[UNICODE] အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ပီယာရီ-အမ်းမရစ် အူဘာမီယန်းက အသင်းမှာ အငှားလာရောက်ကစားပြီး ခြေစွမ်းကောင်းတွေ ပြသနေတဲ့ နော်ဝေကွင်းလယ်လူ မာတင် အိုဒီဂတ်တစ်ယောက် အာဆင်နယ်မှာ ဆက်ရှိနေဖို့ နားချစည်းရုံးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ နော်ဝေသားဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းတွေ ဆက်တိုက်ပြသနေတာကြောင့် သူ့ကို ခေါ်ယူချင်တဲ့အသင်းတွေများပြားလာနေပြီး ချယ်လ်ဆီး၊ လီဗာပူးလ်၊ ပီအက်စ်ဂျီ၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်စတဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် မိခင်ကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကလည်း အိုဒီဂတ်ရဲ့ လက်ရှိခြေစွမ်းကြောင့် နော်ဝေသားကို လက်လွှတ်ဖို့ အင်တင်တင်ဖြစ်နေပြီး ရောင်းထုတ်မယ်ဆိုရင်တောင်မှ မြင့်မားတဲ့ပြောင်းရွှေ့ကြေးမျိုးနဲ့ရောင်းချဖို့ စဉ်းစားလာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မာတင် အိုဒီဂတ်ကိုယ်တိုင်ကတော့ အာဆင်နယ်အသင်းဟာ သူ့အတွက် နွေးထွေးတဲ့ အိမ်လိုခံစားစေရတဲ့နေရာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားသလို အမ်းမရိတ်မှာ ဆက်ကစားလိုတဲ့ အရိပ်အယောင်တွေ ပြသနေသူပါ။ ခုလိုအချိန်မှာပဲ…
Month: March 2021
ဆာလီဘားအပေါ် အာတီတာရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့သလား
[UNICODE] အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူဟောင်း ဘာကရီ ဆက်ဂ်ညာက လူငယ်ခံစစ်မှူး ဝီလီယံ ဆာလီဘားကို အငှားချထားဖို့ ဆုံးဖြတ်ခဲ့တဲ့ နည်းပြအာတီတာရဲ့ ဆုံးဖြတ်ချက်ဟာ အသင်းအတွက်တော့ ကာယကံရှင် လူငယ်ကြယ်ပွင့်အတွက်ပါ အကျိုးရှိစေခဲ့တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ နည်းပြအာတီတာဟာ လူငယ် ခံစစ်မှူး ဆာလီဘားကို ဘာသာစကားအခက်အခဲ၊ အမြင့်ဘောရှင်းထုတ်ပုံအားနည်းချက်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် မိခင်တိုင်းပြည်ဖြစ်တဲ့ ပြင်သစ်မြေက နိုက်စ်အသင်းထံ ရာသီဝက် အငှားစာချုပ်နဲ့ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက အငှားထွက်ကစားစေခဲ့တာပါ။ ဆက်ဂနာကတော့ ခုလိုမျိုး အငှားထွက်ကစားနေစဉ်မှာပဲ တိုးတက်မှုတွေကို သိသိသာသာမြင်တွေ့လာနေရတယ်လို့ ဆိုခဲ့ပြီး အာတီတာတစ်ယောက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တာဖြစ်တယ်လို့ သူကဆိုခဲ့ပါတယ်။ “သူတိုးတက်လာတာကို ကျွန်တော် မအံ့သြပါဘူး။ ဘာလို့လဲဆိုရင် သူက ကမ္ဘာအကောင်းဆုံးလိဂ် ၂ ခုမှာ ကစားခဲ့တာမို့ပါ။ သူ အကောင်းဆုံးတွေဖြစ်လာမယ်လို့ ကျွန်တော်…
အာဆင်နယ်မှာပဲဆက်ကစားဖို့ ဆုံးဖြတ်လိုက်တဲ့ တော်ရဲယား
[UNICODE] လက်ရှိမှာ အက်သလက်တီကို မက်ဒရစ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ ဥရုဂွေးလက်ရွေးစင် လူးကပ် တော်ရဲယားဟာ ရာသီကုန်ချိန်မှာ အာဆင်နယ်အသင်းထံကို ပျော်ရွှင်စွာပြန်လာမှာဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။ အသက် ၂၅ နှစ်အရွယ် ဥရုဂွေးကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီအစတုန်းက အသင်းပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့သူဖြစ်ပြီး ဝယ်လက်ရှာမတွေ့တာကြောင့် အက်သလက်တီကိုထံ အငှားချထားခြင်းခံခဲ့ရသူပါ။ ဒါပေမယ့်လည်း တော်ရဲယားဟာ အက်သလက်တီကိုမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ အပြင်းအထန်ရုံးကန်နေရပြီး အက်သလက်တီကိုအသင်းကလည်း အပြီးသတ်ခေါ်ယူဖို့ စိတ်ဆန္ဒမရှိတာကြောင့် အမ်းမရိတ်ကို ပြန်လာရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အစောပိုင်းသတင်းတွေအရတော့ တော်ရဲယားရဲ့ အေးဂျင့်ဖြစ်သူဟာ သူ့ကစားသမားကို စီးရီးအေကလပ်တွေဆီ ပြောင်းရွှေ့ဖြစ်အောင် အပြင်းအထန်ကြိုးပမ်းနေခဲ့တယ်လို့ သိထားရတာပါ။ တိုရီနို၊ အေစီမီလန်၊ ရိုးမားနဲ ဖီအိုရင်တီးနားတို့ဟာ တော်ရဲယားကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်ခဲ့ြကြပါတယ်။ ဒါပေမယ့်လည်း ဥရုဂွေးသားဟာ အသင်းပြောင်းဖို့ စိတ်မပါတော့ပဲ ရာသီကုန်ချိန်မှာ အာဆင်နယ်အသင်းထံကိုသာ ပြန်လာပြီး…
ဥရောပ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ကန်တေ လက်သစ်
[UNICODE] အာဆင်နယ်အသင်းရဲ့ အကယ်ဒမီက ကန်တေ လက်သစ် လို့ နာမည်ကျော်နေတဲ့ လူငယ်ကြယ်ပွင့် တင်မ် အကီနိုလာဟာ ဥရောပထိပ်တန်းကလပ်တွေအကြား ရေပန်းစားလာနေပြီး လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ စောင့်ကြည့်ခြင်းခံနေရတယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ကွင်းလယ်ခံစစ်ကစားသမား အကီနိုလာဟာ ယခုနှစ်ရာသီအစတုန်းက ဟက်ဒါဖီးလ်အသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ပထမအသင်းကြီးနဲ့ ပုံမှန်လေ့ကျင့်ခွင့်ရရှိနေသလို ယူ-၂၃ အသင်း မှာလည်း အဓိက ကစားသမားအဖြစ် ပါဝင်ကစားနေသူပါ။ ကွင်းလယ်ဗဟိုကစားသမားဖြစ်ပေမယ့် အမြန်နှုန်း၊ မာကျောမှုနဲ့ ခံစစ်စွမ်းဆောင်ရည်မြင့်မားမှုတွေကြောင့် ချယ်လ်ဆီးအသင်းက အန်ဂိုလို ကန်တေနဲ့ နှိုင်းယှဉ်ခြင်းခံနေရတဲ့ အကီနိုလာဟာ လက်တလောမှာတော့ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ် ၊ ဒေါ့မွန် နဲ့ မိုနာကိုအသင်းတွေရဲ့ စောင့်ကြည့်မှုကို ခံနေရပါတယ်။ လူငယ်ကစားသမားဖြစ်ပေမယ့်လည်း…
အိုဒီဂတ် အမ်းမရိတ်မှာ ရေရှည်အခြေချဖို့ လမ်းစဖွင့်ပေးလိုက်ပြီဖြစ်တဲ့ ရီးရဲလ်
[UNICODE] ၆ လ အငှားစာချုပ်နဲ့ အငှားခေါ်ယူထားတဲ့ မာတင် အိုဒီဂတ်ကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းလာနေတဲ့ အာဆင်နယ်အသင်းအတွက် ခိုင်မာအားကောင်းတဲ့ မျှော်လင့်ချက်ကောင်းတစ်ခု ရရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီမျှော်လင့်ချက်ကတော့ အသက် ၂၃ နှစ်အရွယ် နော်ဝေလက်ရွေးစင်ကွင်းလယ်လူရဲ့ အရောင်းအဝယ်ကိစ္စကို တရားဝင်ဆွေးနွေးဖို့ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေအကြားမှာ သဘောတူညီချက် ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ အစောပိုင်းတုန်းက ရီးရဲလ်တာဝန်ရှိသူတွေဟာ မာတင် အိုဒီဂတ်ကို အာဆင်နယ်အသင်းထံ အပြီးအပြတ်ရောင်းချဖို့ စိတ်ဝင်စားမှုမရှိခဲ့ပေမယ့် နည်းပြဖြစ်သူ ဇီနဒင်း ဇီဒန်းက အိုဒီဂတ်ကို အသုံးချဖို့ စိတ်ပါဝင်စားမှုမရှိဖြစ်နေတာကြောင့် ခုလို ဆုံးဖြတ်ခဲ့တာလို့ သတင်းတွေကဆိုနေကြပါတယ်။ ဒါကြောင့် နှစ်ဘက်အသင်းတွေဟာ နော်ဝေသားရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပြောင်းရွှေ့ကြေးပမဏတွေကို လာမယ့် ရာသီကုန်မှာ စတင်ဆွေးနွေးကြတော့မှာဖြစ်ပြီး ခုချိန်မှာ ဆွေးနွေးမှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေကြပြီဖြစ်ပါတယ်။ ယခုလို အခွင့်အရေးကောင်းရလာပြီးတဲ့နောက်မှာ…
အိုဒီဂတ်ပြောတဲ့ မာတီနယ်လီ အကြောင်း
[UNICODE] ကွင်းလယ်လူ မာတင် အိုဒီဂတ်က အာဆင်နယ်အသင်းက ဘရာဇီးလ်လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီရဲ့ ခြေစွမ်းဟာ ပွဲချိန်လုံလောက်စွာ မကစားရသေးခင်မှာတောင်မှ အလွန်ကောင်းမွန်ထက်မြက်လွန်းတယ်လို့ Premier League’s YouTube channel နဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ အိုဒီဂတ်ဟာ Premier League’s YouTube channel နဲ့ ပြုလုပ်တဲ့ သီးသန့်အင်တာဗျူးမှာ အာဆင်နယ်အသင်းက လူငယ်ကစားသမားတွေအကြောင်းကို ထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပြီး မာတီနယ်လီရဲ့ ခြေစွမ်းနဲ့ ပင်ကိုယ်အရည်အသွေးတွေကိုတော့ သိသိသာသာ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။ အိုဒီဂတ်က မာတီနယ်လီဟာ မဖြစ်မနေစောင့်ကြည့်ရမယ့် ကြယ်ပွင့်တစ်ဦးဖြစ်ပြီး လာမယ့် အနာဂတ်ကာလမှာ ထိပ်တန်းအဆင့် ကစားသမာတစ်ဦး သေချာပေါက်ဖြစ်လာလိမ့်မယ်လို့ ဆိုသွားပါတယ်။ “ဟုတ်ကဲ့။ ဆာကာနဲ့ အီမီလီတို့ကတော့ ခြေစွမ်းထက်လူငယ်တွေဆိုတာ ငြင်းဆိုလို့မရနိုင်အောင်ပါပဲ။ သူတို့က လုံလောက်တဲ့ ပွဲကစားခွင့်လည်း ရနေကြပါပြီ။ ဒါပေမယ့်…