အရေပြားမှာ ခြင်ကိုက်ဖုတွေ ဖြစ်နေလို့ စိတ်ညစ်နေပြီလား? ခြင်ကိုက်တာကို မခံရဖူးသူရယ်လို့ မရှိလောက်ပါဘူး။ ခြင်ကိုက်တာက ယားယံသလို အရေပြားပေါ်မှာလည်း နီရဲတဲ့ အဖုတွေကို ဖြစ်စေပါတယ်။ ဒီလို ခြင်ကိုက်ဖုတွေက ကြည့်ရရုပ်ဆိုးသလို နေရထိုင်ရ မသက်မသာဖြစ်စေပါတယ်။ ဒီလိုမျိုး အရေပြားမှာ ခြင်ကိုက်ဖုတွေ ဖြစ်နေတာကြောင့် စိတ်ညစ်နေတဲ့သူတွေ ရှိလား? ဒါဆိုရင် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်နော်။ ခြင်ကိုက်ဖုတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့ အရေပြားပေါ်က ခြင်ကိုက်ဖုတွေ ကြောင့် စိတ်ညစ်ခံမနေပါနဲ့ ဒီနည်းလေးတွေ သုံးပြီးသက်သာအောင်လုပ်လို့ရပါတယ်။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးကို အကွင်းလိုက်လှီးပြီး ခြင်ကိုက်ဖုတွေ ပေါ်မှာ တစ်နေ့နှစ်ကြိမ်ပွတ်ပေးပါ။ အမာရွတ်တွေနဲ့ ခြင်ကိုက်ဖုတွေ ပျောက်ကင်းစေပြီ အသားအရေ ဝင်းလက်စိုပြေလာစေမှာပါ။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ရေအေးနဲ့ဆေးချလိုက်ပါ။ သံပရိုသီး အရေပြားပေါ်က အမာရွတ်၊ အမဲစက်တွေကို သက်သာပျောက်ကင်းစေနိုင်ပြီး အသားအရေကို…
Month: April 2022
ခရမ်းလွန်ရောင်ခြည် (UV rays) ဒဏ် ကာကွယ်ကြမယ်
ခဏလေးပဲဆိုပြီး ဘာမှမလိမ်းဘဲ မျက်နှာပြောင်နဲ့ ထွက်ပြီး ပြန်လာရင် ကိုယ့်မျက်နှာက သိသိသာသာကို မဲပြာပြီး လာပါတယ်။ ဒါက နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV rays) ကြောင့်ပါ။ ခရမ်းလွန်ရောင်ခြည်က အသားအရေကို မွဲခြောက်သွားစေတာ၊ ထိခိုက်ပျက်စီးစေတာ၊ အရေးအကြောင်းတွေ ထင်စေပြီး အိုမင်းရင့်ရော်စေတာတွေ ဖြစ်စေနိုင်ပါတယ်။ တကယ်တော့ ခရမ်းလွန်ရောင်ခြည်ဆိုတာ အလှအပကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့အထိ သက်ရောက်မှုက ပြင်းလွန်းပါတယ်။ ခရမ်းလွန်ရောင်ခြည် (UV rays) ဒဏ် ကာကွယ်ကြမယ် ဒီတော့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ ဒီတော့ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ဆိုရင် အရိပ်ထဲမှာပဲ နေပါ – အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် အကောင်းဆုံး နည်းလမ်း…
ကြက်သွန်ဖြူ လေး စားပေးပါ
ကမ္ဘာပေါ်က လူတစ်ဦးတစ်ယောက်ချင်းစီဟာ တစ်နှစ်ကို ပျမ်းမျှ ကြက်သွန်ဖြူလေး ၂ ပေါင်လောက် စားဖြစ်ကြတယ်ဆိုတာ သိပြီးပြီလား? လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကြက်သွန်ဖြူကို ဟင်းလျာတွေ အနံ့အရသာ တိုးစေဖို့ အသုံးပြုခဲ့ကြသလို ဆေးဝါးကုသရာမှာလည်း အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် တရုတ်၊ အီဂျစ်နဲ့ ရိုမန် လူမျိုးစုတွေမှာပေါ့။ ဒီလိုနဲ့ ကြက်သွန်ဖြူကို ဆေးဖက်ဝင်တဲ့ ဟင်းခတ်တစ်ခုအနေနဲ့ လူသိများလာခဲ့တာ အခုထိပါပဲ။ ကြက်သွန်ဖြူက ဆေးဖက်ဝင်တယ်ဆိုတာကို သိကြပေမယ့် ဘယ်လိုမျိုး ဆေးဖက်ဝင်တာလဲဆိုတာကို တိတိကျကျ သိစေဖို့ ပြောပြပေးချင်ပါတယ်။ ကြက်သွန်ဖြူ ကျန်းမာစေသလား ကြက်သွန်ဖြူမှာပါတဲ့ Sulfur ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ Allicin ကြောင့် ကျန်းမာရေးကို အကျိုးများစေတာပါ။ ကြက်သွန်ဖြူလေး စားပေးသင့်တဲ့ အကြောင်းအရင်း ကြက်သွန်ဖြူ လေး စားပေးသင့်တယ်လို့ ပြောရတာက အခုလို…
၁၈.၄.၂၀၂၂ မှ ၂၄.၄.၂၀၂၂ ရက်နေ့အထိ တစ်ပတ်စာ ဗေဒင်ဟောစာတမ်း
၇ ရက်သား/ သမီးများအတွက် ဆရာကြီးအောင်ချစ်မင်း၏ ၁၈.၄.၂၀၂၂ မှ ၂၄.၄.၂၀၂၂ ရက်နေ့အထိ တစ်ပတ်စာဟောစာတမ်းအား လိုတိုရှင်း စာဖတ်ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ် တနင်္ဂနွေ သင်အလုပ်အကိုင်မှာမကောင်းပါအတော်လေးညံ့နေပါသည်။မမျော်လင့်သော အန္တရာယ်တွေကြုံတွေ့ရတတ်ပါသည်။ အခြေအနေတွေဆုတ်ယုတ်လာတတ်ပါသည်။ စီးပွါးရေးမှာလည်းအဖျက်တွေဆက်တိုက်ဝင်နေတတ်ပါသည်။ သင်ဂရုစိုက်ပါ။မကြာခင်တော့အဆင်ပြေသွားပါမည်။ ဝန်ထမ်းများဖြစ်ပါကအလုပ်အလုပ်ထွက်ချင်တဲ့စိတ်ပေါ်နေတတ်ပါသည်။ မထွက်ပါနှင့်ပိုဆိုးသွားလိမ့်မည်။အထက်လူကြီးတွေကလည်းဒုက္ခပေးတတ်သည်။သတိထာပါ။ယခုအပတ်တွင်းငန်းသစ်လုပ်မည်ဆိုပါမလုပ်ဖြစ်တတ်ပါ။ လုပ်ဖြစ်လျှင်လည်းသင့်အတွက်ဆုံးရှုံးမှု့တွေပေါ်တတ်ပါသည်။ သင်၏ငွေကြေးကံမှာမကောင်းလာဘ်အလွန်ပိတ်နေတတ်ပါသည်။ငွေချေးမည့်သူတွေကလည်းသင့်ကိုဒုက္ခပေးလိမ့်မည်။ မချေးမိပါစေနှင့်။ သင်၏ကျန်းမာရေးမှာတော့အနည်းညံ့နေပါသည်။သွေးတိုးခြင်းသွေးအားနည်းခြင်းတွေဖြစ်တတ်ပါသည်။ ငယ်ရွယ်သူများဖြစ်ပါကအချစ်ရေးကံမှာလည်းမကောင်းပါ။ ချစ်သူနှင့်လမ်းခွဲရတတ်ပါသည်။ အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ရေးစကားခဏခဏများရတတ်သည်။ သင်၏ကံကောင်းသောအရောင်မှ ာနီညိုရောင်ဖြစ်ပါ။ တယ် ။သင်၏ကံကောင်စေသောဂဏာန်းမှာ (၅၊၉) ဖြစ်ပါသည်။ ယခုအပတ်တွက်အကောင်းဆုံးယတြာမှာ သပြေ (၅) ညွန့်၊ ဘုရားလှူ၍ မိမိလိုရာဆုတောင်းပါ။ တနင်္လာ သင်အလုပ်အကိုင်မှာညံ့ပါသည်။ကြံစည်သမျှတွေလည်းလွဲချော်နေတတ်ပါသည်။ယခုအပတ်အတွင်းလုပ်ငန်းတိုးတတ်မှုတွေကလည်းအနည်းငယ်ဆုတ်ယုတ်နေတတ်ပါသည်။ကြိုးစားသမျှလည်း အကောင်အထည်မပေါ်၍စိတ်ညစ်နေရတတ်ပါသည်။ဝန်ထမ်းများဖြစ်ပါကစိတ်အနှောက်ယှက်များကြုံတွေ့နေရတတ်ပါသည်။စိတ်မထိန်းနိုင်ပါကလုပ်သမျှအလုပ်တွေပျက်စီးတတ်ပါသည်။သူတပါးကြောင့်ဒုက္ခတွေ့တတ်ပါသည်။ကိုယ်မှန်တယ်ထင်ပြီးပြောတဲ့ကိစ္စတွေကမထင်မှတ်ပဲအမှု့ဖြစ်တတ်ပါသည်။ယခုအပတ်တွင်းငန်းသစ်လုပ်မည်ဆိုပါကမကောင်းပါ။ ဘာကိုပဲလုပ်လုပ်ဆုံးရံှုးများကြုံတွေရတတ်ပါသည်။ခဏတော့စောင့်ပါမကြာခင်အဆင်ပြေသွာပါမည်။သင်၏ငွေကြေးကံမျာလူလိမ်ခံရတတ်ပါ။ဂရုစိုက်ပါ။သင်၏ကျန်းမာရေးမှာအစာအိမ်ရောဂါဖြစ်တတ်သည်ဂရုစိုက်ပါ။ခွဲစိပ်ကုသမှု့တောင်မှကြုံတွေ့ရတတ်ပါသည်။ ငယ်ရွယ်သူများဖြစ်ပါကအချစ်ရေးကံမှာကောင်းနေပါသည်။ချစ်သူနှင့်တော့စကားအနည်းငယ်များရတတ်ပါသည်။အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ရေးသူတစ်ပါးကြောင့်အထင်လွဲ၍ပြဿနာပေါ်တတ်သည်။ ကံကောင်းသောအရောင်မှာလိမ္မော်ရောင်ဖြစ်ပါတယ်။ သင်၏ကံကောင်စေသောဂဏာန်းမှာ(၆၊၁)ဖြစ်ပါသည်။ ယခုအပတ်တွက်အကောင်းဆုံးယတြာမှာ ပိတောက်ညွန့် (၁၂) ၊ ယပ် (၈) ချောင်းကို ဘုရား၏ ရာဟုထောင့်မှာလှူပြီးမိမိလိုရာဆုတောင်းပါ။ …
အိပ်ပျော်နေချိန် ဘီလူးစီး တာ ဘာကြောင့်လဲ
အိပ်ပျော်နေစဉ် ဘီလူးစီး တဲ့ ခံစားမှုမျိုး ကြုံဖူးပါသလား။ ဒါကို Sleep Paralysis လို့ ခေါ်ပါတယ်။ အိပ်ပျော်နေစဉ်မှာ လူကသတိရှိနေတယ်။ ဒါပေမယ့် လှုပ်လို့မရဘူး ဖြစ်နေတယ်။ ဒီအချိန်မှာ စက္ကန့်အနည်းငယ်ကနေ မိနစ်အနည်းငယ်ကြာအောင် လှုပ်လို့လည်းမရဘူး။ စကားပြောလို့လည်းမရပါဘူး။ တချို့လူတွေဆိုရင် အပေါ်ကနေ တစ်ခုခုနဲ့ ဖိထားသလို၊ အသက်ရှူကြပ်လာသလို ခံစားရပါတယ်။ ဒါကြောင့် ဘီလူးစီးတယ်လို့ ပြောကြတာပါ။ Sleep Paralysis က တခြားပြဿနာတွေဖြစ်တဲ့ ရုတ်တရက် အိပ်ပျော်သွားတတ်တဲ့ရောဂါ (Narcolepsy) နဲ့လည်းတွဲဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဘီလူးစီး သလို ဖြစ်တတ်လဲ။ Sleep Paralysisက နှစ်ချိန်မှာဖြစ်တတ်ပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်နေရင် Hypnagogic (Pre-dormital Sleep Paralysis)လို့ခေါ်ပြီး နိုးနေတဲ့အချိန်မှာဖြစ်ရင် Hypnopompic (Post-dormital Sleep Paralysis)လို့ခေါ်ပါတယ်။…
ဆီးချိုသမား ကြံရည် သောက်လို့ရလား
ဆီးချိုရောဂါ အရင်ကထက် ပိုကြားလာရတဲ့ရောဂါတစ်ခုပေါ့။ အရင်က မသိတာကြောင့်ဖြစ်နိုင်သလို ဆီးချိုဖြစ်တဲ့အရေအတွက်က အခုလောက်မများတာတော့အမှန်ပါ။ အခုနောက်ပိုင်းကနေထိုင်မှုပုံစံ၊ စားသောက်မှုအလေ့အထကြောင့် ဆီးချိုဖြစ်ပွားမှုနှုန်းက ကမ္ဘာပေါ်မှာတော်တော်လေးများလာနေပါတယ်နော်။ ဒီနေရာမှာ တွေးစရာရှိလာတာက အချိုရှောင်ရတယ်လို့ လူသိများတဲ့ ဆီးချိုသမားတွေအနေနဲ့ အခုလိုနွေပူပူလေးမှာ ရင်အေးစေမယ့် ကြံရည် လေးကောသောက်လို့ရပါ့မလားပေါ့။ ဆီးချိုဖြစ်တာက မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလို စိတ်ဖိစီးမှုများတာ၊ စားသောက်မှုနဲ့နေထိုင်မှုအလေ့အထကြောင့်လည်းဖြစ်ကြတာပါ။ လူတော်တော်များများ အလွယ်တကူလက်ခံထားမိတာက အချိုစားတာများလို့ ဆီးချိုဖြစ်ရတယ်ပေါ့။ ဒီတော့တွေးလိုက်မိတာက ဆီးချိုရှိရင် အချိုမစားရတော့ဘူးပေါ့။ ဒါဆို ဆီးချိုဝေဒနာရှင်တွေ ကြံရည် ာသောက်လို့ရပါ့မလားဆိုတဲ့ မေးခွန်းကို ဒီဆောင်းပါးလေးကနေ ဖြေပေးမယ်နော်။ ဆီးချို နဲ့ ကြံရည် ဆီးချိုသမားတွေကြံရည်သောက်လို့ရလားဆိုတော့ အများကြီးသောက်လို့တော့မရဘူးပေါ့။ နည်းနည်းတော့သောက်လို့ရပါတယ်။ ဘာလို့လည်းဆိုတော့ ကြံရည်က သဘာဝအချိုဖြစ်ပြီး ပြုပြင်ထားတဲ့အချိုမဟုတ်လို့ပါ။ အချိုရည်တွေသာက်မှာထက်တော့ ကြံရည်သောက်လိုက်တာက အဆင်ပြေဆုံးဖြစ်မှာပါ။ ကြံရည်က သာမန်လူတွေမှာဆိုရင်သွေးတွင်းသကြားဓါတ်ကိုတောင် ထိန်းညှိပေးနိုင်ပါသေးတယ်နော်။ တစ်ခုသတိပေးချင်တာကတော့…