[UNICODE] Sky Sports ရဲ့ သုံးသပ်သူ ဂျေမီ ကာရေကာက ဒီမနက်မှာကစားသွားတဲ့ အာဆင်နယ် – မန်ယူပွဲစဉ်မှာ အာဆင်နယ်ဘက်က အဓိက ကစားသမားတချို့သာ ဒါဏ်ရာပြဿနာတွေကြောင့် မလွဲချော်ခဲ့ဘူးဆိုရင် ဂန်းနားတွေ သေချာပေါက် အနိုင် ၃ မှတ်ရသွားလိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ်မှာ ကွာရန်တင်းဝင်နေရတဲ့ တိုက်စစ်မှူး အူဘာမီယန်း၊ တင်ပါးဆုံဒါဏ်ရာရသွားတဲ့ ဆာကာ၊ ကြံ့ခိုင်မှုမပြည့်ဝသေးတဲ့ တီယာနီ၊ လေ့ကျင့်ခန်းပြန်ဆင်းကာစ မာရီတို့တို့ကို လက်လွှတ်ပြီး အဆိုပါကစားသမားတွေနေရာမှာ ပက်ပေ၊ ဆိုအာရက်စ်၊ မာတီနယ်လီ၊ လူးဝီးစ်တို့နဲ့ အစားထိုးကာ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒါပေမယ့်လည်း ဂန်းနားတွေဟာ လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်းအကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေတဲ့ မန်ယူအသင်းကို ကောင်းကောင်း ရင်ဆိုင်နိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းခွင့် ၁၇ ကြိမ်အထိရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။…
Month: January 2021
အူဘာမီယန်းမရှိလဲ အသင်းယိမ်းယိုင်သွားမှာမဟုတ်ဘူးလို့ အာတီတာပြော
[UNICODE] နည်းပြဖြစ်သူ မီခယ် အာတီတာက အသင်းမှာ အူဘာမီယန်းပါဝင်မကစားနိုင်ပေမယ့် အသင်းရဲ့ အခြေအနေဟာ ယိမ်းယိုင်သွားမှာမဟုတ်ပဲ လမ်းကြောင်းမှန်ပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်သွားနေနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်န်ယအသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်၊ အဓိကတိုက်စစ်မှူးလည်းဖြစ်တဲ့ အူဘာမီယန်းဟာ မိခင်ဖြစ်သူရဲ့ အရေးပေါ်ကျန်းမာရေးပြဿနာကြောင့် စနေနေ့မှာ ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မတိုင်ခင် နာရီပိုင်းအလိုမှာ အသင်းထံကနေ ခွင့်ယူသွားခဲ့ရသူဖြစ်ပါတယ်။ ဂါဘွန်သားဟာ ပြင်သစ်အထိသွားခဲ့ရတာမို့ အပြန်မှာ ကွာရန်တင်းဝင်နေရပြီး ဒီကနေ့ညမှာ ကစားမယ့် မန်ယူနဲ့ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း နည်းပြဖြစ်သူ မီခယ် အာတီတာကတော့ သူတို့အသင်းဟာ ရလဒ်ကောင်းတွေကို အသင်းခေါင်းဆောင်ကြီး မပါဝင်ပဲ ဆက်လက်ရှာဖွေသွားနိုင်လိမ့်မယ်လို့ ပြောဆိုလာခဲ့ပါတယ်။ “ဒီအခြေအနေက ကျွန်တော်တို့ရဲ့ တိုးတက်မှုကို သက်သေပြရမယ့် အခွင့်အရေးကောင်းပါ။ ကျွန်တော်တို့ကတော့ ဘယ်အခြေအနေမှာမဆို ရလာသမျှ အခွင့်အရေးတွေကို အသုံးချသွားဖို့ စိတ်ဆန္ဒရှိထားပါတယ်။…
အာဆင်နယ်နဲ့ မန်ယူအကြားမှာ အရင်လောက် ပြိုင်ဆိုင်မှု မပြင်းထန်တော့ဘူးလား
[UNICODE] အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက အာဆင်နယ်အသင်းနဲ့ မန်ယူတို့အကြားမှာ ယခင်တုန်းကလောက် ပြိုင်ဆိုင်မှု မပြင်းထန်တော့ပဲ သွေးအေးလာနေပြီလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ည ၁၂ နာရီမှာ ရင်ဆိုင်ကစားရမယ့် အာဆင်နယ် – မန်ယူ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာတီတာက ခုလိုမျိုးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ မန်ယူတို့ဟာ တချိန်တုန်းက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့ မဟာပြိုင်ဘက်အသင်းတွေဖြစ်ခဲ့ပြီး ‘Battle of Old Trafford’ ၊ ‘Pizzagate’ စတဲ့ဖြစ်ရပ်တွေကြောင့် နှစ်ဘက် ပရိတ်သတ်တွေ၊ ကစားသမားတွေနဲ့ နည်းပြတွေအကြားမှာ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေ၊ တင်းမာမှုတွေ ရှိခဲ့ဖူးတဲ့အသင်းတွေပါ။ ဂန္တဝင်နည်းပြတွေဖြစ်ကြတဲ့ ဖာဂူဆန်နဲ့ အာဆင်းဝင်းဂါးတို့ ထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာ နှစ်ဘက်အသင်းတွေရဲ့ ခြေစွမ်းပိုင်းတွေ၊ ရလဒ်ပိုင်းတွေ တည်ငြိမ်မှုကင်းမဲ့သွားခဲ့ပြီး အရင်လိုအောင်မြင်တဲ့ထိပ်တန်းကလပ်အဆင့်ကို ပြန်လည်ရောက်ရှိဖို့ နှစ်သင်းစလုံး ပြန်လည်ကြိုးပမ်းနေရဆဲပါ။ “ခုချိန်မှာ…
အိုဒီဂတ်နဲ့ စမစ်-ရိုးကို အတူတူ ကစားခိုင်းလို့ရပါတယ် – အာတီတာ
[UNICODE] အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက ကွင်းလယ်လူသစ် မာတင် အိုဒီဂတ်နဲ့ အသင်းမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတဲ့ လူငယ်ကွင်းလယ်တိုက်စစ်ကစားသမား အီမီလီ စမစ်-ရိုးတို့ကို အတူတကွ ပွဲထွက်ကစားခိုင်းလို့ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ နော်ဝေကြယ်ပွင့်ဟာ ကွင်းလယ်တိုက်စစ်မှာ အဓိက ကစားသူဖြစ်ပြီး စမစ်-ရိုးကလည်း No.10 role မှာ အသက်အရွယ်နဲ့မလိုက်အောင် အကောင်းဆုံးခြေစွမ်းပြသနေတာကြောင့် သူတို့နှစ်ဦးမှာ တစ်ဦး အရံခုံထိုင်နေရမှာကို အာဆင်နယ်ပရိတ်သတ်တွေက စိုးရိမ်နေခဲ့ကြတာပါ။ နည်းပြ အာတီတာကတော့ တစ်ယောက်ပွဲထွက်ခွင့်ရဖို့ တစ်ယောက်အရံခုံထိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးမထားဖို့ ပြောဆိုသွားခဲ့ပြီး ဘာကြောင့်လဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။ “သူတို့နှစ်ယောက် အတူကစားနိုင်တာပေါ့ဗျာ။ တစ်ယောက်အတွက် နောက်တစ်ယောက်ကို ဖယ်ထုတ်ရမယ်ဆိုတာ မဟုတ်ပါဘူး။ အီမီလီက ပွဲထွက်ခွင့်နဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသထားသူပါ။ မာတင်ကလည်း ဒီလိုလုပ်နိုင်စွမ်းရှိတဲ့သူမျိုးပါ” လို့ အာတီတာက ဆိုသွားခဲ့ပါတယ်။…
ဆာကာကို အလွန်အကျွံ အသုံးမချဖို့ သတိပေးခံရတဲ့ အာတီတာ
[UNICODE] လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာတစ်ယောက် ပင်ပန်းနွမ်းနယ်လွန်းပြီး ခြေစွမ်းကျဆင်းသွားတာမျိုးဖြစ်မသွားစေဖို့ အလွန်အကျူးအသုံးမချမိအောင် သတိထားဖို့ လိုအပ်လိမ့်မယ်လို့ ဂန္တဝင် ခံစစ်မှူး တိုနီ အဒမ်စ်က နည်းပြအာတီတာကို သတိပေးစကားဆိုလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလိပ်ကြယ်ပွင့် ဆာကာဟာ လက်ရှိရာသီအာဆင်နယ်အသင်းမှာ အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်ခြေစွမ်းပြသနေသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲပါဝင်ကစားကာ ၅ ဂိုးသွင်း ၃ ဂိုးဖန်တီးပေးထားသူပါ။ ဒါကြောင့်လည်း ရေရှည်မှာ ဆာကာတစ်ယောက်ပွဲပန်းပြီး ဒါဏ်ရာတွေရလာမှာ၊ ခြေစွမ်းကျဆင်းသွားမှာတွေကို စိုးရိမ်မိကြောင်း အဒမ်စ်က ထုတ်ပြောလာတာဖြစ်ပါတယ်။ “ကျွန်တော်မြင်တာကတော့ အာတီတာက ‘ဝင်သာကစားစမ်းပါ’ ဆိုပြီး အတင်းကွင်းထဲ ထည့်ပေးနေသလိုမျိုးဖြစ်နေပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒီအခြေခအနေမှာ ကစားသမားက ပင်ပန်းနွမ်းနယ်နေပြီလား မောဟိုက်နေပြီလားဆိုတာကို သတိထားစောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ လိုအပ်လာရင် အနားပေးဖို့…
အာဆင်နယ်ခံစစ်မှူး တီယာနီကို ခေါ်ယူဖို့ မန်ယူ စတင်ကြိုးပမ်း
[UNICODE] အာဆင်နယ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ စကော့တလန် လက်ရွေးစင် ခံစစ်မှူး ကီယန် တီယာနီကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းက စောင့်ကြည့်မှု စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Goal သတင်းဌာနက ရေးသားလိုက်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းနဲ့ ခါးသီးလှတဲ့ ပြိုင်ဘက်အသင်းတွေအဖြစ် တည်ရှိနေတဲ့အသင်းဖြစ်ပြီး နှစ်သင်းအကြားမှာ အငြင်းပွားဖွယ်ရာ အပြောင်းအရွှေ့ တစ်ချို့လည်း ရှိခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာလည်း အာဆင်နယ်အသင်းမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတဲ့ တီယာနီကို စောင့်ကြည့်မှုပြုလုပ်နေတယ်ဆိုတဲ့သတင်းဟာ အာဆင်နယ်-မန်ယူ ပွဲစဉ်မတိုင်ခင်မှာ ချိန်ကိုက် ထွက်ပေါ်လာခဲ့တာပါ။ တောင်ပံခံစစ်ကို အပြောင်းအလဲတွေပြုလုပ်ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကစားသမား အမြောက်အများကို…