလုံလောက်လောက်ပေးခဲ့ပြီးပြီဖြစ်တာမို့ အခြေအနေတွေက ဘာမှပြောင်းလဲလာစရာမရှိတော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂျာမန်ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ဟာ လက်ရှိရာသီမှာ အာဆင်န်ယအသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းကနေရော၊ ယူရိုပါလိဂ် လူစာရင်းကနေပါ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အာတီတာက သူ့အနေနဲ့ အိုဇေးလ်ကို အခွင့်အရေး လုံလုံလောက်လောက် ပေးခဲ့ပြီးပြီလို့ ဆိုခဲ့ပါတယ်။ “ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပြီးပြီ ဆိုတာပါပဲ။ ကျွန်တော် သူ့ကို (နည်းစနစ်မှာ အံဝင်အောင်လုပ်ဖို့) အခွင့်အရေးတွေ အများကြီးပေးခဲ့တယ်။ ကျွန်တော့်ဘက်က လုပ်ပေးနိုင်တာမှန်သမျှ လုပ်ပေးပြီးပြီ။ ကျွန်တော် သည်းခံအချိန်ပေးခဲ့ပြီးပြီ။ ကိုယ့်အခွင့်အရေးကို…
Month: October 2020
ဝေးလော့ခ်ကို အာဆင်နယ်ကနေ ထွက်ခွာဖို့ တိုက်တွန်းလိုက်တဲ့ မန်ယူကွင်းလယ်လူဟောင်း
[UNICODE] လူငယ်ကွင်းလယ်လူ ဂျိုး ဝေးလော့ခ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အလိုရှိတယ်ဆိုရင် အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ လိုအပ်မှာဖြစ်တယ်လို့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်စ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဟားဂရေ့ဗ်စ်က အသက် ၂၁ နှစ်အရွယ် အင်္ဂလိပ် လူငယ်ကွင်းလယ်လူဟာ ပွဲထွက်ခွင့်နဲ့ထိုက်တန်တဲ့ ခြေစွမ်းနဲ့ အလားအလာမျိုးတွေကို ပိုင်ဆိုင်ထားပေမယ့် အာဆင်နယ်အသင်းမှာ လုံလောက်တဲ့ အသိအမှတ်ပြုမှုကို ရရှိခြင်းမရှိဘူးလို့ ယူဆနေတာဖြစ်ပါတယ်။ BT Sport ရဲ့ သုံးသပ်သူတစ်ယောက်ဖြစ်တဲ့ ဟားဂရေ့ဗ်စ်က ဝေးလော့ခ်တစ်ယောက် ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးကာ Man of the Match ဆုရရှိတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အာဆင်နယ် ၃-၀ ဒန်းဒါ့ခ်ပွဲစဉ်အပြီးမှာ ခုလို ပြောဆိုလိုက်ပါတယ်။ “သူ့အနေနဲ့ အသက်အရွယ်နဲ့ ခြေစွမ်းအရ ပုံမှန်ကစားခွင့်ရဖို့…
အူဘာမီယန်း ခြေစွမ်းမပြသနိုင်တော့တာ နည်းစနစ်ပိုင်း ပြဿနာဟုတ်ရဲ့လား
[UNICODE] လီဗာပူးလ် ဘယ်နောက်ခံလူဟောင်း စတီဖင် ဝါးနော့ခ်က အာဆင်နယ်အသင်းခေါင်းဆောင် ပီယာရီ-အမ်းမရစ် အူဘာမီယန်း တစ်ယောက်ခြေစွမ်းကျဆင်းသွားတာဟာ စာချုပ်သစ်က အကျိုးအမြတ်တွေကြောင့် ကြိုးစားအားထုတ်ချင်စိတ် လျော့နည်းသွားတာသာဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူးဟာ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းဘုရင်ဆု ရယူနိုင်ခဲ့သူဖြစ်သလို ယမန်နှစ်ရာသီတုန်းကလည်း အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုရာသီအစပိုင်းကာလတွေမှာတော့ ခြေစွမ်းပိုင်းကျဆင်းလာနေသလို သွင်းဂိုးတွေလည်း အလုံအလောက် သွင်းယူနိုင်ခြင်းမရှိသေးတာကို တွေ့မြင်နေရပါတယ်။ ဝါးနော့ခ်ကတော့ အူဘာမီယန်းတစ်ယောက် ခြေစွမ်းကျဆင်းသွားတာဟာ အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ + တန်ကြေးရှိတဲ့ ၃ နှစ်စာချုပ်သစ်ချုပ်ခဲ့တာနဲ့ သက်ဆိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။ “စာချုပ် ချုပ်ပြီးချိန်မှာ အူဘာမီယန်းက အူဘာမီယန်းနဲ့ မတူတော့ဘူးလို့ ကျွန်တော် မြင်ပါတယ်။ ဒီလိုပဲ ကျွန်တော် ပြောချင်ပါတယ်။…
မန်ယူကို အနိုင်ယူပြီး ပြီးပြည့်စုံတဲ့နိုင်ပွဲကို ရယူမယ်ဆိုတဲ့ အာတီတာ
[UNICODE] အာဆင်နယ်အသင်းရဲ့ မန်နေဂျာဖြစ်သူ မီခယ် အာတီတာက ခါးသီးလှတဲ့ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို လာမယ့် တနင်္ဂနွေနေ့ည ပွဲစဉ်မှာ အနိုင်ရလဒ်ရရှိအောင်စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ယခုတစ်ပတ် ယှဉ်ပြိုင်ကစားနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၇ မှာ အာဆင်နယ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဝေးကွင်းအဖြစ် သွားရောက်ရင်ဆိုင်တိုင်း အနိုင်ရလဒ် ရယူနိုင်ခြင်းမရှိတော့တာ ၂၀၀၆ ခုနှစ်ကတည်းကဖြစ်ပြီး ၁၄ နှစ်တိုင်နေပြီဖြစ်ပါတယ်။ အာတီတာကတော့ အဆိုပါ မှတ်တမ်းဆိုးကို ခြေဖျက်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ပြီးပြည့်စုံတဲ့ နိုင်ပွဲရယူသွားဖို့ မျှော်လင့်ချက်ထားနေတာဖြစ်ပါတယ်။ “ဒီပွဲက ကြီးကျယ်ခမ်းနားတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ ကျွန်တော်တို့ ယူနိုက်ကို သူတို့ကွင်းမှာ နောက်ဆုံးနိုင်ခဲ့တာက ၁၄ နှစ်ကြာခဲ့ပါပြီ။ လက်စတာကို အရေးနိမ့်ခဲ့တာမို့ ခုချိန်က…
ပွဲထွက်ခွင့်ရလာဖို့ နယ်လ်ဆင် ပြင်ဆင်ရမယ့် တစ်ခုတည်းသောအချက်က ဘာလဲ
[UNICODE] အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံကြယ်ပွင့် ရီးစ် နယ်လ်ဆင်ဟာ ပွဲထွက်ကစားသမားဖြစ်လာဖို့ နီးစပ်နေပြီဖြစ်တယ်လို့ Squawka သတင်းဌာနက သုံးသပ်လိုက်ပြီး ဒီအခွင့်အရေးကို ရယူပိုင်ဆိုင်နိုင်ဖို့ ပြင်ဆင်စရာ အချက် တစ်ချက်သာရှိတယ်လို့လည်း ဖော်ပြလိုက်ပါတယ်။ အသက် ၂၀ အရွယ် တောင်ပံကစားသမား နယ်လ်ဆင်ဟာ လက်ရှိရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ၂ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုးတွေ ဖန်တီးမှုတွေ ပြုလုပ်ထားနိုင်သေးခြင်းမရှိပေမယ့် တိုက်စစ်မှာ ပြိုင်ဘက်ကို ဖြိုလှဲနိုင်စွမ်းနဲ့ ဖြတ်ကျော်နိုင်စွမ်းကတော့ အတော်လေး ကောင်းမွန်နေခဲ့ပါတယ်။ ဒါကြောင့်လည်း လက်ရှိကာလမှာ နယ်လ်ဆင်ကို အသင်းမှာ ပွဲထွက်ခွင့် စမ်းသပ်ပေးအပ်ဖို့ ပရိတ်သတ်တွေဘက်က တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာနေတာပါ။ Squawka ကတော့ နယ်လ်ဆင်ဟာ ဘောလုံးထိမ်းသိမ်းနိုင်စွမ်း၊ သယ်ယူနိုင်စွမ်း၊ ခြေအနှုတ်အသိမ်း၊ ပြိုင်ဘက်ကို ဖြတ်ကျော်နိုင်စွမ်းနဲ့ ပြိုင်ဘက် ခံစစ်ကို အရှိန်နှုန်းနဲ့…
အာဆင်နယ် ၃-၀ ဒန်ဒါ့ခ် ပွဲစဉ်က မှတ်မှတ်ထင်ထင် အချက် ၅ ချက်
[UNICODE] တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေရှိနေတာကြောင့် ဝေဖန်ခံနေရတဲ့ အာဆင်နယ်အသင်းဟာ အိုင်ယာလန်ကလပ် ဒန်းဒါ့ခ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်အနိုင်ယူပြီး ဖိအားတွေကို လျှော့ချနိုင်ခဲ့ပါတယ်။ ဂိုးပေါက်ကန်သွင်းချက် ၂၁ ကြိမ်အထိရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကလည်း ၆၆% ရာခိုင်နှုန်းအထိရှိခဲ့တာပါ။ ဂိုးပေါက်တည့် ကန်ချက် ၆ ကြိမ်သာရှိခဲ့တာကိုတော့ ပြင်ဆင်ရပါဦးမယ်။ တစ်ဖက်က ပြန်စဉ်းစားမယ်ဆိုရင်လည်း အာဆင်နယ်အသင်းရဲ့ ဂိုးပေါက်တည့်ကန်ချက်ကို ဂိုးအဖြစ် အသွင်ပြောင်းနိုင်တဲ့နှုန်း (Goal Conversion Rate) က အားကောင်းနေဆဲလို့ ဆိုရမှာပါ။ ပြိုင်ဘက်က အားနည်းတယ်ဆိုပေမယ့် အသင်းကိုယ်တိုင်ကလည်း လူငယ်တွေနဲ့ အရံကစားသမားတွေကိုသာ ရာနှုန်းပြည့် ပွဲထွက်စေခဲ့တာမို့ အစောပိုင်း မိနစ် ၃၀ လောက်အထိ ကစားကွက်တည်ငြိမ်ဖို့ ရုံးကန်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း တိုက်စစ်က ထိရောက်လာခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ထုံးစုံအတိုင်း ဂိုးပေါက်ပွင့်တာနဲ့…