မနက်ခင်းမှာပဲဖြစ်ဖြစ်၊ ညအိပ်ရာမဝင်ခင်ဘဲဖြစ်ဖြစ် အသားအရေ ထိန်းသိမ်းတဲ့ လေဒီလေးတွေ လုပ်တတ်ကြတဲ့ အလေ့အထတစ်ခုရှိပါတယ်။ ဒါကတော့ မျက်နှာကို micellar water လေးနဲ့ သန့်စင်တယ်။ ပြီးရင် မျက်နှာသစ်တယ်၊ နောက်တဆင့်က toner သုံးတယ်။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လေးလိမ်းမယ်။ ပြီးရင်တော့ ကျန်တဲ့အဆင့်လေးတွေကို ဆက်လူးတယ်နော်။ ဟုတ်ရဲ့လား….. Toner ဘာကြောင့်လိမ်းသင့်တာလဲ…… မျက်နှာသစ်ဆပ်ပြာနဲ့သန့်စင်လိုက်ပေမယ့် အသားအရေက အလုံးစုံသန့်စင်သွားတာမဟုတ်ပါဘူး။ ချွေးပေါက်တွေထဲမှာ ဖုန်မှုန့်အကြွင်းအကျန်လေးတွေကျန်နေနိုင်ပါတယ်။ ဒါကို သေချာမသန့်စင်မိရင် ရေရှည်မှာ ချွေးပေါက်ကျယ်လာနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးကျန်ခဲ့တဲ့ ဖုန်မှုန့်အကြွင်းအကျန်တွေကိုဖယ်ရှားဖို့နဲ့ ချွေးပေါက်တွေကို ကျဉ်းစေဖို့အတွက် Toner ကိုသုံးပေးသင့်ပါတယ်။ လေဒီလေးတို့ကို အလှတိုးစေမယ့် သဘာဝ Toner လေးများ အသားအရေလေးကောင်းဖို့ Toner သုံးချင်ပါတယ်။ ဒါပေမယ့် ဓာတုပစ္စည်းတွေပါနေလို့ အသားအရေထိခိုက်မှာလည်း စိုးတယ်။ သဘာဝ…
Month: March 2022
အသားအရေ လှပဖို့ ဗောက်သီး စားကြစို့
ဗောက်သီးလို့ ဆိုလိုက်ရင် အခွံလေးတွေကို ခွာလိုက်ပြီး အထဲမှာ ရွှေဝါရောင်သန်းနေတဲ့ ချစ်စရာကောင်းတဲ့ အသီးလေးတွေကို ပြေးမြင်ပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဗောက်သီးက ခရမ်းချဉ်သီးနဲ့ အရသာ ခပ်ဆင်ဆင် ဆိုပေမယ့် ခရမ်းချဉ်သီးထက် အချိုကဲပြီး ပိုစားကောင်းတာတော့ အသေအချာပါ။ ဗောက်သီးလေးက စားလို့ကောင်းတာကြောင့် အချိုတည်းစရာအနေနဲ့ စားကြတာ များပါတယ်။ ဗောက်သီးက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသလို အသားအရေကိုလည်း အကျိုးပြုပေးပါတယ်။ ဒါကြောင့် ဗောက်သီး ကြိုက်တဲ့သူလေးတွေ ဗောက်သီး စားရင်း ဘယ်လို အသားအရေ လှပမှုကို ရရှိစေနိုင်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား…… ဗောက်သီး ဆိုတာ ဗောက်သီး ဆိုတာက သေးငယ်ပြီး ရွှေဝါရောင် သန်းနေတဲ့ ဘယ်ရီသီးလေးတွေပါ။ တစ်လုံးချင်းစီကို အပေါ်က အခွံလေးတွေနဲ့ ကာရံထားပါတယ်။ အပင်က အရမ်းမကြီးပါဘူး။…
ရေကို ချွေတာ သုံးစွဲပါ
နွေရောက်လာပြီဆိုရင် ကြားရမယ့် ကိစ္စက ရေရှားလာတာပါ။ ရန်ကုန်လိုနေရာမှာ တော်သေးပေမယ့် အထက်ပိုင်းအညာဒေသတွေမှာ ရေရှားတာက အတော်လေး ရိုက်ခတ်မှု ပြင်းတဲ့ ပြဿနာပါ။ ဒီပြဿနာကို တစ်ယောက်တစ်လက်နဲ့ ဝိုင်းကူလို့ ရပါတယ်။ ဒီလို ဝိုင်းကူနိုင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ နွေရာသီမှာ ရေကို ချွေတာ သုံးစွဲပါ ဆိုတာလေးကို အကောင်အထည် ဖော်ကြည့်ရအောင်နော်။ နွေရာသီမှာ ရေရှားတာ ပုံမှန်ပါပဲ နွေရာသီမှာ ရေရှားတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ ပြဿနာရှိရင် အဖြေရှိတယ်ဆိုတဲ့ စကားလိုပဲ ရေရှားတာကို ဖြေရှင်းလို့ ရပါတယ်။ ရေရှားတာ မဖြစ်စေဖို့အတွက် မြစ်တွေ ချောင်းတွေ မြေအောင်းရေတွေထဲကို ရေအရင်းအမြစ်တွေ ထည့်စိုက်တာမျိုး မလုပ်နိုင်ပေမယ့် တစ်ယောက်တစ်လက်နဲ့ ချွေတာပေးလို့တော့ ရပါတယ်။ နွေရာသီမှာ ရေကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်သလား…
Alcohol နဲ့ Energy Drink ရောမသောက်ပါနဲ့
Alcohol နဲ့ Energy Drink ရောသောက်ရတာကို အဝင်ကောင်းတယ်ဆိုပြီး သဘောတကျနဲ့ သောက်မိနေပြီလား။ ဒီလို သောက်တာက မကောင်းပါဘူး။ အရက်ကို တစ်ခုခုနဲ့ရောသောက်ဖို့ လိုတာမှန်ပေမယ့် ရောသောက်မိတဲ့ အချိုရည်က စွမ်းအားဖြည့် အချိုရည် မဖြစ်ဖို့ လိုပါမယ်။ စွမ်းအားဖြည့် အချိုရည်တွေမှာ ကဖင်း ပါဝင်နေသလို စိတ်ခံစားမှု တက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကြောင့် သောက်ပြီးစမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်ပေမယ့် အချိန်ကြာလာတဲ့အခါ စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။ Energy Drink ဆိုတာ Energy Drink ဆိုတာက သောက်စရာ တစ်မျိုးပါ။ ကဖင်း ပမာဏ များစွာ ပါဝင်နေသလို taurine၊ guarana၊ သကြားနဲ့ ဗီတာမင် B တို့…
ကြယ်ပဲ (sacha inchi) ကောင်းကျိုး များသလား
အမြင်ဆန်းတဲ့ ကြယ်ပဲကို ဆေးဖက်ဝင်တယ်ဆိုပြီး လူသိများခဲ့တာ ဆယ်စုနှစ် တစ်ခုနီးပါးလောက် ရှိနေပါပြီ။ ကြယ်ပဲကို သွေးတိုးကျအောင်၊ ဆီးချိုကျအောင်ဆိုပြီး အမျိုးမျိုးသော ကျန်းမာရေးအတွက် ကောင်းကျိုး ရရှိအောင်ဆိုပြီး ဓာတ်စာတစ်ရပ်အနေနဲ့ မှီဝဲကြသူလည်း အများအပြား ရှိမှာပါ။ ဓီတစ်ခေါက်တော့ ကြယ်ပဲ ဆိုတာ ဘာလဲ။ ကြယ်ပဲက ကျန်းမာရေးကို ဘယ်လိုတွေ ထောက်ကူပေးသလဲ။ ဘယ်သူတွေ မစားသင့်ဘူးလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကြယ်ပဲ ဆိုတာ ကြယ်ပဲ ဆိုတာ ပဲမျိုးရင်းဝင် အပင်တစ်မျိုးပါ။ ပဲသီးလေးက ကြယ်ပုံစံလေး ဖြစ်နေတာကို အစွဲပြုပြီး ကြယ်ပဲလို့ ခေါ်တာပါ။ ကြယ်ပဲ Plukenetia volubilis (သို့မဟုတ်) sacha inchi က ပီရူးမျိုးရင်းပင် တစ်မျိုးပါ။ တောင်အမေရိက နဲ့ ကာရေဗီးယန်းဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ စားလို့ရတဲ့…
၂၈.၃.၂၀၂၂ မှ ၃.၄.၂၀၂၂ ရက်နေ့အထိ ၇ ရက်သား/ သမီးများအတွက် တစ်ပတ်စာဟောစာတမ်း
ဆရာအောင်ချစ်မင်းရဲ့ ၂၈.၃.၂၀၂၂ မှ ၃.၄.၂၀၂၂ ရက်နေ့အထိ ၇ ရက်သား/ သမီးများအတွက် တစ်ပတ်စာဟောစာတမ်းကို လိုတိုရှင်း စာဖတ်ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။ တနင်္ဂနွေ သင်အလုပ်အကိုင်မှာမကောင်းပါအတော်လေးညံ့နေပါသည်။ မမျော်လင့်သော အန္တရာယ်တွေကြုံတွေ့ရတတ်ပါသည်။ အခြေအနေတွေဆုတ်ယုတ်လာတတ်ပါသည်။ စီပွါးရေးမှာလည်းအဖျက်တွေဆက်တိုက်ဝင်နေတတ်ပါသည်။ သင်ဂရုစိုက်ပါ။ မကြာခင်တော့အဆင်ပြေသွားပါမည်။ ဝန်ထမ်းများဖြစ်ပါကအလုပ်အလုပ်ထွက်ချင်တဲ့စိတ်ပေါ်နေတတ်ပါသည်။ မထွက်ပါနှင့်ပိုဆိုးသွားလိမ့်မည်။ အထက်လူကြီးတွေကလည်းဒုက္ခပေးတတ်သည်။ သတိထားပါ။ ယခုအပတ်တွင်းငန်းသစ်လုပ်မည်ဆိုပါမလုပ်ဖြစ်တတ်ပါ။ လုပ်ဖြစ်လျှင်လည်းသင့်အတွက်ဆုံးရှုံးမှု့တွေပေါ်တတ်ပါသည်။ သင်၏ငွေကြေးကံမှာမကောင်းလာဘ်အလွန်ပိတ်နေတတ်ပါသည်။ ငွေချေးမည့်သူတွေကလည်းသင့်ကိုဒုက္ခပေးလိမ့်မည်။ မချေးမိပါစေနှင့်။ သင်၏ကျန်းမာရေးမှာတော့အနည်းညံ့နေပါသည်။ သွေးတိုးခြင်းသွေးအားနည်းခြင်းတွေဖြစ်တတ်ပါသည်။ ငယ်ရွယ်သူများဖြစ်ပါကအချစ်ရေးကံမှာလည်းမကောင်းပါ။ ချစ်သူနှင့်လမ်းခွဲရတတ်ပါသည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးစကားခဏခဏများရတတ်သည်။ သင်၏ကံကောင်းသောအရောင်မှာနီညိုရောင်ဖြစ်သည်။ သင်၏ကံကောင်းစေသောဂဏာန်းမှာ (၅၊၉) ဖြစ်ပါသည်။ ယခုအပတ်တွက်အကောင်းဆုံးယတြာမှာ သပြေ (၅) ညွန့်၊ဘုရားလှူ၍မိမိလိုရာဆုတောင်းပါ။ တနင်္လာ သင်အလုပ်အကိုင်မှာညံ့ပါသည်။ ကြံစည်သမျှတွေလည်းလွဲချော်နေတတ်ပါသည်။ ယခုအပတ်အတွင်းလုပ်ငန်းတိုးတတ်မှုတွေကလည်းအနည်းငယ်ဆုတ်ယုတ်နေတတ်ပါသည်။ ကြိုးစားသမျှလည်းအကောအထည်မပေါ်၍စိတ်ညစ်နေရတတ်ပါသည်။ ဝန်ထမ်းများဖြစ်ပါကစိတ်အနှောင့်ယှက်များကြုံတွေ့နေရတတ်ပါသည်။ စိတ်မထိန်းနိုင်ပါကလုပ်သမျှအလုပ်တွေပျက်စီးတတ်ပါသည်။ သူတစ်ပါးကြောင့်ဒုက္ခတွေ့တတ်ပါသည်။ကိုယ်မှန်တယ်ထင်ပြီးပြောတဲ့ကိစ္စတွေကမထင်မှတ်ပဲအမှု့ဖြစ်တတ်ပါသည်။ ယခုအပတ်တွင်းငန်းသစ်လုပ်မည်ဆိုပါကမကောင်းပါ။ဘာကိုပဲလုပ်လုပ်ဆုံးရှုံးမှုများကြုံတွေရတတ်ပါသည်။ ခဏတော့စောင့်ပါမကြာခင်အဆင်ပြေသွာပါမည်။ သင်၏ငွေကြေးကံမျာလူလိမ်ခံရတတ်ပါ။ဂရုစိုက်ပါ။ သင်၏ကျန်းမာရေးမှာအစာအိမ်ရောဂါဖြစ်တတ်သည်ဂရုစိုက်ပါ။…