[UNICODE] အာဆင်နယ်အသင်းဟာ လာမယ့်ရာသီသစ်မှာ ကွင်းလယ်တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ ဘူယွန်ဒီယာ၊ အိုဒီဂတ်၊ အူဝါစတဲ့ ကြယ်ပွင့်တွေကို ချဉ်းကပ်နေပေမယ့်လည်း အဆင်မပြေမှုတွေ ရှိလာခဲ့မယ်ဆိုရင်လည်း အသင်းမှာရှိနှင့်ပြီးသား လူငယ်ကြယ်ပွင့် အီမီလီ စမစ်-ရိုးက သူတို့နဲ့အဆင့်တူစွမ်းဆောင်ပြနိုင်မယ်လို့ ယုံကြည်နေကြောင်း The Athletic က ဖော်ပြသွားပါတယ်။ အီမီလီ စမစ်-ရိုးဟာ ပြီးခဲ့တဲ့ရာသီ ဒီဇင်ဘာလနှောင်းပိုင်းမှာ ဒါဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း အာဆင်နယ်ကွင်းလယ်မှာ အရေးပါတဲ့ကစားသမားအဖြစ် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး အသင်းအတွက် ၃၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ ၄ ဂိုးသွင်းယူပြီး ၇ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ရှိအာဆင်နယ်အသင်း နံပါတ် ၁ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ မာတင် အိုဒီဂတ်တောင်မှ ပြီးခဲ့တဲ့ရာသီဝက် အာဆင်နယ်မှာ အငှားလာရောက်ကစားချိန်မှာ ၂ ဂိုးသွင်းယူပြီး ၂ ဂိုးသာ ဖန်တီးမှုပြုလုပ်နိုင်ခဲ့တာပါ။…
Month: May 2021
ပက်ပေ ဘာကြောင့် ခြေစွမ်းကောင်းတွေ ပြန်ရလာတာလဲ
[UNICODE] စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ပရိတ်သတ်ကျေနပ်လောက်တဲ့ ခြေစွမ်းမျိုးမပြသနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရဖူးတဲ့ နီကိုလပ် ပက်ပေဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်မှာတော့ တည်ငြိမ်ပြီးထက်မြက်တဲ့ခြေစွမ်းမျိုးကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်။ ပက်ပေတစ်ယောက် ခုလိုမျိုး ခြေစွမ်းကောင်းကို ပြန်လည်ပိုင်ဆိုင်လာတာဟာ နည်းပြအာတီတာ စီစဉ်ပေးခဲ့တဲ့ အချိန်ပိုလေ့ကျင့်ခန်းအစီအစဉ်တွေကြောင့်ဖြစ်တယ်လို့ ဂန္တဝင်ဟောင်း ကီဗင် ကမ်းဘဲလ်က ပြောဆိုသွားပါတယ်။ အဆိုပါ အထူးလေ့ကျင့်ခန်း အစီအစဉ်တွေကြောင့် ပက်ပေတစ်ယောက် ခြေစွမ်းပိုမိုတည်ငြိမ်လာခဲ့ပြီး တိုက်စစ်လိုက်ပါရာမှာလည်း ပြိုင်ဘက်ကို ပိုမိုအန္တရာယ်ပေးလာနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းနဲ့ အံဝင်မှုပိုင်းမှာ အားကောင်းလာသလို ဘောလုံးဆုံးရှုံးမှုလည်းနည်းပါးလာချိန်မှာ ယုံကြည်မှုလည်းတိုးလာခဲ့ပြီး သွင်းဂိုးတွေပါ ဆက်တိုက်သွင်းယူလာနိုင်ခဲ့တာပါ။ ကမ်းဘဲလ်ကတော့ ခုအနေအထားဟာ ပက်ပေရဲ့ အာဆင်နယ်ကစားသမားဘဝမှာ အချိုးအကွေ့တစ်ခုဖြစ်ပြီး ထိပ်တန်းအဆင့်ခြေစွမ်းတွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် စာမျက်နှာသစ်တစ်ခုကို စတင်ဖွင့်လှစ်လိုက်နိုင်တာဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။ “အထူးလေ့ကျင့်ခန်းတွေ မလုပ်ခင်တုန်းကဆို သူ့ရဲ့ ခေါင်းက အမြဲငုံ့လျှိုးနေခဲ့တာပါ။…
မာဆေးလ်ကို ပြောင်းရွှေ့ဖို့ ဂွမ်ဒူဇီ သဘောတူ
[UNICODE] အာဆင်နယ် လူငယ်ကွင်းလယ်လူ မက်တီယို ဂွမ်ဒူဇီဟာ သူ့ကို အသဲအသန်အလိုရှိနေတဲ့ ပြင်သစ်ကလပ် မာဆေးလ်အသင်းထံ ပြောင်းရွှေ့ကစားဖို့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင်အသင်းမှာ အငှားသွားရောက်ကစားခဲ့သူဖြစ်ပြီး ယခုရာသီကုန်ချိန်မှာ အသင်းထံပြန်လည်ပူးပေါင်းဖို့ ရှိနေပေမယ့် ချက်ခြင်းပြန်လည်ထွက်ခွာဖို့ အကြောင်းဖန်လာခဲ့တာပါ။ ပြင်သစ် ယူ-၂၁ အသင်းခေါင်းဆောင်ဟာ သူ့ကို ခေါ်ယူဖို့ အပြင်းအထန် ချဉ်းကပ်နေတဲ့ မာဆေးလ်အသင်းထံကို ပြောင်းရွှေ့ဖို့ ခေါင်းငြိမ့်လိုက်ပြီဖြစ်ပါတယ်။ ပြင်သစ်မီဒီယာတွေရဲ့ အတည်ပြုဖော်ပြချက်တွေအရ နှစ်ဘက်ကိုယ်စားလှယ်တွေအကြား ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရရှိသွားခဲ့ပြီဖြစ်တယ်လို့ သိထားရပါတယ်။ အာဆင်နယ်အသင်းနဲ့ မာဆေးလ်အသင်းတို့အကြား ပြောင်းရွှေ့ကြေး သဘောတူညီချက်ရရှိဖို့ ညှိနှိုင်းနေဆဲဖြစ်ပြီး ဂန်းနားတွေဘက်က ယူရို သန်း ၂၀-၃၀ (ပေါင် ၁၇-၂၅ သန်း) ကြား…
အော့ဒ်ဆွန်နီ အီဒူယာ့ဒ်ကို အာဆင်နယ် ဘာကြောင့် ခေါ်ယူသင့်တာလဲ
[UNICODE] အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ တိုက်စစ်မှူးသစ်ဖြည့်တင်းဖို့ စီစဉ်နေတယ်လို့ သတင်းကြီးနေတဲ့အသင်းဖြစ်ပါတယ်။ ခံစစ်စွမ်းဆောင်ရည် သိသိသာသာတိုးတက်လာတဲ့ ယခုနှစ်ရာသီမှာ အသင်းခေါင်းဆောင် အူဘာမီယန်းတစ်ယောက် ခြေစွမ်းကျဆင်းသွားခဲ့ပြီး ပက်ပေ၊ ဝီလီယံတို့လို တိုက်စစ်ကစားသမားတွေ ခြေစွမ်းမတည်မငြိမ်ဖြစ်ခဲ့တာကြောင့် ဂန်းနားတွေ အမှတ်ပေးဇယားမှာ အဆင့် ၈ အထိ ရောက်ခဲ့ရပါတယ်။ လာကာဇက်တစ်ယောက် ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ခံသာခဲ့ပေမယ့်လည်း လာကာဇက်ဟာ တစ်ရာသီကို ၂၅ ဂိုးလောက်ပုံမှန်သွင်းယူပေးနိုင်တဲ့ တိုက်စစ်မှူးမျိုး မဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် စာချုပ်သက်တမ်း ၁၂ လသာကျန်ရှိတော့တဲ့ လာကာဇက်အနေနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာသွားတာမျိုးလည်း ဖြစ်နိုင်ချေရှိနေပြန်ပါတယ်။ ဒါကြောင့်လည်း အာဆင်နယ် တာဝန်ရှိသူတွေက တိုက်စစ်ပိုင်းမှာ သွေးသစ်လောင်းပြီး ရေရှည်အားကိုးရမယ့် ပေမီဒေါက်မီ တိုက်စစ်မှူးတစ်ဦးအားဖြည့်ဖို့ စီစဉ်လာတာပါ။အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ထဲမှာ ဆဲလ်တစ်က အော့ဒ်ဆွန်နီ အီဒူယာ့ဒ်၊ လိုင်ယွန်က…
လာကာဇက်ကို အသင်းမှာ ဆက်ထားသင့်သလား? ရောင်းထုတ်သင့်သလား?
[UNICODE] ဂန္တဝင်ဟောင်း ကီဗင် ကမ်းဘဲလ်ကတော့ အာဆင်နယ်အသင်းအနေနဲ့ လာကာဇက်ရဲ့ အနာဂတ်ကို စောလျင်စွာစီမံသင့်ပြီး ကာယကံရှင်ဘက်က စာချုပ်သစ်ချုပ်ဆိုဖို့ အချိန်ဆွဲနေမယ်ဆိုရင် ခုချိန်ကတည်းက ရောင်းထုတ်ပစ်လိုက်သင့်တယ်လို့ တိုက်တွန်းသွားပါတယ်။ မကြာသေးခင်ရက်ပိုင်းကမှ အသက် ၃၀ ပြည့်ထားတဲ့ ပြင်သစ်လူမျိုးတိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ဟာ လက်ရှိရာသီမှာ အသင်းအတွက် ၁၇ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး အသင်းရဲ့ ယခုရာသီအတွက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်း ၁၂ လသာကျန်ရှိတော့တဲ့ လာကာဇက်ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ စီစဉ်နေပေမယ့် လက်ရှိအချိန်အထိတော့ တိကျရေရာတဲ့ အဖြေမျိုးထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကမ်းဘဲလ်က “ကျွန်တော့်အထင်တော့ သူ့အတွက် အာဆင်နယ်ဘက်က ကမ်းလှမ်းမယ့် စာချုပ်သက်တမ်းက ၁ နှစ်ပါ။ သူ လက်ခံမယ်ဆိုရင်တော့ ကောင်းတာပေါ့။ တကယ်လို့များ လက်မခံဘူးဆိုရင်တော့ မြန်မြန်သွက်သွက် ရောင်းထုတ်နိုင်ဖို့ လိုအပ်ပါတယ်။…
အာတီတာနေရာကို ကွန်တီနဲ့ အစားထိုးသင့်သလား
[UNICODE] အာဆင်နယ်အသင်းအနေနဲ့ အသင်းကို ရလဒ်တွေကောင်းမွန်အောင် ဦးဆောင်နိုင်စွမ်းမရှိတဲ့ နည်းပြ မီခယ် အာတီတာကို ထုတ်ပါယ်ပြီး အင်တာမီလန်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ အန်တိုနီယို ကွန်တီနဲ့ အစားထိုးသင့်တယ်လို့ စပါးတိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်ခ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီတလီလူမျိုးနည်းပြဟာ အင်တာမီလန်အသင်းကို ၁၁ နှစ်ကြာ စီးရီးအေဆုဖလားနဲ့ ဝေးကွာနေမှုကို အဆုံးသတ်ပေးနိုင်ခဲ့သူဖြစ်ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ သဘောထားခြင်းမတိုက်ဆိုင်တာကြောင့် ချန်ပီယံဖြစ်ပြီး ရက်ပိုင်းအတွင်း အသင်းကနေ နှုတ်ထွက်ခဲ့သူပါ။ ကွန်တီဟာ အာဆင်နယ်အသင်းရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ FA ဖလားတွေကို ရယူပေးခဲ့ဖူးပါတယ်။ ဒါ့အပြင် ကွန်တီဟာ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်စဉ်တုန်းကလည်း အမှတ်ပေးချန်ပီယံဆု ၃ ကြိမ်ရယူပေးနိုင်ခဲ့သူပါ။ အာဆင်နယ်အသင်းကတော့…