ညက အတော်များသွားပြီလို့ မနက်အိပ်ယာနိုးနိုးချင်းမှာ တွေးနေမိပြီဆိုရင် သေချာတယ် သင် အရက်နာကျနေပြီဆိုတာပါပဲ။ ပြီးရင်တွေးပါလိမ့်မယ် “တော်ပြီ နောက်တစ်ခါ ငါမသောက်တော့ဘူးကွာ” ဆိုပြီးပေါ့။ ဒီလိုတွေ ကြုံဆုံရပေမယ့် ယမကာလုလင်တွေကတော့ အရက်ကို ဖြတ်တော်မမူပဲ ဆက်ပြီးစွဲစွဲမြဲမြဲ မှီဝဲကြပြန်ပါတယ်။ နောက်တစ်ခါ အရက်နာပြန်ကျရင် ထပ်တွေးမယ်၊ “ငါထပ်မသောက်တော့ဘူး” ဆိုပြီးပေါ့။ ဒီလိုပဲ သံသရာလည်နေတာမဟုတ်လား။ ခုလိုဖြစ်နေစေရတဲ့ အကြောင်းအရင်းတွေထဲမှာ အရက်နာကျတာက ဆိုးရွားတဲ့ ပြဿနာတစ်ခုမဟုတ်ဘူးလို့ အစဉ်အဆက် ယူဆထားကြတာကြောင့်ဖြစ်ပါတယ်။ ယုံတမ်းအမှားတွေကြောင့် အရက်နာကျတာနဲ့ ပတ်သက်ပြီး တလွဲတွေ ရှုမြင်လာမိကြတာပေါ့။ တကယ်တော့ အရက်နာကျတာဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပြဿနာတစ်ရပ်ပါ။ ဒါကြောင့် အရက်နာကျခြင်းနဲ့ ပတ်သက်ပြီး လူအများစုယူဆနေကြတာတွေရဲ့ အမှန်အမှားတွေကို ရှင်းပြလိုပါတယ်။ MYTH: အရက်နာကျတာ ပြဿနာကြီးကြီးမားမား မဟုတ်ဘူး အရက်နာကျတာ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။…
Month: November 2020
မြန်မာနိုင်ငံကို ရောက်လာနိုင်ခြေအရှိဆုံး COVID-19 ကာကွယ်ဆေး (သို့) Sputnik V
ခုကာလက COVID-19 ကာကွယ်ဆေးကို နိုင်ငံတိုင်း မျှော်လင့်တောင့်တနေကြတဲ့အချိန်ပါ။ နိုင်ငံတကာမှာ ဒီရောဂါဆိုးကြီးကို တားဆီးနိုင်ဖို့ ကာကွယ်ဆေးအမျိုးမျိုးကို ကြိုးစားဖန်တီးနေကြနေပါတယ်။ အဓိက ဖန်တီးနေကြတဲ့တိုင်းပြည်တွေကတော့ ထုံးစံအတိုင်း ကမ္ဘာ့ထိပ်တန်း နည်းပညာဖွံ့ဖြိုးမှုအားကောင်းတဲ့ တိုင်းပြည်ကြီးတွေဖြစ်ကြတဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်၊ ရုရှားနဲ့ အစ္စရေးလ်တို့ပါပဲ။ ကျန်တဲ့တိုင်းပြည်အသီးသီးကလည်း ဒီတိုင်းပြည်တွေကထုတ်လုပ်ဖြန့်ချိလာမယ့် ကာကွယ်ဆေးတွေကို မိမိတို့နဲ့ ကိုက်ညီအလျဉ်းသင့်ရာ ဝယ်ယူအသုံးချဖို့ စီစဉ်နေကြပါတယ်။ လတ်တလောမှာတော့ လက်ရှိမှာ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးသစ်နဲ့ Moderna ရဲ့ ကာကွယ်ဆေးသစ်တွေဟာ စမ်းသပ်မှုအဆင့်ဆင့်မှာ ရလဒ်အကောင်းဆုံးဖြစ်နေပြီး အောင်မြင်မှုရရှိသွားခဲ့ပြီဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာ စတင်ဖြန့်ချိဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။ ဒါ့အပြင် AstraZeneca-Oxford ၊ Johnson & Johnson ၊ တရုတ်က CanSino Biologics၊ ဂျာမနီက CureVac၊…
ကိုဗစ်ကပ်ဘေးမှာ ဝက်ကလေးအဖြစ်ခံတော့မှာလား
COVID-19 ဒုတိယလှိုင်းဖြစ်လာတာကြောင့် လူအများစုက လမ်းပေါ်မထွက်ဖြစ်ကြတော့ဘူး။ ဒီလိုအခြေအနေမျိုးမှာ အားလုံးက စားလိုက်၊ အိပ်လိုက်နဲ့ တစ်နေ့တာကို ပျင်းရိငြီးငွေ့စွာ ဖြတ်သန်းနေကြရတာများပါတယ်။ တစ်ချို့ကတော့ Work Form Home အနေနဲ့ နေအိမ်မှာ အလုပ်လုပ်နေကြရတာမို့ ကွန်ပျူတာနဲ့ မျက်နှာ မခွာနိုင်ပဲ တစ်နေ့တာလုံး ရုံးတက်ချိန်လိုပဲ အလုပ်တွေနဲ့ လုံးပန်းနေကြရတာမျိုးလည်း ရှိကြရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိလူအများစု နေထိုင်နေကြရတဲ့ လူနေမှုစတိုင်တွေကတော့ ကျန်းမာရေးနဲ့ မညီညွတ်တာအမှန်ပါပဲ။ တနေ့တနေ့ စားလိုက်သောက်လိုက်နဲ့မို့ ကပ်ကြီးလဲပြီး ဝက်ကြီးလဲဖြစ် ဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာတောင် နောက်ပြောင်နေကြရတဲ့အထိပါပဲ။ ကိုယ့်အိမ်မှာ အချိန်တွေပိုနေ၊ အနားရနေချိန်မှာ ကိုယ်အလေးချိန် မြင့်တက်တာမျိုးဖြစ်မလာအောင် ဘယ်လိုနေထိုင်ကြမလဲ။ မဖြစ်မနေ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းလေး ၇ သွယ်ကို ပြောပြချင်ပါတယ်။ နေ့စဉ် ကယ်လိုရီပမာဏကို ချိန်ညှိပါ ကယ်လိုရီ…
တစ်ကမ္ဘာလုံး ပါးစပ်အဟောင်းသားဖြစ်သွားအောင်လုပ်ပြမယ်လို့ ကြုံဝါးလိုက်တဲ့ အူဘာမီယန်း
[UNICODE] အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ပီယာရီ-အမ်းမရစ် အူဘာမီယန်းက သူတို့အသင်းဟာ လက်တလောမှာ ခြေစွမ်းတည်ငြိမ်မှုတွေ၊ တိုက်စစ်ပိုင်းအားနည်းချက်တွေ ရှိနေပေမယ့် မကြာခင်အချိန်အတွင်းမှာ တစ်ကမ္ဘာလုံး အံ့အားသင့်သွားစေမယ့် စွမ်းဆောင်ရည်မျိုးတွေ ပြသနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြည်တွင်းပြည်ပ ဖလားပြိုင်ပွဲတွေမှာ ရလဒ်တွေကောင်းမွန်နေပေမယ့်လည်း ပြည်တွင်းအမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ၉ ပွဲကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၄ ပွဲရှုံးနဲ့ ရလဒ်ဆိုးတွေ ကြုံဆုံနေရသလို တိုက်စစ်ပိုင်းကလည်း ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရတဲ့အသင်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အူဘာမီယန်းကတော့ ခုလိုပြောဆိုသွားခဲ့ပါတယ်။ “အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက ဂိုးရယူနိုင်စွမ်း နည်းပါးနေတာပါပဲ။ ဒါပေမယ့် မန်နေဂျာနဲ့ ကစားသမားတွေအားလံး ဒီပြဿနာကို ဖြေရှင်းကျော်လွှားနိုင်ဖို့ အပြင်းအထန်ကြိုးပမ်းနေကြပါတယ်” လို့ အူဘာမီယန်းက AfriqueSports ကို…
ပက်ပေရဲ့ အကောင်းဆုံးအချိန်ကို ရောက်လာတော့မယ်လို့ ယွန်းဘတ် သုံးသပ်
[UNICODE] အာဆင်နယ်အသင်းရဲ့ ယာယီနည်းပြဟောင်း ဖရက်ဒီ ယွန်းဘတ်က လက်ရှိအချိန်မှာ ခြေစွမ်းမတည်ငြိမ်မှုကြောင့် ဝေဖန်ခံနေရတဲ့ နီကိုလပ် ပက်ပေရဲ့ အကောင်းဆုံးခြေစွမ်းကို မကြာခင်မှာ မြင်တွေ့ရလိမ့်မယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ယွန်းဘတ်က ပက်ပေဟာ လူသားတစ်ယောက်ဖြစ်တာမို့ အမှားအယွင်းကျူးလွန်တာဟာ သဘာဝအကြောင်းတရားတစ်ခုသာဖြစ်ပြီး ပြင်းထန်စွာဝေဖန်တိုက်ခိုက်တာမျိုးတွေ မပြုလုပ်ဖို့လည်း တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ “နီကိုရဲ့ အကောင်းဆုံးအချိန်ကို ရောက်လာမှာပါ။ နီကိုက ကောင်းကောင်းအလုပ်လုပ်ချင်သူပါ။ ကစားသမားတိုင်းကတော့ အမှားကျူးလွန်ဖူးကြတာပါပဲ။ ကျွန်တော်ဆိုလည်း စပါးနဲ့ပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန်တွေ ဝေဖန်တိုက်ခိုက်တာမျိုး မလုပ်ကြပါနဲ့။ ဒီလိုအမှားမျိုးဆိုတာ လူတိုင်းဖြစ်နိုင်တဲ့ ကိစ္စမျိုးမို့ပါ” လို့ ယွန်းဘတ်က ဆိုသွားခဲ့ပါတယ်။ “အရေးအကြီးဆုံးအချက်က သူ့ဘက်က တုန့်ပြန်ပေါက်ကွဲပြမယ့် နည်းလမ်းပါပဲ။ ပိုမိုကြိုးစားအားထုတ်ပြီး သူဘယ်လောက်ကောင်းတယ်ဆိုတာကို သက်သေပြဖို့က အဓိက ကိစ္စရပ်ပါ။ လူတိုင်းက သူ့ကို အာရုံစိုက်နေကြတာပါ။…
အိုဇေးလ်ကို အသုံးချဖို့ တိုက်တွန်းလိုက်တဲ့ ဖရက်ဒီ ယွန်းဘတ်
[UNICODE] အာဆင်နယ်အသင်းရဲ့ ယာယီနည်းပြဟောင်း ဖရက်ဒီ ယွန်းဘတ်က အသင်းဟောင်းအနေနဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို နည်းမှန်လမ်းမှန် ပုံစံမျိုးနဲ့ အသုံးချဖို့ လိုအပ်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဂန္တဝင်တောင်ပံလူဟောင်းလည်းဖြစ်တဲ့ ဆွီဒင်သားယွန်းဘတ်က အိုဇေးလ်မှာ ခံစစ်ကို မကူညီချင်တဲ့ စိတ်နေသဘောထားမျိုးရှိတာကို သူသိပေမယ့် တစ်ချို့သောပွဲစဉ်တွေမှ ပြိုင်ဘက်ခံစစ်ကို ဖြိုလှဲဖို့ဆိုရင် မီဆွတ် အိုဇေးလ်ဟာ မဖြစ်မနေလိုအပ်တဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ “မီဆွတ်က ထိပ်တန်း ကြယ်ပွင့်တစ်ယောက်ပါ။ ကျွန်တော်တို့ အားလုံး ဒါကို သိနားလည်ထားကြပါတယ်။ ဒါပေမယ့် ကျွန်တော်အပါအဝင် လူတိုင်းမှာ မတူညီတဲ့ရှုထောင့်အမြင်တွေ ရှိထားကြပါတယ်။ ကျွန်တော့်အတွက်တော့ ဘောလုံးအားကစားရဲ့ နည်းလမ်းတွေဟာ အတော်လေးပြောင်းလဲလာနေပြီလို့ မြင်ပါတယ်။ နောက်ပြီး သူက ခံစစ်ကိုစိတ်ဝင်စားတဲ့ အားကစားသမားမျိုးမဟုတ်ဘူးဆိုတာကိုလည်း သိထားပြီးသားပါ။ ဒါပေမယ့် ခင်ဗျားက မန်စီးတီးလိုအသင်းမျိုးနဲ့ကစားနေပြီး ဘောလုံးလည်းဆုံးရှုံးထားတယ်ဆိုရင်…