[UNICODE] ထိပ်တန်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic သတင်းဌာနက နာမည်ကျော်သတင်းထောက် ဒေးဗစ် အွန်းစတိန်းက လာမယ့်ဇန်နဝါရီမှာ အာဆင်နယ်အသင်းထံ ရောက်ရှိလာဖို့ ဖြစ်နိုင်ခြေအမြင့်မားဆုံး ကွင်းလယ် ကစားသမား ၅ ဦးကို ထုတ်နှုတ်ရွေးချယ်ပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကွင်းလယ် ဖန်တီးရှင်သစ် ခေါ်ယူဖို့ စီစဉ်နေပြီး ဒီအစီအစဉ်ဟာ ယခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ မဖြစ်မနေ ပြုလုပ်သွားမယ့် အပြောင်းအရွှေ့ အစီအစဉ်ဖြစ်တယ်လို့ အွန်းစတိန်းက ဆိုပါတယ်။ ဂန်းနားတွေဟာ ဥရောပတစ်လွှားထိပ်တန်းလိဂ်တွေက ကွင်းလယ်လူ အမြောက်အများကို စောင့်ကြည့်မှုတွေပြုလုပ်နေပေမယ့် အွန်းစတိန်းရဲ့ ရွေးချယ်မှုအရ အသင်းကို ရောက်ရှိလာနိုင်ခြေ အများဆုံး ကစားသမားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁။ ခရစ္စတီယန် အဲရစ်ဆင် (၂၈ နှစ်၊ အင်တာမီလန်၊ တန်ကြေး ပေါင် ၁၈ သန်း)…
Month: December 2020
အာဆင်နယ်မှာ EPL ချန်ပီယံမျှော်လင့်ချက် ရှိနေသးလား
[UNICODE] အာဆင်နယ်အသင်းက လူငယ်တွေဖြစ်ကြတဲ့ ဆာကာ၊ စမစ်-ရိုးနဲ့ မာတီနယ်လီတို့ဟာ ဂန်းနားတွေကို တန်းဆင်းဇုံမှာ ရုံးကန်နေရတဲ့ ဘဝကနေ ဥရောပဝင်ခွင့်တိုက်ပွဲဝင်တဲ့အသင်းဖြစ်အောင် ပြန်လည်ဆွဲတင်နိုင်ခဲ့တယ်လို့ Goal သတင်းဌာနက ရေးသားချီးမွမ်းသွားခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းသာ မှန်ကန်တဲ့ဖြည့်ဆည်းမှုတွေပြုလုပ်ပြီး ဒါဏ်ရာပြဿနာကင်းစင်ကာ ကံကြမ္မာမျက်နှာသာပေးမယ်ဆိုရင် ချန်ပီယံဆုအတွက် မျှော်လင့်လို့ရသေးတယ်လို့ ဆိုလိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အာဆင်နယ်အသင်းဟာ ပွဲစဉ် ၁၆ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၀ နဲ့ အဆင့် ၁၃ နရာမှာ ရပ်တည်နေပေမယ့် အဆင့် ၆ နေရာက ချယ်လ်ဆီးနဲ့ ၆ မှတ်သာ ကွာဟသလို အဆင့် ၁ နေရာက လီဗာပူးလ်နဲ့လည်း ၁၃ မှတ်သာ ကွာဟချက်ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ ခြေစွမ်းပေါ်မူတည်ပြီး ချန်ပီယံဖြစ်ခွင့်ရော တန်းဆင်းခွင့်ပါရှိနေတယ်လို့ ဆိုရမှာပါ။…
ဆာကာကြောင့် ပက်ပေရဲ့ အာဆင်နယ်ကစားသမားဘဝ ပြီးဆုံးခဲ့ပြီလား
[UNICODE] ထိပ်တန်းသတင်းဌာနတစ်ခုဖြစ်တဲ့ Football London ကတော့ ဘူကာယို ဆာကာကို ညာတောင်ပံမှာ ကစားဖို့ ဆုံးဖြတ်လိုက်တဲ့ နည်းပြအာတီတာရဲ့ ဆုံးဖြတ်ချက်ကြောင့် အိုင်ဗရီကို့စ် ကြယ်ပွင့် နီကိုလပ် ပက်ပေရဲ့ အာဆင်နယ်ကစားသမားဘဝ အဆုံးသတ်သွားစေခဲ့ပြီဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။ အသင်းရဲ့သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားဖြစ်တဲ့ နီကိုလပ် ပက်ပေဟာ အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုံးကန်နေရသူဖြစ်ပြီး လက်ရှိရာသီမှာ ၅ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးပေးထားပေမယ့် အသင်းနဲ့ပေါင်းစပ်ကစားနိုင်စွမ်းမှာ အားနည်းလွန်းနေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ နည်းပြဖြစ်သူ မီခယ် အာတီတာဟာ ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်ကနေစပြီး အသင်းရဲ့ ကစားကွက်ကို ၄-၂-၃-၁ ပုံစံကို ပြောင်းလဲပြင်ဆင်ခဲ့ပြီး လူငယ်ကစားသမား ဘူကာယို ဆာကာကို ကွင်းလယ်တိုက်စစ် ၃ ယောက်တန်းရဲ့ ညာခြမ်းမှာ နေရာချကစားစေခဲ့ပါတယ်။ ဘယ်တောင်ပံတိုက်စစ်၊ ညာတောင်ပံတိုက်စစ်နဲ့ ဘယ်နောက်ခံလူနေရာတွေမှာ…
အာဆင်နယ်ရဲ့ ၂၀၂၁ အစီအစဉ်မှာ ဝီလီယံမပါပဲ စမစ်-ရိုးသာပါဝင်တယ်လို့ Goal ဖော်ပြ
[UNICODE] ထိပ်တန်းသတင်းဌာနကြီးဖြစ်တဲ့ Goal ကတော့ အာဆင်နယ်အသင်းရဲ့ ၂၀၂၁ ခုနှစ်အတွက် အစီမံတွေမှာ ဝါရင့်တောင်ပံလူ ဝီလီယံ ပါဝင်တော့မှာမဟုတ်ပဲ လူငယ်ကြယ်ပွင့် အီမီလီ စမစ်-ရိုးနဲ့ အစားထိုးလိုက်ပြီဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ အင်္ဂလိပ်လူမျိုး လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားလေးဟာ အာဆင်နယ်အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၂ ပွဲမှာပါဝင်ကစားခဲ့ပြီး ၂ ပွဲလုံးအနိုင်ရရှိစေဖို့ အထောက်အကူကောင်းတွေ ပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကောင်းမွန်ပြီး တစ်ဦးချင်းဖြတ်ကျော်နိုင်စွမ်း၊ ဘောလုံးဖြန့်ဝေနိုင်စွမ်းနဲ့ ဘောလုံးအမြင်ရှိမှုတွေကို ကျွမ်းကျင်သူတွေသာမက ပရိတ်သတ်တွေကလည်း သဘောကျနှစ်ခြိုက်ခဲ့ကြပြီး နည်းပြအာတီတာက ကိုယ်တိုင်ကလည်း စမစ်-ရိုးကြောင့် အသင်းရဲ့ ကစားဟန်နဲ့ တိုက်စစ်ဆင်မှုပိုင်းတွေမှာ ပြောင်းလဲတိုးတက်လာခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ “အီမီလီက အသင်းကို ခြားနားသွားအောင် ဖန်တီးပေးခဲ့တယ်။ သူက တကယ်ကို ခြားနားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကွင်းလယ်လူတစ်ယောက်ပါ”…
ဘရိုက်တန် ဝ-၁ အာဆင်နယ် ပွဲစဉ်က မှတ်မှတ်ထင်ထင် အချက် ၅ ချက်
[UNICODE] အာဆင်နယ်အသင်းဟာ ဒီဇင်ဘာပွဲကျပ်ကာလမှာ ရလဒ်တွေ ပြန်မှန်လာခဲ့ပါတယ်။ ချယ်လ်ဆီးကို အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာ ဘရိုက်တန်ကို အဝေးကွင်းမှာ ဝ-၁ ရလဒ်နဲ့ ထပ်မံအနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အဆင့် ၁၃ နေရာထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ခြေစွမ်းပိုင်းမှာ အားနည်းချက်လေးတွေ နည်းနည်းစီရှိနေသေးပေမယ့် ၂ ပွဲမှာ ၆ မှတ်စုဆောင်းနိုင်ခဲ့တဲ့အပြင် ၄ ဂိုးသွင်းယူကာ ၁ ဂိုးသာ ပြန်လည်ခွင့်ပြုခဲ့ရတာမို့ တိုးတက်မှုကတော့ သိသာတယ်လို့ဆိုရမှာပါ။ မနက်ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ချယ်လ်ဆီးနဲ့ပွဲက လူစာရင်းကို ၁ ယောက်ပဲ လဲပြီး ပြန်အသုံးပြုခဲ့ပါတယ်။ ဒီပွဲမှာလည်း ရလဒ်ကောင်းခဲ့တာမို့ လက်ရှိလူစာရင်းက ကစားသမားအများစုဟာ ပုံမှန်ပွဲထွက်ကစားသမားတွေဖြစ်လာဖို့ အခွင့်အလမ်းများနေသူတွေလို့ ယူဆရမှာပါ။ ဂန်းနားတွေဟာ Back-to-back နိုင်ပွဲရယူနိုင်ခဲ့ပေမယ့် အလွယ်တကူအနိုင်ရခဲ့တာတော့မဟုတ်ပါဘူး။ သရေပွဲ ၇ ပွဲအထိ ရယူထားတဲ့…
အာဆင်နယ်အသင်းရဲ့ ကယ်တင်ရှင်တွေလို့ လူငယ် ၃ ယောက်ကို အီယန် ရိုက်ချီးမွမ်း
[UNICODE] ဂါဘရီယယ် မာတီနယ်လီ၊ ဘူကာယို ဆာကာနဲ့ အီမီလီ စမစ်-ရိုးတို့ဟာ အာဆင်နယ်အသင်းကို အခြေအနေဆိုးတွေကနေ ကယ်တင်ပေးခဲ့တယ်လို့ ဂန္တဝင်ဟောင်း အီယန် ရိုက်က ချီးမွမ်းစကားဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့ရကာနေ ပြီးခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းမှာ ၃-၁ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး ဒီကနေ့မနက်ပိုင်း ပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ ဝ-၁ ရလဒ်နဲ့ ထပ်မံအနိုင်ရခဲ့ပါတယ်။ အီယန် ရိုက်ကတော့ အာဆင်နယ်အသင်းရဲ့ ခုလိုမျိုး Back-to-back နိုင်ပွဲရယူနိုင်ခဲ့မှုမှာ လူငယ် ၃ ဦးရဲ့ စွမ်းဆောင်ရည်က အဓိကဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပြီး သူတို့တွေဟာ အသင်းရဲ့ ကံကြမ္မာကို လှည့်ပြောင်းပေးနိုင်ခဲ့သူတွဖြစ်တယ်လို့ ချီးမွမ်းစကားဆိုသွားခဲ့တာဖြစ်ပါတယ်။ “အာဆင်နယ် ပရိတ်သတ်တွေတိုင်းသိပါတယ်။ မာတီနယ်လီ၊ စမစ်-ရိုးနဲ့ ဆာကာတို့ အသင်းအတွက် ဘာတွေလုပ်ပေးခဲ့ကြတယ် ဆိုတာကိုပေါ့။…