၂၆-၉-၂၀၂၃ မနက်ခင်းပိုင်း ဘောလုံး သတင်းတိုများ

၁။ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းက အလိုရှိနေတဲ့ ကွင်းလယ်လူ ယော်အို ပါဟင်ညာကို စာချုပ်သစ်ချုပ်ဆိုခဲ့ရာမှာ စာချုပ်ဖျက်သိမ်းကြေးမထည့်သွင်းခဲ့တာကြောင့် ဂျာမန်ကလပ်အနေနဲ့ လာမယ့်ဇန်နဝါရီမှာ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ လိုအပ်လာတော့မှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ၎င်းကစားသမားကို ခေါ်ယူဖို့ ပြီးခဲ့တဲ့နွေရာသီတုန်းက သဘောတူညီချက် ရယူနိုင်ခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးအချိန်အထိ ဖူလ်ဟမ်အသင်းက ရောင်းချဖို့ တစ်ဖက်သက် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ၂။ ချယ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ တော့ဒ် ဘိုလေးဟာ အသင်းရဲ့ လုပ်ခလစာအသုံးစားရိတ်ပမာဏကို လျှော့ချနိုင်ဖို့ ကြိုးပမ်းနေပြီး ပေါင် သန်း ၈၀ ဝန်းကျင်အထိ လျှော့ချနိုင်ဖို့ စီစဉ်နေတယ်လို့ Daily Mail က ဖော်ပြသွားပါတယ်။ ချယ်ဆီးအသင်းအနေနဲ့ လာမယ့် ဇန်နဝါရီလမှာလည်း ကစားသမားအမြောက်အများကို အသင်းကနေ ထွက်ခွာခွင့်ပြုသွားဖွယ်ရှိနေတာပါ။ ၃။ မိုဟာမက် ဆာလာတစ်ယောက် အသင်းကနေ…

၂၆-၉-၂၀၂၃ မနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ ဂိုးသမား အာရွမ် ရမ်းစ်ဒေးလ်ဟာ လက်တလောမှာ ပွဲထွက်ခွင့် အခွင့်အရေးကို ဆုံးရှုံးထားရပေမယ့် အသင်းကနေထွက်ခွာဖို့ထက် အသင်းမှာ မူလအခွင့်အရေး ပြန်လည်ရရှိဖို့အတွက်သာ တိုက်ပွဲဝင်သွားဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ရမ်းစ်ဒေးလ်ဟာ ပွဲထွက်ကစားသမားနေရာကို ပြန်လည်ရယူနိုင်လိမ့်မယ်လို့လည်း ယုံကြည်မှု အပြည့်ရှိနေကြောင်း သတင်းတွေကဆိုပါတယ်။ ၂။ အာဆင်နယ်နည်းပြ မီခယ် အာတီတာဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပြည့်ဝပြီး အဆုံးသတ်စွမ်းရည်ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ဦး အလိုရှိနေပြီး ဇန်နဝါရီလမှာ ဖြည့်တင်းနိုင်ဖို့ မျှော်မှန်းနေကြောင်း ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ပြောသွားပါတယ်။ အာတီတာရဲ့ လက်ရှိပစ်မှတ်ထဲမှာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနေးနဲ့ နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမန်တို့ ရှိနေကြောင်းလည်း သိထားရပါတယ်။ ၃။ ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ရင်ဆိုင်တဲ့…

၂၃-၉-၂၀၂၃ ညနေခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ ဂန္တဝင်ဟောင်း အီယန် ရိုက်ကတော့ အာဆင်နယ်အသင်းအနေနဲ့ လာမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ တော့တင်ဟမ်တိုက်စစ်မှူး ရီချာလီဆင်ကို သတိထားဖို့ လိုအပ်လိမ့်မယ်လို့ သတိပေးစကားဆိုလိုက်ပါတယ်။ ကာလရှည် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တဲ့ ရီချာလီဆင်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ပွဲစဉ်မှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ပါတယ်။ အီယန် ရိုက်ကတော့ ရီချာလီဆင်ဟာ လမ်းစတစ်ခုပေါ်ကို စတင်ရောက်ရှိသွားပြီဖြစ်တာမို့ သတိထားရတော့မှာဖြစ်ကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်။ ၂။ No Tippy Tappy Football show ရဲ့ Host ဖြစ်သူ တက်ဒီ ရှရင်ဂမ်က ဗြိတိန် ဝါရင့်နည်းပြဟောင်းကြီး ဆမ် အလာဒိုက်စ်ကို အာဆင်နယ်ကစားသမား မာတင် အိုဒီဂတ်နဲ့ စပါး ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်တို့ထဲက သူနှစ်သက်ရာ ကစားသမားကို ရွေးချယ်ခိုင်းခဲ့ရာမှာ ဘစ်ဆမ်ကြီးကတော့ နော်ဝေကြယ်ပွင့်ကို ရွေးချယ်ခဲ့ပါတယ်။…

(၂၃-၉-၂၀၂၃) မနက်ခင်းပိုင်း ဘောလုံး သတင်းတိုများ

၁။ ဝက်စ်ဟမ်း ညာနောက်ခံလူ ဗလာဒီမီယာ ကူဖယ်ကတော့ ဒက်ကလန် ရိုက်စ်ကို ရောင်းချလိုက်တာဟာ သူတို့အသင်းအတွက် ပိုကောင်းဖို့ အကြောင်းတရားဖြစ်လာစေတယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟလာပါတယ်။ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မိုရက်စ်အနေနဲ့ ရိုက်စ်ကို ရောင်းချလို့ရလာတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းနဲ့ကိုက်ညီမှုရှိတဲ့ ကစားသမားသစ် အများပြားကို ခေါ်ယူနိုင်ခဲ့တာမို့ သူတို့အသင်းတွက် အကျိုးဖြစ်ထွန်းစေခဲ့တယ်လို့ ကူဖယ်က ပြောသွားပါတယ်။ ၂။ ဘရာဇီးလ်ကလပ် ပါရာနေယန်ဆေးအသင်းမှာကစားနေဆဲဖြစ်တဲ့ ဘာစီလိုနာ လူငယ်တိုက်စစ်မှူးသစ် ဗစ်တာ ရိုကေးဟာ အဆိုပါကလပ်အတွက် ကစားပေးရင်း ဆိုးဆိုးရွားရွား ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒါဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ လာမယ့်ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းထံကို ယူရို သန်း ၃၀ နဲ့ ပြောင်းရွှေ့လာဖို့ သဘောတူစာချုပ်ချုပ်ဆိုထားပြီးဖြစ်တဲ့ ရော့ကေးတစ်ယောက် ၎င်းဒါဏ်ရာကြောင့် လနဲ့ချီပြီး အနားယူရဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။ ၃။ ချယ်ဆီးအသင်းခေါင်းဆောင်…

(၂၃-၉-၂၀၂၃) မနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ဟာ ဂန်းနားတွေရဲ့ လုပ်ခလစာအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့ပြီဖြစ်တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရှိရပါတယ်။ အိုဒီဂတ်ဟာ ယခင်စာချုပ်ဟောင်းတုန်းက တစ်ပတ်လုပ်ခ ပေါင် ၁၁၅,၀၀၀ ရရှိနေသူဖြစ်ပြီး စာချုပ်သစ်မှာတော့ (လက်ရှိအသင်းမှာ လစာအများဆုံးရရှိနေတဲ့ ကိုင် ဟာဗက်ဇ်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၈၀,၀၀၀ ထက်ပိုတဲ့) တစ်ပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ ဝန်းကျင် ပမာဏကို ရရှိဖွယ်ရှိနေပါတယ်။ ၂။ ဂိုးသမား ဒေးဗစ် ရာယာက သူ့အနေနဲ့ ၂ ပွဲဆက်တိုက် Clean Sheet ရယူပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုး ပြသထားနိုင်နေပေမယ့် လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ပါဝင်ကစားခွင့် ရ/မရဆိုတာကိုတော့ အတိအကျ မသိနိုင်သေးဘူးလို့ ပြောဆိုလာပါတယ်။…

(၂၂-၉-၂၀၂၃) မနက်ခင်းပိုင်း ဘောလုံး သတင်းတိုများ

၁။ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတွေဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘိုင်ယန်မြူးနစ်ထက်အရင် ဟယ်ရီ ကိန်းကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကြပေမယ့် ပြောင်းရွှေ့ကြေးပမာဏ ပေါင် သန်း ၆၀ ဝန်းကျင်နဲ့ ချဉ်းကပ်လာခဲ့ကြတာကြောင့် စပါးအသင်းက လက်မခံခဲ့တာဖြစ်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ပေါင် သန်း ၁၀၀ အထိအသုံးပြုပြီး ဟယ်ရီ ကိန်းကို ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ ၂။ စပိန်ကလပ်တွေဖြစ်ကြတဲ့ ရီးရဲလ်ဘက်တစ်နဲ့ ဗလင်စီယာတို့ဟာ မန်ယူအသင်းနဲ့ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတဲ့ စပိန်ဂိုးသမား ဒေးဗစ် ဒဟဲယားကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိနေကြပါတယ်။ ၃။ မန်စီးတီး ခံစစ်မှူးဟောင်း ရစ်ချတ် ဒန်းက မန်ယူနည်းပြ အဲရစ် တန်ဟက်ရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အသွေးကို ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်အပြီးမှာ မေးခွန်းထုတ်လိုက်ပါတယ်။ “မနှစ်တုန်းက…