ပါတေးရဲ့ အရေးပါမှုကို ထောက်ပြသွားတဲ့ တီယာနီနဲ့ ရွိုင်းကိန်း

ဘယ်နောက်ခံလူ ကီယန် တီယာနီက အသင်းဖော် သောမတ် ပါတေးဟာ အသင်းရဲ့ မရှိမဖြစ်ကစားသမားဖြစ်လာဖို့ရှိနေပြီး လာမယ့်ရာသီကြိုကာလတွေကနေစတင်ပြီး အသင်းအတွက် အကောင်းဆုံးတွေ စွမ်းဆောင်ပြသွားလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ယမန်နှစ်ရာသီတုန်းက အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ သောမတ် ပါတေးဟာ ကြံ့ခိုင်မှု ပြဿနာတွေ၊ ဒါဏ်ရာပြဿနာတွေကြောင့် အသင်းကို ဦးဆောင်မောင်းနှင်ကစားနိုင်တဲ့ စပိန်မြေတုန်းကခြေစွမ်းမျိုးကို ထုတ်ဖော်ပြသနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း သူ့ရဲ့အလားအလာနဲ့ ပင်ကိုယ်အရည်အသွေးတစ်ချို့ကိုတော့ ပရိတ်သတ်တွေ သဘောကျအောင် ထုတ်ဖော်ပြသနိုင်ခဲ့သူပါ။ တီယာနီကတော့ ပါတေးတစ်ယောက် ဒီရာသီမှာ ပိုမိုခြေစွမ်းပြသလာနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ဂါနာကွင်းလယ်လူအပေါ်ကိုလည်း ခုလိုမျိုး မှတ်ချက်ပြုသွားခဲ့ပါတယ်။ “ပါတေးက ကြီးကျယ်ခမ်းနားတဲ့ ထိပ်တန်းကစားသမားတစ်ယောက်ပါ။ သူ့မှာ များပြားလှတဲ့ ပင်ကိုယ်အရည်အသွေးနဲ့ ပါရမီဓာတ်ခံတွေ ရှိနေပါတယ်။ ကျွန်တော်တို့အားလုံး ရှေ့ကိုချီတက်နိုင်ဖို့အတွက် သူက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်” လို့ သူကဆိုခဲ့တာပါ။ Sky Sports…

တည်ငြိမ်သွားပြီဖြစ်တဲ့ ဆာလီဘားရဲ့ အာဆင်နယ်အနာဂတ်

ပြင်သစ်လူငယ်ခံစစ်မှူး ဝီလီယံ ဆာလီဘားရဲ့ အေးဂျင့်ဖြစ်သူ ဂျီဘရယ် နီယန်းနဲ အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ အီဒူး ဂက်စ်ပါတို့ဟ ကစားသမားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ယမန်နေ့တုန်းက လန်ဒန်က ကိုနေးလ်လေ့ကျင့်ရေးကွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှုရဲ့ ရလဒ်အရဆိုရင်တော့ အာဆင်နယ်အသင်းဟာ မူလက ကတိကဝတ်ပြုထားတဲ့အတိုင်း ဝီလီယံ ဆာလီဘားကို အသင်းမှာသာဆက်လက်ထိမ်းသိမ်းထားမှာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံး နေရာနဲ့ ခြေစွမ်းကို ရှာဖွေဖော်ထုတ်သွားဖို့သာ အာရုံစိုက်ထားတယ်လို့ ထပ်မံကတိပြုခဲ့ကြောင်း Football London က ဖော်ပြခဲ့ပါတယ်။ အေးဂျင့် နီယန်းနဲ့ ဒါရိုက်တာ အီဒူးတို့အကြား ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ခဲ့ပြီး ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို ရပ်တန့်နိုင်ခဲ့သလို သတင်းမှာဖော်ပြထားပါတယ်။ လက်တလောမှာတော့ ဆာလီဘားဟာ ပြင်သစ် ယူ-၂၃ အသင်းနဲ့အတူ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီး အာဆင်နယ်အသင်းထံ ပြိုင်ပွဲပြီးဆုံးချိန်မှာ စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့အညီ…

စမစ်-ရိုး အာဆင်နယ်မှာသာ ဆက်ရှိနေမယ်

ထိပ်တန်းသတင်းထောက်တွေ ဖြစ်ကြတဲ့ ဖာဘရီဇီယို ရိုမာနိုနဲ့ ဒေးဗစ် အွန်းစတိန်းတို့က လူငယ်ကွင်းလယ်လူ အီမီလီ စမစ်-ရိုးဟာ အာဆင်နယ်အသင်းမှာသာ ဆက်ရှိနေတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ကြပါတယ်။ အသက် ၂၀ အရွယ် အင်္ဂလိပ် ကွင်းလယ်လူဟာ ယမန်နှစ်ရာသီတုန်းက အာဆင်နယ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေ ထုတ်ပြနိုင်ခဲ့ပြီး အသင်းဖော် ဆာကာနဲ့အတူ အတွဲညီညီ ခြေစွမ်းပြသနိုင်ခဲ့သူပါ။ ဒါကြောင့်လည်း ဂန်းနားတွေဟာ အဆိုပါကြယ်ပွင့်လေးကို အသင်းမှာ ကာလရှည်ဆက်လက်ထိမ်းသိမ်းဖို့အတွက် ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်နဲ့ ကမ်းလှမ်းထားပြီး လပေါင်းများစွာ ကြာမြင်တဲ့အထိ စာချုပ်သစ်ချုပ်ဆိုဖို့ ကိစ္စဟာ တိုးတက်မှုမရှိပဲဖြစ်နေခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ ပရီးမီးယားလိဂ်ပြိုင်ဘက် အက်စတွန်ဗီလာအသင်းက စမစ်-ရိုးကို ခေါ်ယူနိုင်ဖို့ အသည်းအသန်ကြိုးပမ်းလာခဲ့ပြီး ပေါင် သန်း ၃၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှု ၂ ကြိမ်တိုင်ပြုလုပ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကမ်းလှမ်းမှုတိုင်းကို ငြင်းဆန်ပါယ်ချခဲ့ပေမယ့်…

အာဆင်နယ်ဆီ မက်ဒီဆင်ပြောင်းစရာ ကြောင်းမရှိဘူးလို့ အင်္ဂလန်တိုက်စစ်မှူးဟောင်းပြော

အက်စတွန်ဗီလာနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂါဘရီယယ် အဘွန်လဟော်က လက်စတာစီးတီးကွင်းလယ် ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆင်တစ်ယောက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လိမ့်မယ်လို့ သူမထင်မိကြောင်း သုံးသပ်ပြောဆိုလိုက်ပါတယ်။ ကွင်းလယ်ဖန်တီးရှင်သစ် ရှာဖွေနေတဲ့ အာဆင်နယ်အသင်းဟာ တန်ကြေး ပေါင် သန်း ၆၀-၈၀ ကြား သတ်မှတ်ခံထားရတဲ့ လက်စတာစီးတီးကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း အမ်းမရိတ်ကလပ်ရဲ့ ချဉ်းကပ်မှုကိုစိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း အဘွန်လဟော်ကတော့ မက်ဒီဆင်တစ်ယောက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့စရာအကြောင်းမရှိဘူးလို့ သူ့ရဲ့ အမြင်ကို Football Insider နဲ့ အင်တာဗျူးမှာ ခုလိုမျိုး သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော်မြင်တာကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ဒီအပြောင်းအရွှေ့က ဖြစ်လာမယ်မထင်ပါဘူး။ လက်စတာက ဥရောပဝင်ခွင့်ရထားတယ်၊ အာဆင်နယ်က မရထားဘူး။ လက်စတာက ထိပ်သီး…

ပါတေးရဲ့ အကောင်းဆုံးဗားရှင်းကို မြင်ရတော့မယ်လို့ ဂန္တဝင်ဟောင်း သုံးသပ်

လာမယ့်ရာသီသစ်မှာ ကွင်းလယ်လူ သောမတ် ပါတေးတစ်ယောက် အမြင့်ဆုံးစွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြသပြီး အာဆင်နယ်အသင်းကို ဦးဆောင်သွားလိမ့်မယ်လို့ ဂန္တဝင်ခံစစ်မှူး နိုက်ဂျယ် ဝင်းတားဘန်းက ပြောဆိုလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါနာကွင်းလယ်လူဟာ ယမန်နှစ်ရာသီအစတုန်းက အက်သလက်တီကို မက်ဒရစ်အသင်းကနေ စာချုပ်ဖျက်သိမ်းခ ပေါင် ၄၅.၅ သန်းနဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် ၃၃ ပွဲပါဝင်ကစားပေးကာ ၃ ဂိုးဖန်တီးပေးခဲ့သူပါ။ ပါတေးအနေနဲ့ နိုင်ငံသစ်မှာ အခြေကျဖို့ အချိန်ယူခဲ့ရသလို ကြံ့ခိုင်မှုပြဿနာနဲ့ ဒါဏ်ရာပြဿနာတွေကိုပါ ကြုံဆုံခဲ့ရတာမို့ သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝအစရာသီဟာ မျှော်မှန်းထားသလောက် ကျေနပ်စရာမကောင်းခဲ့ပါဘူး။ ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလအထိကာလတစ်လျှောက်လုံး တင်ပါးဆုံဒါဏ်ရာ၊ တံကောက်ကြောဒါဏ်ရာတွေနဲ့ လုံးပမ်းနေခဲ့ရတာကြောင့် သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ရာသီကုန်ခါနီးအချိန်ရောက်မှသာ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဂန္တဝင်ဟောင်း ဝင်းတားဘန်းကတော့ ယခုနှစ်ရာသီမှာ ပါတေးအစစ်ကို…

စမစ်သ်-ရိုးရဲ့ တကယ့်တန်ကြေး ဘယ်လောက်လဲ

အာဆင်နယ်အသင်းက အီမီလီ စမစ်-ရိုးအတွက် အက်စတွန်ဗီလာအသင်း ကမ်းလှမ်းလာတဲ့ ဒုတိယအကြိမ် ကမ်းလှမ်းချက်ကို ငြင်းဆန်ပါယ်ချလိုက်ပြီးတဲ့နောက်မှာ အသက် ၂၀ အရွယ် အင်္ဂလိပ်ကြယ်ပွင့်လေးရဲ့ တကယ့်တန်ကြေးကို ဗြိတိန်မီဒီယာတွေက ဖော်ပြလာခဲ့ကြပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ပထမအကြိမ် ပေါင် ၂၅ သန်းတန် ကမ်းလှမ်းချက် ပယ်ချခံခဲ့ရတာကြောင့် ယမန်နေ့တုန်းက ဒုတိယအကြိမ် ကမ်းလှမ်းချက်ကို ပေါင် သန်း ၃၀ အထိ မြှင့်တင်ကာ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ အဆိုပါအင်္ဂလိပ်ကွင်းလယ်ဖန်တီးရှင်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းချက်ကိုလည်း ချက်ခြင်းဆိုသလို ငြင်းဆန်ခဲ့ပြီး စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့ကိုသာ အာရုံစိုက်လုပ်ဆောင်နေတယ်လို့ ထိပ်တန်းမီဒီယာတွေက အခိုင်အမာဖော်ပြသွားခဲ့ကြပါတယ်။ ခုလိုမျိုးအခြေအနေမျိုးမှာပဲ CIES Football Observatory က အီမီလီ စမစ်-ရိုးရဲ့ တကယ့်တန်ကြေးဟာ ယူရို သန်း ၅၀ (ပေါင် ၄၂ သန်း)…