အသားခြောက်တွေ၊ ငါးခြောက်နဲ့ သစ်သီးခြောက်တွေလိုမျိုး အခြောက်အခြမ်းတွေ က တာရှည်ခံသလို စားရတာလည်း ခံတွင်းတွေ့လှပါတယ်။ ဒါဆို မေးစရာရှိတာက အသားခြောက်တွေ၊ အခြောက်ခံထားတဲ့ ပဲတွေ၊ အသီးအရွက်တွေ၊ ငါးခြောက်တွေ၊ ပုစွန်ခြောက်တွေလိုမျိုး အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရတန်ဖိုး ပြည့်ရဲ့လားဆိုတာပါ။ ဒီအကြောင်းလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ အခြောက်အခြမ်းတွေ က အာဟာရ ပြည့်ပါ့မလား တာရှည်ခံအောင် အခြောက်ခံထားတဲ့ ငါးခြောက်၊ အသားခြောက် စတာတွေက ဆားပါဝင်မှု များတာကြောင့် သွေးတိုးတာမျိုး ဖြစ်စေနိုင်တယ် ဆိုတာကိုတော့ လူအတော်များများ သိထားပြီး ဖြစ်မှာပါ။ ဒါတွေအပြင် အာဟာရတန်ဖိုးရော လျော့သွားနိုင်သလား။ အခြောက်ခံထားတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားဆိုတော့ အစားအစာတွေကို အခြောက်ခံတာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးလည်း အနည်းငယ်တော့ ရှိပါတယ်။ ကောင်းကျိုးတွေက…
Month: September 2021
အာဆင်နယ်မှာ စမစ်-ရိုးက ဆာကာထက်ပိုပြီး အရေးပါသလား
ဂန္တဝင် အသင်းခေါင်းဆောင်ဟောင်း တိုနီ အဒမ်စ်က အာဆင်နယ်အသင်းမှာ ကွင်းလယ်ဖန်တီးရှင် အီမီလီ စမစ်-ရိုးဟာ တောင်ပံလူ ဘူကာယို ဆာကာထက်ပိုပြီး အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ အဒမ်စ်ကတော့ အဆိုပါ ကစားသမား ၂ ဦးလုံးဟာ အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ ဒေါက်တိုင်ကစားသမားတွေဖြစ်ကြပေမယ့် စမစ်-ရိုက အာဆင်နယ်အသင်းရဲ့ ကစားကွက်ကို ဖန်တီးတည်ဆောက်တဲ့အပိုင်းမှာ ပိုပြီး အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ သုံးသပ်ခဲ့တာပါ။ “၂ ယောက်လုံး အရမ်းကောင်းပါတယ်” လို့ ဂန္တဝင်ကြီးက Sky Sports ကို ပြောခဲ့ပါတယ်။ “ဒါပေမယ့် အရိုးသားဆုံးပြောရရင် အီမီလီက ဘူကာယိုထက်ပိုပြီး အရေးပါတယ်လို့ ခံစားရပါတယ်။ နည်းစနစ်ပိုင်းအရဆိုရင် အီမီလီက ပိုအရေးပါတာကြောင့်ပါ။ သူက ဘားကမ့်လိုကစားပြနေတာပါ။ တစ်ချက်ထိကစားတဲ့နေရာမှာ သိပ်ကို သိသာပါတယ်။ ဘားကမ့်ပ်က ကွင်းရှေ့မှာ…
ဇန်နဝါရီမှာ ၃ နေရာ ဖြည့်ဦးမယ့် အာဆင်နယ်
နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ပေါင် သန်း ၁၆၀ အထိအသုံးပြုကာ ကစားသမားသစ် ၆ ဥိး ဖြည့်တည်းခဲ့တဲ့ အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာလည်း ဖြည့်တင်းမှုအသစ်တွေ ထပ်မံပြုလုပ်သွားဦးမှာဖြစ်ကြောင်း Football London က သတင်းထောက် ခရစ် ဝှိုက်တလေက ပြောဆိုလာပါတယ်။ အာဆင်နယ်အသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ် ၃ ဦး ဖြည့်တင်းသွားမှာဖြစ်ပြီး အရံဗဟိုခံစစ်မှူး၊ ကွင်းလယ်ဗဟိုနဲ့ အရံဂိုးသမားစတဲ့နေရာတွေအတွက် ဖြည့်တင်းမှုပြုလုပ်သွားမှာဖြစ်တယ်လို့ ဝှိုက်တလေက ဆိုခဲ့ပါတယ်။ “အာဆင်နယ်အသင်း နောက်ထပ်ဖြည့်တင်းဖို့ စီစဉ်နေတဲ့နေရာတွေက ကွင်းလယ်ဗဟိုနဲ့ အရံဗဟိုခံစစ်မှူးပါ။ နောက်ပြီး အာရွမ် ရမ်းစ်ဒေးလ်အတွက် အရံဂိုးသမားတစ်ဦးလည်း ခေါ်ယူပါလိမ့်မယ်။ အကြောင်းကတော့ လီနိုကလည်း (ဇန်နဝါရီမှာ) အသင်းက ထွက်ခွာဖို့ ဖြစ်နိုင်ခြေများနေတာကြောင့်ပါ” လို့ ဝှိုက်တလေက ပြောဆိုခဲပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဂရာနစ်…
ဆီးချိုသမားတွေ အနာမြန်မြန်ကျက်စေချင်ရင် ဘာတွေလုပ်ရမလဲ
ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်တဲ့ခါ ဖြစ်ပွားပြီး အာရုံကြောများ၊ သွေးကြောများကို ထိခိုက်လာနိုင်ပါတယ်။ အာရုံကြောများ ခံစားသိရှိမှုအားနည်းသွားလို့ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ (အထူးသဖြင့် ခြေထောက်) ထိခိုက်ဒဏ်ရာရပြီး အနာများဖြစ်လာနိုင်ပါတယ်။ အိပ်ရာပေါ် ကာလကြာရှည် လှဲလျောင်းနေရသူများဟာလည်း အိပ်ရာပူနာများ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ ဆီးချိုရောဂါရှိသူများမှာ အနာဖြစ်ခဲ့ရင် သေချာစွာ ဂရုစိုက်ကုသဖို့ လိုအပ်ပါတယ်။ ဂရုမစိုက်ဘဲထားရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးသော အခြေအနေကတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြတ်တောက်ရခြင်း ဖြစ်ပါတယ်။ ဥပမာ ခြေချောင်းလေးများမှာ အနာဖြစ်ပြီး ကောင်းကောင်းမကျက်တာကြောင့် ဖြတ်ပစ်ရခြင်းမျိုး ဖြစ်ပါတယ်။ အနာကျက်မြန်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ ဆီးချိုရှိသူများမှာ အနာဖြစ်လာပြီဆိုရင် အနာဟာ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မပေါ့ဆဘဲ ဂရုစိုက် ကုသရပါတယ်။ မိမိဖာသာ လုပ်ဆောင်နိုင်တဲ့အပိုင်းတွေ ရှိသလို ဆရာဝန်ဖက်က ကုသမှုအပိုင်းတွေလည်း…
သင် ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့လိုနေသလား
ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပြီးသူတွေ တော်တော် များလာပါပြီ။ အရင်က ရောဂါပိုးတွေက ပြင်းထန်လာချိန်မှာ ရောဂါ ကူးစက်မှုကနေ ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးဖို့ကို အပြင်းအထန် ကြိုးပမ်းခဲ့ကြပေမယ့် အခုကာကွယ်ဆေးတွေ ထိုးပြီးချိန်မှာတော့ နောက်ထပ် ခေါင်းထဲဝင်လာတဲ့ အတွေးတွေက booster ( ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး ) ထိုးဖို့လိုမလား။ ဘယ်အချိန်မှာ booster ထပ်ထိုးဖို့ လိုမလဲ။ ဆိုတဲ့ ခေါင်းစဉ်တွေပါ။ ဒီခေါင်းစဉ်တွေအတွက် အဖြေတွေကို ဆောင်းပါးလေးထဲမှာ ဖြေပေးထားပါတယ်။ ကဲ အတူတူ ကြည့်လိုက်ရအောင်လား …….. ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး နဲ့ပတ်သက်လို့ ကာကွယ်ဆေး အများစုက ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးရပါမယ်။ ဒါမှ ရောဂါကို အကောင်းဆုံး ကာကွယ်နိုင်မှာပါ။ ဒါကြောင့် ကာကွယ်ဆေးတွေ…
ရော်နယ်ဒိုနဲ့ ရွန်းနီရဲ့ စံချိန်ကို စမစ်-ရိုးနဲ့ ဆာကာ ရိုက်ချိုးတော့မလား
လက်တလောမှာ ခြေစွမ်းပြသနေကြတဲ့ ဘူကာယို ဆာကာနဲ့ အီမီလီ စမစ်-ရိုးတို့နှစ်ဦးဟာ တချိန်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့တဲ့ စီရော်နယ်ဒိုနဲ့ ဝိန်းရွန်းနီတို့ရဲ့ ပရီးမီးယားလိဂ် သမိုင်းဝင်စံချိန်ကို ရိုက်ချိုးနိုင်ဖို့ နီးစပ်လာနေပြီဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ စီရော်နယ်ဒိုနဲ့ ဝိန်း ရွန်းနီတို့ဟာ အသက် ၂၁ နှစ်အောက်ကစားသမားတွေထဲမှာ အပြန်အလှန် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်တဲ့ ပွဲစဉ်အရေအတွက် ၈ ပွဲအထိ မှတ်တမ်းဝင်ထားတဲ့ တိုက်စစ်အတွဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်လူငယ်တွေဖြစ်ကြတဲ့ စမစ်-ရိုးနဲ့ ဆာကာတို့က သူတို့ရဲ့ စံချိန်ကိုလိုက်မှီဖို့ တာဆူနေကြပြီဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် အီမီလီ စမစ်-ရိုးနဲ့ အသက် ၂၀ အရွယ် ဘူကာယို ဆာကာတို့ဟာ အပြန်အလှန် သွင်းဂိုးနဲ့ ဖန်တီးမှုပြုလုပ်နိုင်တဲ့ပွဲစဉ် ၅ ပွဲအထိ…