မန်ကျည်းစေ့ လေး သိမ်းထားပါ

မန်ကျည်းစေ့ (Tamarind Seeds) မှာ ဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ အမိုင်နိုအက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအာဟာရဓါတ်တွေနဲ့ပြည့်စုံနေတဲ့ မန်ကျည်းသီးစေ့လေးက အခုလိုမျိုးဆေးဖက်ဝင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ် မန်ကျည်းသီးစေ့ရဲ့ အပြင်လွှာက ဝမ်းပျက်ဝမ်းလျှောတာကိုအထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ အရေပြားကျန်းမာစေနိုင်တယ် မန်ကျည်းသီးစေ့မှာxyloglycans ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေပြီး အရေပြားပြဿနာကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာကိုသက်သာစေနိုင်ပါတယ် နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး အဆစ်ရောင်ရောဂါကြောင့် အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းသီးစေ့ကို အမှုန့်ကြိတ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဝက်စာ တစ်ရက်ကို နှစ်ကြိမ်သောက်ပေးတာက အဆစ်တွေထဲမှာချောဆီတွေဖြစ်ပေါ်စေပြီး အဆစ်နာတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒူးနာတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေစေနိုင်ပါတယ်။ သွားနဲ့ခံတွင်းကျန်းမာစေနိုင်တယ် သွားကိုက်တာ၊ သွားဖုံးနာတာ၊ သွားမှာ သွားချေးတွေ ဖြစ်နေတာကို သက်သာစေဖို့ မန်ကျည်းသီးစေ့အမှုန့်ကို အသုံးပြုပေးလို့ရပါတ်ယ။ မန်ကျည်းသီးစေ့ကိုလှော်ပြီး အမှုန့်ကြိတ်လို့ ရလာတဲ့အမှုန့်နဲ့သွားတိုက်ပေးပါ။ အစာမကြေတာကို သက်သာစေနိုင်တယ်…