ဒေါသ မထွက်ဖူးသူရယ်လို့ မရှိပါဘူး။ လူတိုင်းကတော့ ဒေါသဖြစ်ဖူးကြမှာပါ။ ဥပမာ – ကားမောင်းနေရင်း signal မပြဘဲ အတင်း ဖြတ်ဝင်တာမျိုး၊ ကိုယ်တိုင်ကို ဖြစ်စေ၊ မိသားစုထဲက ချစ်ခင်ရသူ တစ်ဦးဦးကို ဖြစ်စေ ထိခိုက်နာကျင်အောင် လုပ်တာမျိုးကို မြင်ရတဲ့အခါ ဒေါသက အလိုလို ထွက်လာတတ်ပါတယ်။ ဒေါသက ပုံမှန် အခြေအနေမှာ ကျန်းမာရေးကို ထောက်ကူပေးနိုင်တယ်ဆိုပေမယ့် အရမ်းဒေါသထွက်လာမယ်ဆိုရင်တော့ သွေးပေါင်တက်တာ နဲ့ အခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ ဒေါသကြောင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်မိတာတွေ ရှိတတ်ပါတယ်။ ဒီပြဿနာတွေကနေ ကင်းဖို့ဆိုရင် ပြဿနာ ကြီးကြီးမားမား မဖြစ်ခင်မှာ ဒေါသကို သေချာလေး ထိန်းချုပ် ဖြေရှင်းဖို့ လိုပါမယ်။ ဒေါသတွေ တအားထွက်လာတဲ့အခါ ဒေါသတွေ တအားထွက်လာတဲ့အခါ ပြဿနာ…
Month: August 2021
စောင်းလျားသီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ
အာရှ မျိုးရင်း အပင် တစ်မျိုးဖြစ်တဲ့ စောင်းလျားသီး ဟာ အရွယ်အားဖြင့် ၅ စင်တီမီတာကနေ ၁၈ စင်တီမီတာထိ ရှိပါတယ်။ စောင်းလျားသီးကို အကွင်းလိုက်လေးတွေ လှီးလိုက်မယ်ဆိုရင် အချွန်း (၅) ခုပါတဲ့ ကြယ်လေးလို ဖြစ်သွားပါတယ်။ စောင်းလျားသီးက မမှည့်သေးခင်မှာ အစိမ်းရောင်ရှိပြီး ခပ်တင်းတင်းနဲ့ ချဉ်ဖန်ဖန် အရသာရှိပါတယ်။ မှည့်သွားပြီဆိုရင်တော့ အဝါရောင်သန်းပြီး အရည်ရွှမ်းလာပါတယ်။ စောင်းလျားသီးရဲ့ အရသာက ချဉ်တာရှိသလို ချိုတာလည်း ရှိပါတယ်။ ဒါဆို စားကောင်းတဲ့ စောင်းလျားသီးက ကျန်းမာရေးအတွက် ဘယ်လိုတွေ အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား စောင်းလျားသီးက ကျန်းမာရေးအတွက် ကောင်းသလားဆိုတော့ ကောင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့…
အာတီတာရဲ့ အကြီးမားဆုံးအပြောင်းအရွှေ့မှားဖြစ်လာတဲ့ ဝီလီယံ ဆာလီဘား
ဝီလီယံ ဆာလီဘားကို အခွင့်အရေးပေးဖို့ ငြင်းဆိုပြီး အငှားချထားဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဟာ အာဆင်နယ်နည်းပြ မီခယ် အာတီတာရဲ့ အကြီးမားဆုံးသော အပြောင်းအရွှေ့ ဆုံးဖြတ်ချက်မှားဖြစ်တယ်လို့ သတင်းမီဒီယာတစ်ချို့က ထောက်ပြခဲ့ကြပါတယ်။ အာဆင်နယ်နည်းပြ မီခယ် အာတီတာဟာ ဆာလီဘားကို ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်တုန်းက နိုက်စ်အသင်းထံ အငှားချထားခဲ့သလို ယခုနှစ်ရာသီမှာလည်း မာဆေးလ်အသင်းထံ ၁ ရာသီအငှားချထားခဲ့ပါတယ်။ ဆာလီဘားဟာ အငှားချထားခံရတဲ့အသင်းတိုင်းမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနိုင်ခဲ့ပြီး အာတီတာရဲ့ ဆုံးဖြတ်ချက်မှားယွင်းကြောင်းကို အကြိမ်ကြိမ်သက်သေပြနိုင်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် ခံစစ်မှူးဟာ လက်တလော လီဂူး-၁ မှာ ၅ ပွဲပါဝင်ကစားထားပြီး လိမ်ခေါက်ဖြတ်ကျော်ရအခက်ဆုံး၊ ကြားဝင်ဟန့်တားမှုအကောင်းဆုံး၊ အမြင့်ဘောလုယူမှုအကောင်းဆုံးနဲ့ ဘောလုံးပေးပို့မှုတိကျနှုန်းအမြင့်ဆုံး ကစားသမားတွေစာရင်းမှာ ပါဝင်နေပါတယ်။ ဂန္တဝင်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ အီယန် ရိုက်ကတော့ အာဆင်နယ်အသင်းဟာ ကိုလာစီနက်၊ ချမ်ဘာစ်နဲ့ ဟိုးလ်ဒင်းတို့လိုကစားသမားတွေကို…
နောက်ဆုံးမိနစ် ခေါ်ယူမှုဖြစ်လာဖို့ရှိနေတဲ့ ဟူဆန် အော်ဝါ
ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက လီယွန်ကွင်းလယ်လူ ဟူဆန် အော်ဝါဟာ အာဆင်နယ်အသင်းရဲ့ နောက်ဆုံးမိနစ်ခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူ အော်ဝါကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီယွန်အသင်းကလည်း အဆိုပါကစားသမားကို အသင်းကနေ ရှင်းထုတ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ရိုမာနိုရဲ့ ပြောဆိုချက်အရ လီယွန်အသင်းဟာ အော်ဝါကို ကနဦးအငှားစနစ်နဲ့ ခေါ်ယူနိုင်ကြောင်း အာဆင်နယ်အသင်းထံ ကမ်းလှမ်းထားပေမယ့် ဂန်းနားတွေဘက်က ခေါ်ယူခြင်း ပြု/မပြုကို အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ သိထားရပါတယ်။ “ဟူဆန် အော်ဝါရဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ခြေက မပြီးဆုံးသေးပါဘူး။ အင်္ဂလိပ်ကလပ်တွေတိုင်းမှာ အခွင့်အရေးရှိနေပါသေးတယ်။ အာဆင်နယ်က သူ့ကို ခေါ်ယူခြင်း ပြု/မပြုကို လီယွန်ထံ အကြောင်းမပြန်သေးပါဘူး။ နောက်ဆုံးမိနစ် ခေါ်ယူမှုဖြစ်လာနိုင်ခြေရှိနေပါတယ်။ စပါးကတော့ ပထမတစ်ကြိမ် ကြိုးပမ်းမှုမအောင်မြင်ခဲ့သလို ခုချိန်မှာလည်း ညာနောက်ခံလူခေါ်ဖို့ကို ပိုအားစိုက်လာနေတာမို့…
အသင်းအတွက် ပေးဆပ်ကစားကြဖို့ အသင်းသားတွေကို အူဘာ သတိပေး
အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ပီယာရီ-အမ်းမရစ် အူဘာမီယန်းက အသင်းရလဒ်တွေဆိုးရွားပြီး ယိမ်းယိုင်နေချိန်မှာ အသင်းအတွက် အရာရာပေးဆပ်ကစားကြဖို့ လိုအပ်ကြောင်း အသင်းသားတွေကို သတိပေးစကားပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ အဖွင့်ပွဲစဉ် ၃ ပွဲစလုံး အရေးနိမ့်ထားပြီး သွင်းဂိုးလည်း တစ်ဂိုးမှ မသွင်းယူနိုင်သေးပါဘူး။ အဆိုပါရလဒ်ဟာ အာဆင်နယ်အသင်းအတွက်တော့ ၁၉၅၄-၅၅ ရာသီနောက်ပိုင်း အဆိုးရွားဆုံး ရာသီအဖွင့်ရလဒ်ဖြစ်ပါတယ်။ အသင်းခေါင်းဆောင်ဖြစ်တဲ့ အူဘာမီယန်းကတော့ အသင်းရလဒ်တွေ ခုလိုမတည်မငြိမ်ဖြစ်နေချိန်မှာ အသင်းသားတွေအနေနဲ့ ခုထပ်ပိုပြီး ကြိုးစားအားထုတ်ကြဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ “ကျွန်တော်တို့အနေနဲ့ ဒီလိုပွဲစဉ်မျိုးတွေမှာ ရဲရဲရင့်ရင့်နဲ့ ကစားသင့်ပါတယ်။ အရာအားလုံးပေးဆပ်ကစားဖို့လည်း လိုအပ်ပါတယ်။ ဘာစွန့်စားမှုမှ မလုပ်ချင်ရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အဲဒီပွဲမှာကစားခဲ့တဲ့ပုံစံနဲ့ အားထုတ်မှုက လုံလောက်မှုမရှိပါဘူး။ ဒါက ပွဲရဲ့အဖြေပါပဲ” လို့ သူကဆိုခဲ့တာပါ။ “ကျွန်တော်တို့ အချင်းချင်းအကြားမှာ…
ကစားသမားဘဝ တိုးတက်ဖို့အတွက် နိုင်းလ်စ်တစ်ယောက် ရီးစ် ဂျိမ်းစ်ကို အတုယူသင့်သလား
ခြေစွမ်းခြေစရှိပေမယ့် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုံးကန်နေရတဲ့ အာဆင်နယ်ကစားသမား အိန်းစလေ မိတ်လန်း-နိုင်းလ်စ်အနေနဲ့ ချယ်လ်ဆီးခံစစ်မှူး ရီးစ် ဂျိမ်းစ်ကို အတုယူသင့်ကြောင်း TBR သတင်းဌာနက တိုက်တွန်းရေးသားလိုက်ပါတယ်။ နိုင်းလ်စ်ဟာ ညာတောင်ပံခံစစ်မှာ ခြေစွမ်းကောင်းပြသနိုင်သူဖြစ်ပေမယ့် ကွင်းလယ်ဗဟိုမှာကစားဖို့ စိတ်အားထက်သန်နေသူဖြစ်ပါတယ်။ လက်တလော အာဆင်နယ်အသင်းမှာ ညာနောက်ခံလူဖြည့်တင်းဖို့ လိုအပ်နေတာမို့ နည်းပြဖြစ်သူ မီခယ် အာတီတာက သူ့ကို အဆိုပါနေရာမှာ ကစားဖို့ နားချစည်းရုံးနေပေမယ့် ကာယကံရှင်ကတော့ အဆိုပါနေရာမှာ ကစားဖို့ ငြင်းဆန်ထားဆဲပါ။ မီဒီယာတွေရဲ့ သုံးသပ်ချက်တွေအရဆိုရင် သူသာ ညာနောက်ခံလူနေရာမှာကစားဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပုံမှန်ပွဲထွက်ခွင့်တောင် ရနိုင်တယ်လို့ ဆိုကြပါတယ်။ TBR သတင်းဌာနကတော့ နိုင်းလ်စ်လိုပဲ ကွင်းလယ်မှာကစားဖို့ စိတ်အားထက်သန်တဲ့ကစားသမားဖြစ်ပေမယ့် ညာတောင်ပံခံစစ်မှာ ခြေစွမ်းပိုပြသနိုင်တာကြောင့် သဘောမကျလျက်နဲ့ RB အဖြစ်ကြိုးစားကစားနေကြောင်း ဝန်ခံသွားတဲ့ ရီးစ် ဂျိမ်းစ်ရဲ့ စိတ်သဘောထားမျိုးကို…