သင်္ဘောရွက် အကြောင်း တစေ့တစောင်း

သဘာဝတရားကြီးက သက်ရှိတွေကို အကောင်းဆုံးတွေပဲပေးထားတာပါ။ သဘာဝမှာ အလေ့ကျလိုပေါက်လာတဲ့ အပင်တွေကလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကောင်းဆုံးအထောက်အပံ့ပေးနေပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေအတွက် အထောက်အပံ့ပေးတယ်ဆိုတဲ့ သင်္ဘောရွက် လေး အကြောင်းပြောပြပေးချင်ပါတယ်။ သင်္ဘောရွက် ဆိုသည်မှာ ထွေထွေထူးထူးပြောနေစရာမလိုအောင်မြင်ဖူးကြမှာပါ။ သင်္ဘောပင်ရဲ့ အရွက်ရဲ့ခပ်ဖားဖား စိမ်းစိမ်းအရွက်တွေပါ။ အာရှတိုက်သေတော်တော်များများနဲ့ အမေရိကတိုက်တို့မှာတွေ့ရနိုင်ပါတယ်။ သင်္ဘောပင်က အသီးကိုစားလို့ရသလို အရွက်နုနုလေးတွေကိုလည်း သုပ်စားတာဖြစ်ဖြစ် လက်ဖက်နဲ့စားတာဖြစ်ဖြစ် စားလို့ရပါတယ်။ သင်္ဘောရွက် မှာ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝပါတယ်။ဆေးဖက်ဝင်သလို ဟင်းလာတစ်ခုအဖြစ်နဲ့တောင် စားသုံးလို့ရတဲ့ အရွက်တစ်မျိုးပါ။ သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ဓါတ်နဲ့ အခြားသော အကျိုးပြုအင်ဇိုင်းတွေပါဝင်နေပါတယ်။ ကျန်းမာရေးအတွက် ဘယ်လိုများအထောက်အကူပြုလဲ အာဟာရဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ သင်္ဘောရွက်က အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ ဓါတ်က အဆီတွေ၊ကာဗိုဟိုက်ဒရိတ်တွေ ပရိုတင်းတွေကိုဖြိုခွဲပေးပြီး အဆီပိုတွေကိုဖယ်ရှားပေးသလို အစာခြေစနစ်ကို ကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။ ပါတိန်းလို့ခေါ်တဲ့…

ချဉ်ပေါင်ရွက် လေးလည်းစား၊ ကျန်းမာရေးလေးလည်းကောင်း

ချဉ်ဟင်းလေးပဲချက်ချက်၊ မျှစ်လေးနဲ့ ရောပြီး အရည်ပဲချက်ချက်၊ ငရုတ်သီးနိုင်နိုင်လေးနဲ့ မျှစ်တို့ရောပြီး ကြော်ပဲစားစား၊ ငါးနဲ့ပဲ ရောချက်ချက် ဘယ်ချိန် စားစား ထမင်းမြိန်လွန်းလို့ ချဉ်ပေါင်ရွက် ဆို ကြိုက်ပြီးသားပဲဆိုတဲ့ စာဖတ်ပရိသတ်ကြီးတွေများရှိလား။ စားလိုက်တိုင်း ချဉ်ပြုံးပြုံးအရသာလေးနဲ့ ထမင်းမြိန်စေတဲ့ ချဉ်ပေါင်ရွက်လေးက စားကောင်းတာထက်ပိုတဲ့ ကျန်းမာရေး အာနိသင်တွေရှိနေပါတယ်။ ချဉ်ပေါင်ရွက် က ဘယ်လို အာဟာရဓာတ်တွေ ပါဝင်ဖွဲ့စည်းထားတာလဲ စားလိုက်တိုင်း အရသာရှိတယ်ဆိုတဲ့ ချဉ်ပေါင်ရွက် မှာ ဗီတာမင် နဲ့ သတ္တုဓာတ်များစွာ ပါဝင်နေပါတယ်။ ချဉ်ပေါင်ရွက်မှာ ကယ်လ်ဆီယမ် သံဓာတ် ဗီတာမင် C မဂ္ဂနီဆီယမ် ကာဗိုဟိုက်ဒရိတ် Phosphorus ပိုတက်ဆီယမ် ဗီတာမင် B2 နဲ့ ဗီတာမင် A တို့ပါဝင်နေပါတယ်။ ချဉ်ပေါင်ရွက်နဲ့ ကျန်းမာရေး စားလိုက်တိုင်း အရသာရှိတဲ့…

ကိုယ်ဝန်ဆောင် မေမေ ချဉ်ပေါင်ဟင်း စားလို့ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင် အစစအရာရာကို ဂရုစိုက်ရပါတယ်။ အကြောင်းကတော့ နုနယ်လွန်းတဲ့ ဗိုက်ထဲက ဘေဘီလေး ထိခိုက်မှာ စိုးလို့ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်မှ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးကို မွေးဖွားနိုင်မှာ ဖြစ်သလို မေမေကိုယ်တိုင်လည်း ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ မြန်မာလူမျိုးတိုင်း အကြိုက်တွေ့ကြတဲ့ ချဉ်ပေါင်ဟင်း လေးကို ကိုယ်ဝန်ဆောင် မေမေ စားလို့ရလားဆိုတာကို ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေ ချဉ်ပေါင်ဟင်း စားလို့ရလား ဒီမေးခွန်းလေးအတွက် အဖြေကတော့ စားလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေ အနေနဲ့ ကဖင်းများတာ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အချိုလွန်ကဲတဲ့ စားစရာတွေ၊ အယ်လ်ကိုဟော၊ နီကိုတင်းစတဲ့ အရာတွေကို ရှောင်ရှားဖို့ လိုပေမယ့် ချဉ်ပေါင်ဟင်းလိုမျိုး သဘာဝ…

အရေပြား အလှအပ အတွက် လက်မလွှတ်သင့်တဲ့ ခရမ်းချဉ်သီး

ဟင်းပဲချက်ချက်၊ သုပ်ပဲစားစား၊ ဆော့စ်ပဲ ဖျော်ဖျော် အရသာရှိသလို ရေစင်အောင်ဆေးပြီး အစိမ်းအတိုင်းစားရင်လည်း အရသာရှိတဲ့ ခရမ်းချဉ်သီးက ကျန်းမာရေးအတွက် အာနိသင်များသလို အသားအရေ အလှအပ ကိုလည်း အထောက်အကူပြုပါတယ်။ ဒီတော့ အရောင်နီနီရဲရဲလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ခရမ်းချဉ်သီးလေးက အသားအရေကို ဘယ်လို ထောက်ပံ့ပေးသလဲဆိုတာကို ​ကြည့်လိုက်ရအောင်နော်။ ခရမ်းချဉ်သီး မှာ ဘာဓာတ်တွေပါလဲ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ အများက သိထားတဲ့ ခရမ်းချဉ်သီး မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဗီတာမင် C ပိုတက်ဆီယမ် ​ဗီတာမင် A ဗီတာမင် B မဂ္ဂနီဆီယမ် တို့ ပါဝင်နေပါတယ်။ အသားအရေ အလှအပ အတွက် ခရမ်းချဉ်သီးက ဘယ်လို ထောက်ကူပေးသလဲ အရောင်အသွေး လှပြီး အရသာရှိတဲ့ ခရမ်းချဉ်သီးလေးက အရေပြားကင်ဆာ မဖြစ်အောင်…

ခရမ်းချဉ်သီး နီနီ စားကြမလား

ဟင်းအနှစ်ရဖို့အတွက်ပဲဖြစ်ဖြစ်၊ ရေလေးစင်အောင်ဆေးပြီး အစိမ်းလိုက်ပဲ ဝါးစားစား၊ လက်ဖက်သုပ် နဲ့ အခြားသောအသုပ်တွေထဲပဲထည့်စားစား၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ဆီချက်တို့နဲ့ပဲ သုပ်စားစားအရသာရှိတဲ့ ခရမ်းချဉ်သီး လေးကို ကြိုက်လား။ ဟင်းထဲမှာ ခရမ်းချဉ်သီးပါမှ စားတတ်တယ်ဆိုတဲ့သူဆိုရင်တော့ ​ကြိုက်တာတွေကို စားရင်းကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတော့ ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲနော်။ အရောင်အသွေးလှတဲ့ ခရမ်းချဉ်သီး က ပေးတဲ့ကျန်းမာရေး ခရမ်းချဉ်သီးက အရောင်အသွေးလှတယ်၊ စားလိုက်ရင်ခပ်ချဉ်ချဉ်အရသာလေးရှိပြီး စားလို့ကောင်းတယ်ဆိုတာနဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။ အသားအရေကျန်းမာစေနိုင်တယ် ခရမ်းချဉ်သီးမှာ အသားအရေ ကို ​ကြည်လင်စေနိုင်တဲ့ lycopene ကြွယ်ဝစွာပါဝင်နေပြီး အသားအရေထိန်းသိမ်းမှုအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်မှာပါ။ စားပေးလို့ရသလို အရေပြားပေါ်မှာ ခရမ်းချဉ်သီးကပ်ပေးတာကလည်း အသားအရေကိုထိထိရောက်ရောက်ထိန်းသိမ်းရာရောက်ပါတယ်။ အသားအရေလေးကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးလေးရဲ့ အကူအညီယူလိုက်ပါနော်။ ကင်ဆာကာကွယ်နိုင်စွမ်းရှိတယ် ခရမ်းချဉ်သီးမှာ lycopene ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက…

အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူးသီး

ရှောက်ဘီလူးသီး က ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပေမယ့်ဆေးဖက်ဝင်တာတော့အမှန်ပါ။ အရုပ်ဆိုးတယ်ဆိုတဲ့ရှောက်ဘီလူးသီးလေးက ဘယ်လိုဆေးဖက်ဝင်တာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ကြမယ်လေ။ ရှောက်ဘီလူးသီးဆိုတာ သံပုရာသီးအရွယ်အစားလောက်ပဲရှိပြီး အခွံကတော့ သံပုရာသီးလို လုံးချောလေးမဟုတ်ဘဲ ဖုတွေ ထစ်တွေနဲ့ပေါ့။ အချဉ်အရသာရှိပြီး အတွင်းကတော့ သံပုရာသီးနဲ့ ခပ်ဆင်ဆင်ပါ။ အခွံကိုလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးလို့ရပါတယ်။ အထူးသဖြင့် ထိုင်းအစားအစာတွေထဲမာ ထည့်သုံးကြတာများပါတယ်။မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ တုန်ယမ်းဟင်းရည်ထဲမှာ အမွှေးအကြိုင်အတွက်ရှောက်ဘီလူးသီး အခွံကို ထည့်သုံးကြပါတယ်။ ရှောက်ဘီလူးသီး ကနေ ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ ရှောက်ဘီလူးသီး စားသုံးမှုက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ခံတွင်းကျန်းမာစေနိုင်တယ် အသီးကို စားပေးရင်ဖြစ်ဖြစ် ထက်ခြမ်းခြမ်းပြီး သွားတွေ၊ သွားဖုံးတွေပေါ်မှာ ပွတ်တိုက်ပေးရင်ဖြစ်ဖြစ် ခံတွင်းကို ကျန်းမာစေပြီး သွားဖုံးနဲ့ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။…