အာဆင်နယ်ကတော့ မာကျောလှပါတယ်ဆိုတဲ့ လက်စတာကို အဝေးကွင်းမှာ ၂ ဂိုးပြတ်သွင်းပြီး နှုတ်ဆိတ်စေခဲ့ပါတယ်။ တစ်သင်းလုံးကောင်းအောင် ကစားပြနိုင်ခဲ့ကြပြီး အားရကျေနပ်စရာကောင်းတဲ့ ခြေစွမ်းမျိုးကို မြင်ခဲ့ရတဲ့ပွဲပါ။ အသင်းလိုက်စုစည်းညီညွတ်မှု၊ နည်းဗျူဟာပိုင်း အကွက်ကျနမှုနဲ့ ကစားသမားတွေရဲ့ မခိုမကပ် အင်တိုက်အားတိုက် ကြိုးစားနေကြပုံတွေကို မြင်တွေ့ခဲ့ရတဲ့ပွဲပါ။ ဥရောပဝင်ခွင့်လုပွဲမှာ အဓိက ပြိုင်ဘက်အသင်းဖြစ်တဲ့ လက်စတာကို အဝေးကွင်းမှာ အနိုင်ယူနိုင်ခဲ့တာက အတော်လေး ကျေနပ်စရာ အခြေအနေပါ။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းရဲ့ ဥရောပဝင်ခွင့်အိပ်မက်တွေ ပိုမိုအားကောင်းလာခဲ့ပြီး လေနဲ့ မျှော်ရတဲ့ဘဝကနေ တကယ်ရင်ဆိုင်ပြီး နေရာလုခွင့်ကို ပြန်ရလာခဲ့ပြီဖြစ်ပါတယ်။ ကျေနပ်စရာနိုင်ပွဲတစ်ပွဲဖြစ်တာနဲ့အညီ ပြောစရာဆိုစရာတွေလည်းများခဲ့ပြီး ကောင်းတဲ့အချက်တွေများပါတယ်။ ဒီအချက်တွေထဲကမှ စိတ်ဝင်စားဖို့ကောင်းတဲ့ ထူးခြားချက်လေးတွေကို ထုတ်နှုတ်ပြီး ဒီပွဲစဉ်အတွက် မှတ်မှတ်ထင်ထင်အချက်တွေအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ ၁။ တည်ကန်ဘောဘုရင် အသင်းဖြစ်နေပြီလား တည်ကန်ဘောနည်းပြ နီကိုလပ် ယိုဗာရောက်လာပြီးကတည်းက အာဆင်နယ်အသင်းရဲ့…
Month: October 2021
ဆာလီဘားအတွက်နေရာ အသင်းမှာရှိပါတယ် – မီခယ် အာတီတာ
အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ် အာတီတာက မာဆေးလ်မှာ အငှားထွက်ကစားရင် ခြေစွမ်းကောင်း ထုတ်ဖော်ပြသနိုင်နေတဲ့ လူငယ်ခံစစ်မှူး ဝီလီယံ ဆာလီဘားအတွက် အသင်းမှာ ရေရှည်မျှော်လင့်ချက်နဲ့ နေရာတွေ ရှိထားပြီးသားဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၀ အရွယ် ပြင်သစ် ယူ-၂၁ ကြယ်ပွင့်ဟာ အာဆင်နယ်အသင်းကို စတင်ရောက်ရှိလာပြီးကတည်းက စိန့်အန်တီယန်၊ နိုက်စ်နဲ့ မာဆးလ်တို့ထံ ဆက်တိုက် အငှားထွက်ကစားနေခဲ့ရသူဖြစ်ပြီး မိခင်ကလပ်အတွက် တစ်ပွဲမှ ပါဝင်ကစားပေးခွင့်မရသေးသူပါ။ အငှားထွက်ကစားတဲ့ အသင်းတိုင်းမှာ ခြေစွမ်းကောင်းတွေ ထုတ်ဖော်ပြသနိုင်လေ့ရှိတဲ့ သူ့ကို အာဆင်နယ်ပရိတ်သတ်တွေက အထူးနှစ်ခြိုက်သဘောကျကြပေမယ့် အသင်းရဲ့ ပြုမူပုံတွေကြောင့် ရာသီကုန်ချိန်မှာ အပြီးအပြတ်ရောင်းထုတ်လိုက်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာကတော့ ပရိတ်သတ်တွေရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးခဲ့ပြီး ဆာလီဘားဟာ သူတို့အသင်းရဲ့ အနာဂတ်အတွက်…
အာဆင်နယ်ကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့ လာကာဇက်
အာဆင်နယ်အသင်းက အသက် ၃၀ အရွယ် ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ဟာ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ စပိန်သတင်းဌာန Fichajes နဲ့ ဗြိတိန်သတင်းစာ Express တို့က ဖော်ပြလိုက်ပါတယ်။ အဆိုပါသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ စာချုပ်သက်တမ်း ၈ လသာကျန်ရှိတော့တဲ့ ပြင်သစ်တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းဘက်က ကမ်းလှမ်းလာမယ့် ဘယ်စာချုပ်သစ်ကမ်းလှမ်းချက်ကိုမဆို ငြင်းဆန်ပါယ်ချသွားမှာဖြစ်ပြီး ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ဟာ လက်တလောမှာ အာဆင်နယ်အသင်းရဲ့တိုက်စစ်မှာ အူဘာမီယန်းနဲ့တွဲဖက်ကာ ခြေစွမ်းပြသနိုင်နေသူဖြစ်တာမို့ အာဆင်နယ်အသင်းပရိတ် အချို့ကတော့ သူ့ကို အသင်းမှာ ဆက်ရှိနေဖို့ အလိုရှိနေကြတာပါ။ ဒါပေမယ့်လည်း ကာယကံရှင်ကတော့ အသင်းမှာ ပုံမှန်ပွဲထွက်ကစားရတဲ့ အရေအတွက် နည်းပါးနေတဲ့အပြင် အာဆင်နယ်အသင်းကိုယ်တိုင်က စာချုပ်သစ်အတွက် စိတ်အားတက်ကြွစွာ ချဉ်းကပ်စည်းရုံးတာမျိုး ခုချိန်အထိ…
ခံစစ်တန်းရဲ့ အားသာချက်တွေကို အာတီတာ ထုတ်ကြွား
အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ် အာတီတာက သူ့အသင်းမှာ ငယ်ရွယ်ပြီး အရည်အသွေးပြည့်ဝတဲ့ စပါယ်ရှယ် ခံစစ်တန်းကို တည်ဆောက်ထားနိုင်နေပြီလို့ လက်စတာနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ဝင့်ကြွားပြောဆိုသွားပါတယ်။ အသက် ၃၈ နှစ်အရွယ် စပိန်လူမျိုးနည်းပြက သူ့ရဲ့ အသင်းမှာ ခြေစွမ်းထက်မြက်ပြီး နားလည်မှုအပြည့်အဝနဲ့ အချိတ်အဆက်မိမိကစားနိုင်ကြတဲ့အပြင် ငယ်ရွယ်ပျိုမြစ်တက်ကြွတဲ့ ခံစစ်ကစားသမားတွေကို ပိုင်ဆိုင်နေပြီလို့ ထုတ်ဖော်ပြောဆိုလာတာပါ။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ခံစစ်တန်းကို အဓိက ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ဘန် ဝှိုက်၊ အာရွမ် ရမ်းစ်ဒေးလ်၊ တကီဟီရို တိုမီယဆု၊ နူနို တာဗာရက်စ် စတဲ့ ကစားသမားတွေကို ခေါ်ယူဖြည့်တင်းခဲ့ပါတယ်။ အသစ်ခေါ်ယူထားတဲ့ အဆိုပါကစားသမားတွေဟာ အသင်းမှာ အလျှင်အမြန် အထိုင်ကျခဲ့ကြပြီး အသင်းမှာရှိနှင့်ပြီးသား ကီယန် တီယာနီ၊ ဂါဘရီယယ်တို့နဲ့ အချိတ်အဆက်မိမိ…
အချိုမှုန့်စားရင် ဘာတွေဖြစ်လာမလဲ သိကြရဲ့လား
နေ့စဉ် စားလိုက်တဲ့ အစားအသောက်တွေတိုင်းမှာ အရသာရှိအောင်ဆိုပြီး အချိုမှုန့်တွေ ထည့်စားမိနေသလား Lotoshin ပရိသတ်ကြီးရေ… ဒါဆိုရင်တော့ အချိုမှုန့်က ကျန်းမာရေး အတွက် ကောင်းသလား…ဆိုးသလားဆိုတာကို သိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့တော့ လိုနေပြီနော်။ ဘာလဲ…… အချိုမှုန့် ဆိုတာ အချိုမှုန့်ကို MSG (monosodium glutamate) လို့ခေါ်ကြတယ်။ ဟင်းလျာတွေထဲမှာ အရသာကောင်းအောင်ဆိုပြီး ထည့်သုံးတတ်ကြပါတယ်။ အချိုမှုန့် (MSG) ကို သဘာဝအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ amino acid glutamate ကနေ ထုတ်လုပ်ထားတာပါ။ ဒီဓာတ်ကို ခန္ဓာကိုယ်က သူ့အလိုလိုထုတ်လုပ်နိုင်ပါတယ်။ အာရှဟင်းလျာ အများစုနဲ့ အသင့်စား၊ ပြုပြင်ထားတဲ့ အစားအစာတွေမှာ အများဆုံးတွေ့ရပါတယ်။ တစ်နေ့တစ်နေ့ကို စားသုံးမိသမျှ တော်တော်များများက အချိုမှုန့်နဲ့ မကင်းပါဘူး။ အချိုမှုန့်ကို စားမိနေတာက ကိုယ်တွေ မြန်မာနိုင်ငံ…
ကျန်းမာလှပချင်ရင် မနက်ခင်းတိုင်း ဒီအချက်တွေ လုပ်ကြည့်ပါ
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ပြောကြပေမယ့် လူတော်တော်များများက တန်ဖိုးထားဖို့မေ့နေကြပါတယ်။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို မကျန်းမာတော့မှနားလည်ကြတာပါ။ လူတစ်ယောက်ကျန်းမာပြီး ရောဂါကင်းနေဖို့က အခြားသူတွေလုပ်ပေးလို့မရပါဘူး ကိုယ်တိုင်လုပ်ယူရတာပါ။ နောက်တစ်ချက်က ကျန်းမာစေဖို့ ဆိုတဲ့နေရာမှာ အနေအထိုင်၊ အစားအသောက် နဲ့ နေ့စဉ်ပြုမူနေကျ အလေ့အထအားလုံးက သက်ရောက်နေတယ်ဆိုတာပါ။ တစ်နေ့တာအတွက် အရေးပါဆုံး အချိန်အပိုင်းအခြား တစ်နေ့တာလုံးမှာ တက်ကြွလန်းဆန်းနေချင်တယ်ဆိုရင် အင်အားပြည့်ဝစွာနဲ့နိုးထပြီး မနက်ခင်းလေးကို အကောင်းဆုံးစတင်ဖို့လိုပါမယ်။ မနက်ခင်းကို အကောင်းဆုံး စတင်နိုင်မှုက တစ်နေ့တာလုံးမှာ အကောင်းဆုံးတွေဖြစ်လာစေဖို့ရော သင့်ကျန်းမာရေးကိုပါ အများကြီးအထောက်အကူပြုပေးနိုင်လို့ပါ။ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ မနက်ခင်း အလေ့အထ အချို့က ဘာတွေများလဲ…….ရှင်သန်နေချိန်တလျှောက်မှာ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်စေဖို့ဆိုရင် သင့်ရဲ့ မနက်ခင်းတိုင်းကို အခုလိုမျိုး ကုန်ဆုံးကြည့်ပါ။ အိပ်ရာစောစောထပါ မနက်ခင်းစောစောမှာ လေထုက သန့်စင်လတ်ဆတ်နေသလို နေရောင်ခြည်နုနုလေးက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျမှုကင်းပြီး…