ဆာကာတစ်ယောက် လီဗာပူးလ်ကို ပြောင်းချင်နေသလား

အသက် ၂၀ အရွယ်သာရှိသေးတဲ့ တောင်ပံကြယ်ပွင့် ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး စမစ်-ရိုး၊ မာတီနယ်လီတို့နဲ့အတူ အာဆင်နယ်အသင်းရဲ့ နောက်ထပ် ရွှေရောင်မျိုးဆက်တစ်ခုအဖြစ် သတ်မှတ်ခံထားရသူပါ။ လက်ရှိရာသီမှာ အသင်းအတွက် ၆ ဂိုးသွင်းယူပေးထားပြီး ၄ ဂိုးဖန်တီးပေးထားတဲ့အင်္ဂလိပ်ကြယ်ပွင့်လေးဟာ အီမီလီ စမစ်-ရိုးပြီးရင် အာဆင်နယ်အသင်းမှာ သွင်းဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားလည်း ဖြစ်ပါတယ်။ ထိပ်တန်းခြေစွမ်းတွေကြောင့် ဥရောပထိပ်တန်းကလပ်အသင်းတွေရဲ့ မျက်စိကျခြင်းကိုခံနေရတဲ့ အဆိုပါ တောင်ပံကြယ်ပွင့်လေးဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ကစားဖို့ စိတ်ဆန္ဒရှိနေနိုင်တယ်လို့ ထိပ်တန်းသတင်းထောက် အီယန် မက်ဂယ်ရီက ပြောဆိုသွားပါတယ်။ လီဗာပူးလ်အသင်းရဲ့ နည်းပြ ယာဂင် ကလော့ပ်ဟာ အာဆင်နယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂါဘရီယယ် မာတီနယ်လီနဲ့ ဘူကာယို ဆာကာတို့ ၂ ဦးလုံးကို ခေါ်ယူဖို့စိတ်ဆန္ဒရှိနေသူဖြစ်ပြီး အဆိုပါကစားသမားတွေရဲ့ ခြေစွမ်းကို သဘောကျကြောင့် အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားသူပါ။…