၇ ရက်သား/ သမီးများအတွက် ၂၉.၁၁.၂၀၂၁ မှ ၅.၁၂.၂၀၂၁ ရက်နေ့အထိ တစ်ပတ်စာဟောစာတမ်းအားတင်ပေးလိုက်ပါတယ်။ ၇ ရက်သားသမီးအပေါင်းစိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ တနင်္ဂနွေ သားသမီးများအတွက် လုပ်ငန်းတစ်ခု လုပ်ကိုင်ရကိန်းရှိသည်။ တနယ်တကြေးသို့သွားရောက်လုပ်ကိုင်ရသော လုပ်ငန်းဖြစ်တတ်သည်။ လုပ်ငန်းထဲတွင်လည်းကောင်းမိမိပတ်ဝန်းကျင်တွင်လည်းကောင်း မိမိအားမကောင်းကြံသူများ ရှိနေတတ်သည်။လုပ်ငန်းလုပ်ကိုင်နေသူများ သတိထားပါ အပြိုင်အဆိုင်အတိုက်အခံအလွန်များသောကာလဖြစ်သည်။ ရန်စကားများပြောရတတ်သည်။စပ်တူရှယ်ရာလုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။သူတစ်ပါးအတွက် အကူအညီပေးလိုက်ရခြင်းကြောင့် ငွေကြေးများကုန်ဆုံးသွားတတ်သည်။မကြာမီကာလအတွင်း စီးပွားတက်ခြင်းကြုံမည်။ စီးပွားရေးလုပ်ငန်း လုပ်မည်ဆိုပါကစနေနာမ်၊ တနင်္ဂနွေနာမ် လုပ်ငန်းများအကျိုးပေးသည်။ အထည်၊ ထီး၊ ဖိနပ်နာရီရောင်းဝယ်ရေးလုပ်ငန်းများ၊ ဥယျာဉ်ခြံမြေလုပ်ငန်း၊ အုတ်လုပ်ငန်းများ အကျိုးပေးသည်။စာချုပ်စာတမ်း စာရွက်စာတမ်းနှင့် ပတ်သက်သောကိစ္စများသတိထားပါ။ သောကနှင့်ယှဉ်သော ခရီးများသွားရတတ်သည်။ အဆင်မပြေနိုင်ပါလမ်းခရီးတွင် အချိန်ကြံ့ကြာခြင်းများ ကြုံတွေ့ရတတ်သည်။ ကျန်းမာရေး။ ။ ကျန်းမာရေး အညံ့ကြုံမည် ခြေထောက်ထိခိုက်ဒဏ်ရာရခြင်း၊ကျောအောင့်ရင်အောင့်ဖြစ်ခြင်း၊ ဖြစ်တတ်ပါတယ် ။အချစ်ရေး ချစ်သူရည်းစားများ မိမိချစ်သူနှင့် မကြာခဏ စကားများရမည့်ကာလဖြစ်သည်။…
Month: November 2021
အာဆင်နယ် ၂-၀ နယူးကာဆယ် ပွဲစဉ်က မှတ်မှတ်ထင်ထင် အချက် (၅) ချက်
အာဆင်နယ်အသင်းကတော့ အမှတ်ပေးဇယား အဆင့် ၂၀ နေရာက နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ အနိုင်ကစားပြီး ဖိအားတွေထပ်တင်ပေးလိုက်ပါတယ်။ ဒီလိုပဲ လီဗာပူးလ်နဲ့ပွဲအပြီး သူ့မှာရှိနေတဲ့ ဖိအားတွေကိုလည်း လျှော့ချနိုင်လိုက်တာပါ။ ယခု ၂ ဂိုးပြတ်နိုင်ပွဲကြောင့် အာဆင်နယ်အသင်းရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်တွ ပိုမိုအားကောင်းလာခဲ့သလို အဆင့် ၄ နေရာက ဝက်စ်ဟမ်းကိုလည်း ရမှတ်တူနဲ့ ဖိအားပေးနိုင်လိုက်ပါတယ်။ တိုက်စစ်ပိုင်းအားနည်းချက်တွေရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဒီကနေ့ပွဲမှာလည်း ဂိုးသွင်းယူနိုင်ဖို့ ရုံးကန်ခဲ့ရပါသေးတယ်။ ဒါပေမယ့် လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြသမှုကြောင့် ဒုတိယပိုင်းမှာ ၂ ဂိုးပြန်သွင်းနိုင်ခဲ့ပြီး အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာပါ။ လူငယ်တွေရဲ့ ခြေစွမ်းထက်မြက်မှုကြောင့် အနိုင် ၃ မှတ်ကို သက်သောင့်သက်သာ ရယူနိုင်ခဲ့ပေမယ့်လည်း ဒီပွဲစဉ်မှာ ဝေဖန်ထောက်ပြစရာအချက်တွေလည်း ရှိလို့နေခဲ့ပါတယ်။ ဒါကြောင့်လည်း ချီးမွမ်းစရာတွေရော ထောက်ပြစရာတွေပါရှိနေတဲ့ ဒီပွဲစဉ်ကနေ ထင်သာမြင်သာအချက်တွေကို…
၂၂.၁၁.၂၀၂၁ မှ ၂၈.၁၁.၂၀၂၁ ရက်နေ့အထိ တစ်ပတ်စာဟောစာတမ်း
၇ ရက်သား/ သမီးများအတွက် ဆရာအောင်ချစ်မင်း၏ ၂၂.၁၁.၂၀၂၁ မှ ၂၈.၁၁.၂၀၂၁ ရက်နေ့အထိ တစ်ပတ်စာဟောစာတမ်းအားတင်ပေးလိုက်ပါတယ် ၇ ရက်သားသမီးအပေါင်းစိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေကြောင်း LTS Media မှ ဆုတောင်းပေးလိုက်ပါတယ် … တနင်္ဂနွေသားသမီးများ ဒီရက်အတွင်းမှာအဘက်ဘက်ကကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ လုပ်ငန်းစီးပွားတွေကိုအရှိန်မြှင့်ပြီးလုပ်သင့်ပါတယ်။ လုပ်ငန်းသစ်၊ နေရာသစ်အစပြုခြင်းတွေလည်းကောင်းပါတယ်။ ရပ်ဝေးပြည်ပခရီးကောင်းတွေကြုံမယ်။ ရပ်ဝေးကစာ၊ ငွေ၊ အဆက်အသွယ်၊ အကူအညီတွေလည်းရတတ်ပါတယ်၊ အကူအညီတွေလည်းရတတ်ပါတယ်၊ မိတ်ရင်း၊ ဆရာရင်းတို့ရဲ့ အထင်အထင်အမြင် လွဲမှားခြင်းကိုတော့ခံရတတ်ပါတယ်။ မြေ၊အမွေ၊ဖုန်း၊ ကား၊လျှပ်စစ်ကိစ္စတွေမှာအနှောက်အယှက် အထစ်အငေါ့များမယ်။ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊ အသီးအနှံ၊ ခရီးသွားလုပ်ငန်းတွေမှာတာ့ အောင်မြင်မှုကြီးများရရှိနိုင်ပါတယ်။ သူတစ်ပါးရဲ့ပြဿနာမှာကြားညှပ်ဖြေရှင်းရတတ်ပါတယ်။ ချစ်သူရည်းစားများအိမ်ထောင်ရှင်များနားလည်မှုလွဲတတ်တဲ့ကာလဖြစ်ပါတယ်။ ကံကောင်းစေသောအရောင် ။ ။ အပြာရောင်ဖြစ်ပေတယ်။ ကံကောင်းစေသော ယတြာ။ ။ သပြေ (၆) ညွန့် ဘုရားလှူပါ။…
ထမင်းမြိန်တဲ့ မယ်ဇလီ ဟင်းချို
မယ်ဇလီ ရွက်လေးတွေဟာ ပြုတ်စားစား သုပ်စားစား အရသာရှိလှသလို မယ်ဇလီ ဟင်းချိုလေး စားပေးတာကလည်း ထမင်းမြိန်စေပြီး အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။ အရေပြားရောဂါတွေကိုသက်သာစေခြင်း မယ်ဇလီ (Senna Siamea) ရဲ့ အဆီကအရေးပြားပေါ်မှာဖြစ်တတ်တဲ့ နီမြန်းရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အရွက်ကိုကြိတ်ခြေပြီး ရလာတဲ့အနှစ်ကို ပွေး၊ အနာနဲ့ အပူလောင်နာတွေအတွက်အသုံးပြုနိုင်ပါတယ်။ မယ်ဇလီမှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားဆိုင်ရာရောဂါတွေ (သို့) အရေပြားပေါ်မှာဖြစ်တဲ့ အသေးစားကူးစက်ရောဂါတွေကိုကုသရာမှာ အထောက်အကူပြုပါတယ်။ မယ်ဇလီရွက် အနှစ်ကို ဝက်ခြံလိုမျိုး အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေနဲ့နှင်းခူလိုမျိုး အရေပြားပေါ်မှာဖြစ်တဲ့ ကူးစက်ရောဂါတွေကို ကုသရာမှထြိရောက်စေပါတယ်။ မယ်ဇလီမှာပါတဲ့ Acetone နဲ့ Ethanol တို့က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ ဆံပင်တွေကို သန်စွမ်းစေခြင်း ဆံပင်တွေကိုချောမွေ့တောက်ပြောင်သန်စွမ်းစေဖို့အတွက် မယ်ဇလီရွက်ကို အသုံးပြုနိုင်ပါတယ်။ မယ်ဇလီအရွက်ခြောက်မှုန့်ကိုရေ၊ဒိန်ချဉ်တို့နဲ့…
ဆေးပေါင်းခစေဖို့ စားကြတဲ့ မယ်ဇလီဖူး
မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းတွေအရ တန်ဆောင်မုန်းလပြည့်ညကို ဆေးပေါင်းခတယ်လို့ ယုံကြည်လေ့ရှိကြပါတယ်။ အဆိုပါညမှ ဆေးပင်အပေါင်းကို စောင့်တဲ့နတ်တွေဟာ မယ်ဇလီပင်စောင့်နတ်မင်းထံ တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြပါတယ်တဲ့။ ဒါကြောင့်လည်း မယ်ဇလီဖူး ကို စားသုံးပါက (၉၆)ပါးသော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်စေတယ်လို့ “သာရကောမုဒိ” ဆေးကျမ်းမှာ ဖော်ပြထားပါတယ်။ ဒီလို ထူးခြားချက်တွေရှိတဲ့ မယ်ဇလီဖူးလေးက တကယ်ရော ဆေးပေါင်းခပြီး လူကို အမှန်တကယ် ကျန်းမာစေရဲ့လား။ မယုံမရှိပါနဲ့ မယ်ဇလီဖူးလေးတွေဟာ တကယ်ကို ကျန်းမာစေပါတယ်။ မယ်ဇလီဖူးလေးတွေ ဘယ်လို လူ့ကျန်းမာရေးကို အထောက်အကူပြုသလဲဆိုရင်တော့ မယ်ဇလီဖူး က သွေးချို ကျစေတယ်။ မယ်ဇလီဖူး က သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေအတွက် သင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဆီးချို ကာကွယ်ချင်သူတွေလည်း စားပေးလို့ရပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်။…
၈-နိုဝင်ဘာ-၂၀၂၁ မှ ၁၄-နိုဝင်ဘာ-၂၀၂၁ အထိ တစ်ပတ်စာ ဗေဒင်ဟောစာတမ်း
ဆရာအောင်ချစ်မင်းရဲ့ ၇ ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို LTS စာဖတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ တနင်္ဂနွေသားသမီးများအတွက် ဒီရက်အတွင်းအိမ်၊ဆိုင်၊စက်၊အသုံးဆောင်ပစ္စည်းတွေတစ်ခုပြီးတစ်ခုဝင်လာတတ်သည်။ တစ်ခုတော့ရှိတယ်ရှိပြီးသားပစ္စည်းတွေတော့ထွက်တာပျက်တာတွေများနေတတ်ပါသည်။ ဒီအချိန်မှာငွေများများမကိုင်ထားသင့်ပါအဲဒီငွေကဆေးဖိုးဖြစ်သွားတတ်ပါသည်။ ဆန်၊ဆီ၊ဆေး၊ဆား၊စက်ပစ္စည်းလုပ်ငန်းတော့အထူးအကျိုးပေးအောင်မြင်ပါလိမ့်မည်။ စပ်တူလုပ်ငန်းသစ်တွေလည်းအောင်မြင်ပါလိမ့်မည်။အဆောက်ဦးကိစ္စတွေလည်းအောင်မြင်ပါလိမ့်မည်။ ခရီးသွားလာရေးကိစ္စတွေကတော့အလွဲလွဲအချော်ချော်တွေဖြစ်နေတတ်ပါသည်။ နိုင်ငံခြားခရီးနဲ့ပတ်သက်ရင်တော့မထင်မှတ်ပဲအခွင့်လမ်းကောင်းတွေရရှိတတ်ပါသည်။ မိတ်ဆွေရင်း၊ဆရာအရင်းတွေကြောင့်စိတ်ညစ်ရတတ်သည်။ ဘာလုပ်လုပ်ဒီအချိန်မှာစိတ်အနှောင့်ယှက်တွေဖြစ်နေရတတ်သည်။ စိတ်ကိုရှည်ရှည်ထားပြီးအလုပ်လုပ်ပါအောင်မြင်ပါလိမ့်မည်။ငွေကိစ္စတွေကတော့အထွက်များနေတတ်ပါသည်။ သင့်ကျန်းမာရေးကတော့အနည်းငယ်ဖျားနာတတ်သည်။ အိမ်ထောင်ရှင်များအတွက်အထစ်အငေါ့လေးတွေပြေလည်သွားလိမ့်မည်။ ငယ်ရွယ်သူများအချစ်ရေးကံနိမ့်နေတဲ့အချိန်ဖြစ်ပါသည်။ သင့်အတွက်ကံကောင်စေသောအရောင်မှာနီညိုရောင်ဖြစ်ပါသည်။ သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။ အိမ်ဘုရာတွင်ဇော်စိမ်း(၈)ညွန့်လှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။ တနင်္လာသားသမီးများအတွက် ဒီရက်ပိုင်းအတွင်းအဖက်ဖက်ကအခွင့်ရေးကောင်းတွေပေါ်လာလိမ့်မည်။ အလုပ်တွေတိုးချဲ့သင့်တဲ့အချိန်ဖြစ်ပါသည်။ ကံတရားကမျက်နှာသာပေးတဲ့ကိန်မျိုးဖြစ်ပါသည်။ ငွေဝင်မယ်ရွှေကံကောင်းမယ်။အနုပညာအလုပ်၊အလှကုန်အလုပ်တွေအထူးအကျိုးပေးအောင်မြင်ပါလိမ့်မည်။ စပ်တူလုပ်ငန်းကိစ္စ၊စာချုပ်ရမည့်ကိစ္စတွေကတော့အထူးသတိထားပါ။ ကိုယ်တိုးတက်အောင်မြင်တဲ့အပေါ်မနာလိုအပြိုင်အဆိုင်တွေလည်းပေါ်လာလိမ့်မည်။ သတိထားပါ။ အောက်လက်ငယ်သားအကျိုးပေးပါလိမ့်မည်။ အိမ်ထောင်ရှင်များအိမ်ထောင်ရေးစိတ်ဝမ်းကွဲရတတ်သည်။ ငယ်ရွယ်သူများအချစ်ရေးသတင်းကောင်းကြားရတတ်သည်။ သင့်ကျန်းမာရေးကတော့ကောင်းနေပါသည်။ သင့်အတွက်ကံကောင်စေသောအရောင်မှာမိုးပြာရောင်ဖြစ်ပါသည်။ သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။ မိမိအိမ်ဘုရားတွင်ခရေ(၆)ညွန့်လှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။ အင်္ဂါသားသမီးများအတွက် ဒီရက်ပိုင်းအတွင်းမှာမိတ်ဆွေကောင်း၊ဆရာကောင်းတွေကြုံတွေရမည်။ ပညာရေးသင်တန်းကိစ္စ၊စာမေးပွဲကိစ္စအထူးကောင်းမွန်ပါသည်။ စပ်တူအလုပ်တွေလည်းအောင်မြင်ပါလိမ့်မည်။ စာချုပ်ရမည့်ကိစ္စတွေလည်းအဆင်ပြေလိမ့်မည်။ ပြည်တွင်းပြည်ပခရီးကောင်းများလည်းကြုံတွေ့ရမည်။ ငွေကြေးကံလည်းအလွန်ကောင်းနေပါသည်။ ဘာသာရေးလုပ်ငန်း၊ဘုရာဖူးခရီးတွေလည်းပေါ်လာမည်။ အလွန်ကောင်းပါသည်။ အလှူမင်္ဂလာပွဲတွေလည်းပေါ်လာမည်။ အထည်ထီးဖိနပ်လုပ်ငန်းတွေတော့သတိထားပြီးလုပ်ပါ။ စက်ပစ္စည်းလုပ်ငန်းတွေအောင်မြင်မည်။ အိမ်ထောင်ရှင်များအဆင်မပြေမှုများတတ်သည်။ ငယ်ရွယ်သူများအချစ်ရေးချစ်သူနှင့်အဆင်မပြေမှုလေးတွေဖြစ်ပြီးမှပြေလည်သွားလိမ့်မည်။ သင့်ကျန်းမာရေးကလေထိုးလေအောင့်ဖြစ်တတ်သည်။…