“ကျွန်တော် အာဆင်နယ်အသင်းကို မရရအောင် ဝယ်မှာပါ” – ဒန်နီယယ် အက်ခ်

[UNICODE] Spotify ရဲ့ ပူးတွဲတည်ထောင်သူ ဒန်နီယယ် အက်ခ်က သူ့အနေနဲ့ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ လုံလောက်တဲ့ ငွေကြေးအင်အားပိုင်ဆိုင်ထားပြီး မရရအောင် ကမ်းလှမ်းဝယ်ယူသွားမှာဖြစ်တယ်လို့ မီဒီယာတွေက ပြောဆိုလိုက်ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက အာဆင်နယ်အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ အမေရိကန် ဘီလီယံနာ ခရွန်ကီဟာ အသင်းကို ရောင်းချဖို့ အစီအစဉ်လုံးဝမရှိဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပေမယ့်လည်း အက်ခ်ကတော့ သူ့အနေနဲ့ လုံးဝလက်မလျှော့ဘူးလို့ ဆိုလာပါတယ်။ ၃၈ နှစ်အရွယ်သာရှိသေးပြီး အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ကြွယ်ဝတဲ့ ဒန်နီယယ် အက်ခ်ဟာ အာဆင်နယ် ပရိတ်သတ်တစ်ဦးဖြစ်ပြီး အသင်းရဲ့ အဘက်ဘက်က ယိုင်နဲ့လာနေတဲ့ အခြေအနေတွေကို အားမလိုအားမရဖြစ်လာတာမို့ ခုလိုမျိုး ဝယ်ယူဖို့ စီစဉ်လာတာဖြစ်ပါတယ်။ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ပတ်သက်ပြီး ဒန်နီယယ်က ခုလို ပြောဆိုသွားပါတယ်။…

ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ အာတီတာ ဘာတွေမှားခဲ့သလဲ

[UNICODE] အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဗီလာရီးရဲလ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အဖိုးတန် အဝေးဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း ၂-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ နီကိုလပ်စ် ပက်ပေသွင်းယူခဲ့တဲ့ အဆိုပါ ပင်နယ်တီသွင်းဂိုးကြောင့် ဒုတိယအကျော့ အိမ်ကွင်းမှာ မျှော်လင့်ချက်ကောင်းတွေ ကျန်နေသေးပေမယ့် ဒီကနေ့မနက်မှာ ယှဉ်ပြိုင်ကစားသွားတဲ့ပွဲစဉ်မှာလို အမှားအယွင်းတွေ ဆက်လက်ပြုလုပ်ဦးမယ်ဆိုရင်တော့ဖြင့် အာဆင်နယ်အသင်း ဗိုလ်လုပွဲကို တက်နိုင်ဖို့ ခက်ခဲမှာဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ဖော်ပြခဲ့ကြပါတယ်။ The Star သတင်းစာကြီးကတော့ ဒီကနေ့ပွဲစဉ်မှာ နည်းပြအာတီတာတစ်ယောက် အရေးပါတဲ့ အမှား ၃ ခုကို ကျူးလွန်ခဲ့ပြီး အဆိုပါ အမှားကြီးတွေကြောင့် ဂန်းနားတွေ ရလဒ်မကောင်းခဲ့တာလို့ ထောက်ပြရေးသားသွားပါတယ်။ အဆိုပါ သတင်းဌာနက ဖော်ပြသွားတဲ့ အမှားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁။ ရှာခါကို ဘယ်နောက်ခံလူနေရာမှာ ဆက်လက်ပွဲထုတ်ခဲ့တာ…

ဗီလာရီးရဲလ်တိုက်စစ်ကို သတိထားဖို့ မာရီ သတိပေး

[UNICODE] အာဆင်နယ်အသင်းက စပိန်လူမျိုးခံစစ်မှူး ပါဘလို မာရီက ဗီလာရီးရဲလ်တိုက်စစ်က ဂျရဲ မိုရီနိုနဲ့ ပါကို အယ်လ်ကာဆာတို့ရဲ့ တိုက်စစ်အတွဲအဖက်ကို သတိထားထိမ်းချုပ်ဖို့ အသင်းဖော်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ရင်ဆိုင်ရမယ့် ဗီလာရီးရဲလ်အသင်းက အဆိုပါတိုက်စစ်အတွဲအဖက်ဟာ စနစ်တကျမထိမ်းချုပ်နိုင်ရင် အာဆင်နယ်အသင်းရဲ့ ဆုဖလားအိပ်မက်ကို အကြီးအကျယ် အနှောင့်အယှက်ပေးကြမယ့် သူတွေဖြစ်တယ်လို့ မာရီက ဆိုသွားခဲ့ပါတယ်။ “ကျွန်တော့် အမြင်ကိုပြောရမယ်ဆိုရင် ကျွန်တော်တို့အသင်းအနေနဲ့ စပိန်ရဲ့ အကောင်းဆုံး တိုက်စစ်အတွဲအဖက်တွေထဲက တစ်တွဲနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ သူတို့နှစ်ယောက်လုံးက ပုံစံကောင်းရနေတာမို့ ခုချိန်မှာ သူတို့နဲ့ ရင်ဆိုင်ရတာက ခက်ခဲမှုလို့ ဆိုလိုရပါတယ်” လို့ မာရီက ဆိုသွားခဲ့ပါတယ်။ “ဂျရဲ မိုရီနိုဆိုရင် အရမ်းကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပြသနေပါတယ်။ သူက ခုချိန်မှာ စပိန်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးပါ။…

ဒန်နီယယ် အက်ခ်ကို ထောက်ခံလိုက်တဲ့ အာဆင်းဝင်းဂါး

[UNICODE] အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်း အာဆင်းဝင်းဂါးက သူ့ရဲ့ အသင်းဟောင်းကို ဝယ်ယူဖို့ ကြိုးပမ်းနေတဲ့ ဆွီဒင် ဘီလီယံနာ ဒန်နီယယ် အက်ခ်ကို ထောက်ခံလိုက်ပြီး ဂန္တဝင်တွေရဲ့ အကြံဉာဏ်ရယူမယ့် လုပ်ရပ်ကိုလည်း ချီးမွမ်းစကားဆိုလိုက်ပါတယ်။ အာဆင်နယ်ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ဆွီဒင် ဘီလီယံနာ ဒန်နီယယ် အက်ခ်ဟာ အသင်းကို ဝယ်ယူဖို့အတွက် ကြိုးပမ်းနေပြီး ယခုလို ကြိုးပမ်းရာမှာ အွန်နရီ၊ ဘားကမ့်နဲ့ ဗီယာရာတို့လိုမျိုး ဂန္တဝင်တွေရဲ့ အကြံဉာဏ်ကို ရယူသွားမယ်လို့ ဖွင့်ဟထားသူပါ။ နည်းပြဟောင်း အာဆင်း ဝင်းဂါးကတော့ အက်ခ်ရဲ့ နည်းလမ်းဟာ မှန်ကန်သင့်လျော်တဲ့နည်းလမ်းဖြစ်ပြီး သူကိုယ်တိုင်လည်း သဘောကျနှစ်သက်တယ်လို့ beIN SPORTS နဲ့ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်းပြောဆိုလာခဲ့ပါတယ်။ “ကျွန်တော်ကတော့ အသင်းကို ကစားသမားဟောင်းတွေနဲ့ ပြန်လည်တည်ဆောက်ယူတာကို သဘောကျပါတယ်။ မန်စီးတီးလို အကြံပေးတွေအဖြစ် တာဝန်ပေးတာပဲဖြစ်ဖြစ်…

ကစားသမားရောင်းချမှုကနေ ပေါင် သန်း ၁၂၀ ကျော်ရှာဖွေတော့မယ့် အာဆင်နယ်

[UNICODE] လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူချင်နေတဲ့ အာဆင်နယ်အသင်းဟာ ကစားသမားရောင်းချမှုကနေ အသုံးစားရိတ် ပေါင်သန်း ၁၂၀ ကျော် ရှာဖွေသွားဖို့ရှိနေတယ်လို့ Football London သတင်းဌာနက ဖော်ပြသွားပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ် အာတီတာဟာ အရည်အသွေးမြင့် ကစားသမားသစ်တစ်ချို့ကို ခေါ်ယူဖြည့်တင်းချင်နေပြီး ကိုဗစ်အကျပ်အတည်းနဲ့ ဥရောပဝင်ခွင့်မရေရာမှုတွေကြောင့် ဘက်ဂျက်ပိုင်းပြဿနာတစ်ချို့ကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း လာမယ့်နွေရာသီမှာ အသင်းမှာ မလိုအပ်တဲ့ကစားသမားတစ်ချို့ကို ထပ်မံရောင်းထုတ်ဖို့ စီစဉ်နေတာဖြစ်ပြီး အနည်းဆုံး ကစားသမား ၆ ဦးအထိ အသင်းကနေ ထွက်ခွာရဖို့ နီးစပ်နေပါတယ်။ အဆိုပါ ကစားသမားတွေထဲမှာ တိုက်စစ်ပိုင်းက အလက်ဇန်းဒါး လာကာဇက်နဲ့ အက်ဒီ နကီတီယာတို့ ပါဝင်နေပြီး ကွင်းလယ်ပိုင်းမှာတော့ မက်တီယို ဂွမ်ဒူဇီ၊ လူးကပ်စ် တော်ရဲယားနဲ့ အိန်းစလေ မိတ်လန်း-နိုင်းလ်စ်တို့ ပါဝင်နေပါတယ်။…

ပွဲထွက်ခွင့် တစ်နေရာကို ပစ်မှတ်ထားနေကြောင်း ဘာလိုဂန် ဖွင့်ဟ

[UNICODE] အာဆင်နယ်အသင်းနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်က သူ့အနေနဲ့ လာမယ့်ရာသီမှာ အသင်းရဲ့ ပထမအသင်းသားဖြစ်လာဖို့ ရည်မှန်းချက်ထားပြီး ကြိုးစားနေတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူး ဘာလိုဂန်ဟာ အာဆင်နယ်အသင်းကြီးအတွက် လက်ရှိရာသီမှာ ၆၃ မိနစ်သာ ပါဝင်ကစားပေးခွင့်ရရှိထားသေးပေမယ့် ၂ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးပေးထားနိုင်နေသူ ဖြစ်ပါတယ်။ “ကျွန်တော့် ရည်မှန်းချက်က နောက်ရာသီမှာ ပထမအသင်းအထိ တက်လှမ်းလာနိုင်ဖို့ပါပဲ။ ကျွန်တော်က အသင်းကြီးအတွက် တစ်ခုခု ကူညီသက်ရောက်နိုင်မယ်ဆိုတာကို ယုံကြည်ထားပါတယ်။ တချိန်ချိန်မှာ အသင်းကို ဦးဆောင်နိုင်တဲ့ တိုက်စစ်ကစားသမားမျိုး ဖြစ်ချင်ပါတယ်။ ကျွန်တော့်မှာ ရည်မှန်းချက် ကြီးကြီးတွေရှိပါတယ်။ ဒါတွေကို တကယ်အကောင်အထည်ပေါ်လာအောင် ကျွန်တော်လုပ်သွားမှာပါ” လို့ စာချုပ်သစ်ချုပ်ဆိုပြီးပြီးချင်းမှာပဲ ဘာလိုဂန်က ဆိုသွားခဲ့တာပါ။ ခုလို…