အာဆင်နယ်အသင်းက လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်က သူ့အနေနဲ့ ပထမအသင်းကြီးနဲ့ထိုက်တန်မှုရှိတဲ့ ခြေစွမ်းမျိုးကို ထုတ်ဖော်ပြသနိုင်ဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ လူငယ်အသင်းမှာ ဂိုးသွင်းမှတ်တမ်းကောင်းတွေနဲ့အတူ ဆက်တိုက်ခြေစွမ်း ပြသနိုင်ခဲ့သူဖြစ်ပြီး ယခုနှစ်ရာသီမှာတော့ စာချုပ်သစ်နဲ့အတူ ပထမအသင်းသားလည်းဖြစ်လာခဲ့သူဖြစ်ပါတယ်။ ပထမအသင်းကြီးထံ ခေါ်ယူခြင်းခံထားရတဲ့ ဘာလိုဂန်ဟာ သူ့ရဲ့ အခွင့်အရေးသစ်အတွက် တက်ကြွနေပြီး စီနီယာကစားသမားတွေကို ဖိအားပေးပြီး ပွဲထွက်ခွင့်ကိုပါ မျှော်မှန်းဖို့ စိတ်ဆန္ဒရှိနေတာဖြစ်ပါတယ်။ “ပထမအသင်းကြီးရဲ့ အဝတ်လဲခန်းထဲက ကစားသမားတစ်ယောက်ဖြစ်လာတဲ့ ခံစားချက်က တကယ်ကို ကောင်းမွန်ပါတယ်။ ခင်ဗျားတစ်ကယ်ကို အရေးပါလာတယ်ဆိုတဲ့ ခံစားချက်မျိုးပေါ့။ အရမ်းပျော်ရွှင်နေသလို ကွင်းထဲမှာအသင်းအတွက် အကောင်းဆုံးတွေလုပ်ပြပြီး ကူညီနိုင်ဖို့လည်း တွေးနေမိပါတယ်။ ခုချိန်မှာ ကျွန်တော် ပိုမိုပြင်ဆင်ကြိုးစားနေပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုမိုတိုးပွားလာနေပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ပိုမိုထက်မြက်ပြီး…
Month: July 2021
လက်ရှိအာဆင်နယ်အသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ – မာတီနယ်လီ
ဘရာဇီးလ်လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီက အာဆင်နယ်အသင်းဟာ လက်တလောမှာ အကျပ်အတည်းတွေကို ရင်ဆိုင်နေရပေမယ့်လည်း ရာသီသစ်မှာ မြင်တွေ့ရမယ့် အာဆင်နယ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်သင်းဖြစ်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ၂ ရာသီဆက်တိုက် အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာနဲ့ အဆုံးသတ်ခဲ့တဲ့အသင်းဖြစ်ပြီး လက်ရှိရာသီမှာလည်း ဥရောပဝင်ခွင့်နဲ့ လွဲချော်ထားတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာတီနယ်လီကတော့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်ကနေစတင်ပြီး ခြေစွမ်းပြန်လည်တည်ငြိမ်လာခဲ့ပြီး လာမယ့်ရာသီသစ်မှာ ပိုမိုကောင်းမွန်လာဦးမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ မှတ်တမ်းတွေအရလည်း အာဆင်နယ်အသင်းရဲ့ပြီးခဲ့တဲ့ဒုတိယရာသီဝက် စွမ်းဆောင်ရည်ဟာ အမှတ်ပေးချန်ပီယံ မန်ချက်စတာစီးတီးပြီးရင် အကောင်းဆုံးဖြစ်ခဲ့ပြီး ဂန်းနားတွေရဲ့ ယမန်နှစ်ရာသီ ကျရှုံးမှုဟာ ပထမရာသီဝက် ခြေစွမ်းမတည်ငြိမ်မှုနဲ့ အဓိက သက်ဆိုင်ခဲ့ပါတယ်။ ဒါေကြောင်လည်း မာတီနယ်လီက “ခုဆို ကျွန်တော်တို့အသင်းက အသင်းသစ်တစ်သင်းလိုပါပဲ။ နည်းပြသစ်၊ ကစားသမားသစ်တွေနဲ့ပါ။ ဒါေပေမယ့် ကျွန်တော်တို့…
အသင်းအတွက် လိုအပ်လာရင် ဘာမဆိုပေးဆပ်သွားပါမယ် – ဘန်ဝှိုက်
အာဆင်နယ်အသင်းရဲ့ ဗဟိုခံစစ်မှူးသစ် ဘန်ဝှိုက်က သူ့အနေနဲ့ အသင်းအတွက် ပေးဆပ်ဖို့ လိုအပ်လာမယ်ဆိုရင် ဘာမဆိုပေးဆပ်လုပ်ဆောင်ပေးသွားမှာဖြစ်သလို နေရာပြောင်းရွှေ့ကစားပေးဖို့ လိုအပ်လာမယ်ဆိုရင်လည်း ပြောင်းရွှေ့ကစားပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဗဟိုခံစစ်မှူး ဘန်ဝှိုက်ဟာ ဗဟိုခံစစ်မှူးတစ်ယောက်အတွက် မက်ဂွိုင်းယားနဲ့ ဗန်ဒိုက်ချ်တို့ပြီးရင် တတိယမြောက် အမြင့်ဆုံး ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် သန်း ၅၀ နဲ့ ဘရိုက်တန်အသင်းကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့လာသူဖြစ်ပြီး သူ့ရဲ့ ပထမဆုံးအင်တာဗျူးမှာတင် ခုလိုမျိုး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ဘန်ဝှိုက်က “ကျွန်တော်က ဖိအားတွေကို တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်စွမ်းရှိပါတယ်။ ဘောလုံးကို သက်သောင့်သက်သာ ကိုင်ကစားနိုင်သလို ခက်ခက်ခဲခဲကာကွယ်နေရတဲ့အချိန်တွေကို အရည်အသွေးပြည့်ပြည့်ဝဝနဲ့ ကိုင်တွယ်ဖြေရှင်းတတ်ပါတယ်။ ကျွန်တော့် အဓိကနေရာက ဗဟိုခံစစ်ပါ။ ကျွန်တော် ဒီနေရာမှာ နှစ်ပေါင်းများစွာ ကစားခဲ့တာပါ။ ဒါပေမယ့် မတူညီတဲ့နေရာတွေမှာလည်း ကျွန်တော်ကစားနိုင်ပါတယ်။ အသင်းအတွက်…
ဘယ်လာရင်နဲ့ အာဆင်နယ် တစ်ပတ်အတွင်း လမ်းခွဲတော့မယ်လို့ သတင်းထွက်ပေါ်
အာဆင်နယ်အသင်းရဲ့ သက်တမ်းရင့်ခံစစ်မှူး ဟက်တာ ဘယ်လာရင်ဟာ ယခုတစ်ပတ်အတွင်းမှာ အသင်းနဲ့ လမ်းခွဲပြီး ပြောင်းရွှေ့ထွက်ခွာတော့မှာဖြစ်ကြောင်း ထိပ်တန်းမီဒီယာ CBS Sports က ဖော်ပြလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဟက်တာ ဘယ်လာရင်ဟာ ၂၀၁၂-၁၃ ရာသီကတည်းက အာဆင်နယ်အသင်းကြီးထံ စတင်ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာအသင်းအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့ကာ နောက်ပိုင်းရာသီတွေမှာ အသင်းရဲ့ အဓိက ညာနောက်ခံလူအဖြစ် ခြေစွမ်းပြသနိုင်ခဲ့သူပါ။ ၂၀၁၉-၂၀ ရာသီမှာတော့ ပြင်းထန်တဲ့ဒူးဒါဏ်ရာ ရရှိသွားခဲ့ပြီး ကာလရှည်အနားယူခဲ့ရသလို ပြန်လည်သက်သာလာချိန်မှာလည်း အရင်လို ခြေစွမ်းတည်ငြိမ်မှုမျိုး ပြန်လည်မရရှိတော့ပါဘူး။ ဒါကြောင့်လည်း အာဆင်နယ်အသင်းက ယခုနှစ်နွေရာသီမှာ သူ့ကို ရောင်းထုတ်ဖို့ စီစဉ်လာတာဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့ရာသီမကုန်ဆုံးခင်ကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ ခုချိန်မှာတော့ ဘယ်လာရင်ရဲ့ အေးဂျင့်ဖြစ်သူ အယ်လ်ဘာတို…
ဘရာဇီးလ် အိုလံပစ် ကွင်းလယ်ခံစစ်ကြယ်ပွင့်ကိုခေါ်ယူဖို့ အာဆင်နယ် ကြိုးပမ်းနေ
ကွင်းလယ်ခံစစ်ကစားသမားသစ် ရှာဖွေနေတဲ့ အာဆင်နယ်အသင်းဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲဝင် ဘရာဇီးလ် ယူ-၂၃ အသင်းက ကွင်းလယ်ခံစစ်ကစားသမား ဘရူနို ဂွီမာရေးစ်ကို ခေါ်ယူဖို့ စတင်ကြိုးပမ်းနေပြီဖြစ်ကြောင်း သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။ ဂရာနစ် ရှာခါကို လက်လွှတ်တော့မယ့် အာဆင်နယ်အသင်းဟာ သူ့နေရာမှာ အစားထိုးဖို့ အီတလီလက်ရွေးစင်ကွင်းလယ်လူ မန်နူရယ် လိုကာတယ်လီကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ကာ ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် ခေါ်ယူနိုင်ရေး မရေမရာဖြစ်နေပါတယ်။ ဒါကြောင့်လည်း ပစ်မှတ်သစ်အဖြစ် အိုလံပစ်လီယွန်အသင်းက ကွင်းလယ်ခံစစ်ကစားသမား ဘရူနို ဂွီမာရေးစ်ကို ပြောင်းလဲ ပစ်မှတ်ထားလာတာဖြစ်ပြီး ချဉ်းကပ်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြင်သစ်ကလပ်ကတော့ ထိုက်တန်တဲ့ကမ်းလှမ်းမှုရှိလာခဲ့ရင် အဆိုပါကွင်းလယ်လူကို ရောင်းထုတ်ဖို့ စိတ်ကူးရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဝန်းကျင်အလိုရှိနေပါတယ်။ Goal ရဲ့ ဖော်ပြချက်အရတော့…
အာဆင်နယ်မှာ ဝီလ်ရှီးယားကို ပြန်မြင်ရမလား
အာဆင်နယ်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ကွင်းလယ်လူဟောင်း ဂျက် ဝီလ်ရှီးယားကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ စပိန်သတင်းဌာန Fichajes ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Sport Mole က ဖော်ပြခဲ့ပါတယ်။ မက်တီယို ဂွမ်ဒူဇီကို အငှားချထားပြီး လူးကပ် တော်ရဲယား၊ အိန်းစလေ မိတ်လန်း-နိုင်းလ်စ်နဲ့ ဂရာနစ် ရှာခါတို့ကိုလည်း ရောင်းထုတ်တော့မယ့် အာဆင်နယ်အသင်းဟာ သူတို့နေရာမှာ အစားထိုးဖို့ ကွင်းလယ်စားသမားသစ်တွေ ရှာဖွေနေတဲ့ အသင်းဖြစ်ပြီး ရူဘင် နီးဗက်စ်၊ ဒန်းနစ် ဇာကားရီးယား၊ ဆန်ဒါ ဘာ့ဂျ်၊ ဘရူနို ဂွီမာရေးစ်အစရှိတဲ့ ကွင်းလယ်လူတွေကို ပစ်မှတ်ထားနေတဲ့အသင်းဖြစ်ပါတယ်။ ဂန်းနားတွေအနေနဲ့ ခုလိုမျိုး ကွင်းလယ်လူသစ် ရှာဖွေနေရင်း အသင်းနဲ့ ၂၀၁၈ ခုနှစ်တုန်းက လမ်းခွဲခဲ့တဲ့ အင်္ဂလိပ်ကွင်းလယ်လူ ဂျက် ဝီလ်ရှီးယားကို ပြန်လည်မျက်စိကျလာတာဖြစ်ပါတယ်။ အသက်…