(၃၁-၈-၂၀၂၃) နံနက်ခင်း အာဆင်နယ်သတင်းတိုများ

၁။ သတင်းထောက် ဒင်း ဂျုံးစ်ရဲ့ အဆိုအရ အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ် ခံစစ်မှူး မာ့ခ် ဂွီဟီကို ခေါ်ယူဖို့ စဉ်းစားနေပြီး အပြောင်းအရွှေ့မပိတ်သိမ်းခင်မှာ လှုပ်ရှားမှုတစ်ချို့ ပြုလုပ်နိုင်ခြေရှိနေတယ်လို့ သိရပါတ်ယ်။ အဆိုပါ အင်္ဂလိပ်လက်ရွေးစင် ကစားသမားကို မြို့ခံပြိုင်ဘက် ချယ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပြီး ပဲလေ့စ်ဘက်ကတော့ တန်ကြေး ပေါင် သန်း ၆၀ အထိ အလိုရှိနေပါတယ်။ ၂။ မန်ယူ ဂန္တဝင်ဟောင်း ဂယ်ရီ နဗီးလ်ကတော့ အာဆင်နယ်နည်းပြ မီခယ် အာတီတာအနေနဲ့ အဓိက ကွင်းလယ်လူ သောမတ် ပါတေးကို ညာတောင်ပံ ခံစစ်မှာ နေရာချထားပြီး ကစားကွက်စမ်းသပ်နေမှုတွေကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အာတီတာအနေနဲ့ ယခုတစ်ပတ်မှာကစားရမယ့် မန်ယူနဲ့ပွဲစဉ်မှာ ပါတေးကို ညာအစွန်ထုတ်ပြီး စွန့်စားတာမျိုးထပ်မလုပ်ဖို့ မျှော်လင့်မိကြောင်းနဲ့ ဂါဘရီယယ်ကိုလည်း…

အန္တာတိက ခရီးစဉ် (အပိုင်း ၂)

အန္တာတိက ခရီးစဉ် (အပိုင်း ၂) – ဒီဇင်ဘာလ ၃၁၊ ဇန်နဝါရီလ ၁ နဲ့ ၂ စတဲ့ ၃ ရက်ဆက်တိုက် သင်္ဘောကြီးပေါ်မှာပဲရှိနေခဲ့တာပါ။ သင်္ဘောကြီးပေါ်မှာပဲ နေ့စဉ်ရက်ဆက်နေရပေမယ့် လုံးဝမပျင်းရသလို လုံးဝလည်း မငြီးငွေ့ရပါဘူး။ လုပ်စရာတွေက တစ်မျိုးမဟုတ်တစ်မျိုး ရှိနေတာပါပဲ။ ဇန်နဝါရီလ ၃ ရက်နေ့ကို ရောက်လာခဲ့ပါပြီ။ ဒီနေ့မှာတော့ ကျွန်းတွေ တစ်ခုပြီးတစ်ခုကို ဖြတ်သွားခဲ့ရပါတယ်။ ဒီလိုဖြတ်သွားပြီးတော့ Hope Bay ဆိုတဲ့ ကမ်းခြေကြီးနားက ကာဗဲလ်ကျွန်း (Carville Island) လဲရောက်ရော ကျွန်မတို့ သင်္ဘောပေါ်မှာပါလာတဲ့ သုတေသနအဖွဲ့ကလူတွေ ဆင်းခဲ့ကြပါတယ်။ Hope Bay ဆိုတာက အန္တာတိကတိုက်ရဲ့ အမြီးပိုင်းက ကျွန်းဆွယ်ရှည်ကြီးဖြစ်တဲ့ Trinity Peninsula ရဲ့ ထိပ်ပိုင်းမှာ တည်ရှိနေတဲ့…

(၃၁-၈-၂၀၂၃) နံနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ ဘယ်နောက်ခံလူ အိုလက်ဇန်းဒါ ဇင်ချန်ကိုက အသင်းက လူငယ်ကြယ်ပွင့်တွေထဲမှာ သူသဘောအကျဆုံးကစားသမားက ရူရယ် ဝေါ်လ်တာစ်ဖြစ်တယ်လို့ ထုတ်ပြောလာပါတယ်။ ဝေါ်လ်တာစ်ဟာ ဗဟိုခံစစ်မှူးပီသတဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ ဘောလုံးအပေါ် အာရုံစိုက်နိုင်စွမ်းက အလွန်ထူးခြားကောင်းမွန်တယ်လို့ ယူကရိန်းသားက ပြောသွားခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဝေါ်တာစ်ဟာ အသင်းက စီနီယာတိုက်စစ်မှူး ဂါဘရီယယ် ဂျီဇူးကိုတောင် ဘော်ဒီခုပြီး ထိမ်းချုပ်ပြနိုင်ခဲ့တယ်လို့ ဇင်ချန်ကိုက ထုတ်ပြောသွားပါသေးတယ်။ ၂။ ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ Carabao Cup ဒုတိယအဆင့် ပွဲစဉ်တွေအပြီးမှာတော့ တတိယအဆင့်ပွဲစဉ်တွေရဲ့ တွဲဆိုင်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင် ကစားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိချန်ပီယံ မန်ယူက ခရစ္စတယ်ပဲလေ့စ်၊ မန်စီးတီးက နယူးကာဆယ်နဲ့ ချယ်ဆီးက ဘရိုက်တန်၊…

အသက်ရှည်ချင်သူတွေ ငရုပ်သီး လေးစားပေးပါ

အစားအသောက်ကို ပူပူနွေးနွေး ခပ်စပ်စပ်ကလေး ကြိုက်တတ်တဲ့သူတွေ ရှိကြလားဗျ။ ဘာပဲစားစား အစပ်ကလေးပါမှ ထမင်းမြိန်တဲ့လူမျိုးတွေပေါ့။ ငရုပ်သီး မှာပါဝင်တဲ့ အစပ်အရသာဆိုတာက မကြိုက်တတ်တဲ့သူတွေအတွက်တော့ ရှောင်ကျဉ်ချင်စရာ အရသာတစ်မျိုးဖြစ်ပေမယ့် ကြိုက်တတ်သူတွေများကျပြန်တော့လည်း ငရုပ်သီးအစပ်လေးမှမပါရင် စားရသောက်ရတာ တစ်ခုခုလိုနေသလိုမျိုးကို ဖြစ်နေတတ်တာ။ ငရုပ်သီးဆားထောင်း ပူပူစပ်စပ်လေးပဲဖြစ်ဖြစ်၊ ရခိုင်ငရုပ်သီးထောင်း ရှူးရှူးရှဲရှဲလေးပဲဖြစ်ဖြစ် ငပိရည်စပ်စပ်လေး ဒါမှမဟုတ် မာလာရှမ်းကော ပူပူစပ်စပ်လေးပဲဖြစ်ဖြစ် တစ်မျိုးတစ်မယ်လောက်ကို ခုလို မိုးအေးအေးလေးမှာ စားလိုက်ရရင် ဘယ်လောက်တောင် ဆွေမျိုးမေ့ လျှာလည်သွားမလဲနော်။ ဒါပေမယ့်လည်း ကိုယ်က အစပ်ကြိုက်လို့ တဝတပျဲစားရင် လူကြီးတွေနဲ့ ခင်မင်ရင်းနှီးသူတွေက ကျန်းမာရေးကို ထိခိုက်နိုင်တယ်၊ အစာအိမ်ထိခိုက်နိုင်တယ်ဆိုပြီး တားကြတာမျိုးရှိတတ်ပါတယ်။ မှန်သင့်သလောက်လည်း မှန်တာကိုး။ ဒါပေမယ့် အစပ်ကိုမှ စွဲစွဲမြဲမြဲကြိုက်နှစ်သက်တယ်ဆိုရင် ခုပြောပြမယ့်အကြောင်းအရာလေးကိုလည်း ပြန်ပြောပြပေးသင့်ပါတယ်။ ဒါကတော့ ငရုပ်သီးစပ်စပ်ကြိုက်တဲ့လူတွေဟာ အသက်ပိုရှည်တယ်ဆိုတဲ့ အချက်ပါပဲ။ လူပေါင်း…

သခွားသီး မှာလည်း ဘေးထွက်ဆိုးကျိုးရှိပါတယ်

သခွားသီး ချိုချိုအေးအေးလေးကို လူတိုင်းနီးပါး နှစ်သက်သဘောကျကြပါတယ်။ မြန်မာထမင်းဝိုင်းတွေမှာဆို အတို့အမြှုပ်အနေနဲ့ရော တခါတရံမှာ ဟင်းချိုလို၊ အသုပ်လို ဟင်းအမည်အနေနဲ့ပါ ပါဝင်နေတတ်တဲ့ အစားအစာတစ်မျိုးပေါ့။ ဒါတင်ပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ သခွားသီးက ဆေးဘက်ဝင်လှသလို အလှအပကြိုက်တတ်တဲ့ ပျိုမေတွေအတွက်လည်း အသုံးတည့်လှတဲ့ ဆေးဝါးဓာတ်စာတစ်မျိုးပါ။ အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာကြပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ကိုလည်း အစိုဓါတ်ထိန်းပြီး ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒီလိုနေရာတကာ အသုံးတည့်လှတဲ့ သခွားသီး မှာလည်း ဘေးထွက်ဆိုးကျိုးလေးတွေ ရှိနေပါတယ်။ လူသိနည်းလှတဲ့ ဘေးထွက်ဆိုးကျိုးလေတွေဆိုပေမယ့် သိထားရင်ဖြင့် အကျိုးရှိစေမှာမို့ ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ပါတယ်။ ၁။ အဆိပ်သင့်နိုင်တယ် – သခွားသီးမှာပါဝင်တဲ့ Cucurbitacins နဲ့ Tetracyclic…

(၃၀-၈-၂၀၂၃) ညနေခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ ယူရီယန် တင်းဘားနေရာကို အစားထိုးဖို့ ကစားသမားသစ်ရှာဖွေနေတဲ့ အာဆင်နယ်အသင်းဟာ ဘင်ဖီကာအသင်းက ခံစစ်မှူး အလက်ဇန်းဒါး ဘားဟ်ကို ခေါ်ယူဖို့ ဒီကနေ့မှာ စတင်ကြိုးပမ်းလာနေတယ်လို့ ပေါ်တူဂီမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဂန်းနားတွေ ညာနောက်ခံလူသစ် ရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ဘားဟ်နဲ့ အာဆင်နယ်တို့ရဲ့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဘင်ဖီကာအသင်းကတော့ အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘားဟ်ရဲ့ တန်ကြေးကို ယူရို ၃၅ သန်း (ပေါင် သန်း ၃၀) အလိုရှိနေပါတယ်။ ၎င်းခံစစ်မှူးကို ခေါ်ယူဖို့ နော်တင်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်းတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ ၂။ ဘာစီလိုနာ တောင်ပံကြယ်ပွင့် အန်ဆု ဖာတီကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ တော့တင်ဟမ်၊ ချယ်ဆီးနဲ့ အာဆင်နယ်တို့ အပြိုင်ချဉ်းကပ်နေကြပြီး စပိန်ကလပ်ကတော့ ကာယကံရှင်ရဲ့…