Mother Mary ရဲ့ Arsenal အတွက် ကောင်းချီးမင်္ဂလာ (သို့) Pablo Marí

[UNICODE] ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ဘောလုံးနဲ့ ပက်သက်ရင် ရူးသွပ်စွာ အားပေးသူ၊ ကစားကြသူတွေ အများကြီး ရှိပါတယ်။ အဲ့အထဲမှာမှ ကမ္ဘာ့ပေါ်မှာ ရှာရအခက်ဆုံး position (၂)ခု ရှိတယ်။ အဲ့ဒီ (၂) နေရာဟာ –၁. Centre Back (Left)၂. Wing Back (Left) တို့ပဲ ဖြစ်တယ်။အဲ့ဒီ(၂)နေရာဟာ Demands အရမ်းများပါတယ်။ ဘောလုံးကစားတဲ့ player တွေကို အချိုးချ ကြည့်ရင် left foot player က 25% မရှိပါဘူး။ ဒီကြားထဲမှာ နောက်ခံ လူတွေထဲ ဘယ်သန် ကစားသမားက ပိုနည်းပါးတယ်။ Wing Back (left) မှာ ကစားသူတွေ နည်းနည်းပိုများပေမဲ့ CB (left)…

အာဆင်နယ် ခံစစ်တိုးတက်လာတာဟာ ဟိုးလ်ဒင်းကြောင့်လို့ ဆိုးလ် ကမ်းဘဲလ်ချီးမွမ်း

[UNICODE] အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ဗဟိုခံစစ်မှူးဟောင်း ဆိုးလ် ကမ်းဘဲလ်က လက်ရှိရာသီမှာ အာဆင်နယ်အသင်းရဲ့ ခံစစ်စွမ်းဆောင်ရည် သိသိသာသာတိုးတက်လာတာဟာ ဗဟိုခံစစ်မှူး ရော့ဘ် ဟိုးလ်ဒင်းရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကြောင့်ဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။ ရာသီအစကာလမှာ အငှားချထားခံရဖို့အထိ နီးစပ်ခဲ့ပေမယ့် နည်းပြအာတီတာတစ်ယောက် အသင်းမှာ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ချက်ကြောင့် အသင်းမှာ နေရာပြန်ရလာခဲ့တဲ့ ဟိုးလ်ဒင်းဟာ လက်ရှိရာသီအာဆင်နယ်အသင်းရဲ့ ခံစစ်မှာ အဓိကျတဲ့ ကစားသမားအဖြစ် ခြေစွမ်းတွေ ဆက်တိုက်ပြသနေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ်းဘဲလ်က ခုလို မှတ်ချက်ပြုခဲ့တာပါ။ “သူ့အနေနဲ့ ဒါဏ်ရာပြဿနာတွေနဲ့ ရုံးကန်ခဲ့ရဖူးပါတယ်။ ကစားခွင့်ရလိုက် မရလိုက်နဲ့ပေါ့။ ဒါပေမယ့် သူတဖြည်းဖြည်းတိုးတက်လာတာကို ငြင်းမရပါဘူး။ သူ့ခြေထောက်ပေါ်သူ ခိုင်ခိုင်မာမာရပ်တည်နိုင်တဲ့အထိ ပြန်ကြိုးစားပြခဲ့တာပါ။ မန်ယူနဲ့ပွဲတုန်းကဆို သူ့ရဲ့ ခံစစ်စွမ်းဆောင်ရည်က အရမ်းကောင်းမွန်ခဲ့ပါတယ်။ အထူးသဖြင့် အန္တရာယ်ဇုံထဲက အမြင့်ဘောရှင်းထုတ်မှုတွေမှာ ဆိုရင်ပေါ့။…

အာတီတာ လက်အောက်မှာ အိုဒီဂတ် ပိုမိုတောက်ပလာမလား

[UNICODE] ရှုံးပွဲမရှိချန်ပီယံ အသင်းသားဟောင်း လော်ရန်က ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် မာတင် အိုဒီဂတ်ဟာ နည်းပြဖြစ်သူ မီခယ် အာတီတာရဲ့ လက်အောက်မှာ ပိုမိုတောက်လာလိမ့်မယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ လူငယ်ကွင်းလယ်လူ အီမီလီ စမစ်-ရိုးကို အရောင်တင်ပေးနိုင်ခဲ့တဲ့ အာတီတာအနေနဲ့ နော်ဝေကြယ်ပွင့်လေး အိုဒီဂတ်ကိုလည်း အဆင့်တစ်ခုအထိရောက်အောင် မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ လော်ရန်က ယုံကြည်နေတာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကင်မရွန်း ညာနောက်ခံလူဟောင်းက ခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်။ “အရမ်းမိုက်တဲ့ ခေါ်ယူမှုပေါ့ဗျာ။ အိုဒီဂတ်က စိတ်လှုပ်ရှားစရာ ကစားသမားမျိုးဗျ။ သူအနေနဲ့ ၄၊ ၅၊ ၆ ပွဲလောက်သာ ဆက်တိုက် ကစားခွင့်ရမယ်ဆိုရင် သူ့ရဲ့ အရည်အသွေးကို အဆုံးအစွန်ထုတ်ပြလာနိုင်မှာပါ။ အိုဒီဂတ် ရီးရဲလ်မှာ နေရာရဖို့ ခက်ခဲခဲ့တာက သူ့ရှေ့မှာ မိုဒရစ်ရှိနေတာကြောင့်ပါ။ သူ့အနေနဲ့…