(၁၀-၁၀-၂၀၂၃) ညနေခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ နည်းပြ အာတီတာကတော့ ဂိုးသမား ဒေးဗစ် ရာယာကို ဝေဖန်ခဲ့တဲ့ မန်ယူဂန္တဝင်ဟောင်း ဂယ်ရီ နဗီးလ်ရဲ့ ပြောဆိုချက်ကို ပြန်လည်တုန့်ပြန် ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ နဗီးလ်ကတော့ ရာယာဟာ တည်ငြိမ်မှုမရှိဘူးလို့ ဝေဖန်ခဲ့တာဖြစ်ပေမယ့် အာတီတာကတော့ သူ့ရဲ့ ဂိုးသမားဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ကြောင်းနဲ့ အာဆင်နယ်လိုအသင်းမျိုးမှာ ပွဲထွက်ကစားရတာဟာ မလွယ်ကူလှကြောင်း တုန့်ပြန်ပြောဆိုသွားခဲ့တာပါ။ ၂။ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ်၊ ချယ်ဆီးနဲ့ နယူးကာဆယ်အသင်းတွေဟာ ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုံးကန်နေရတဲ့ ပြင်သစ်တောင်ပံကြယ်ပွင့် အူစမာနီ ဒမ်ဘီလီကို ခေါ်ယူဖို့ အပြိုင်မျက်စိကျနေကြပါတယ်။ ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကမှ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် အသင်းမှာ အထိုင်မကျဖြစ်နေသလို မပျော်မရွှင်လည်းဖြစ်နေတာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကာလတိုအနေနဲ့ အသင်းပြောင်းရွှေ့ကစားဖွယ်ရှိနေတာပါ။ ၃။…

(၁၀-၁၀-၂၀၂၃) မနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ အင်္ဂလန် ဂန္တဝင်ဟောင်း ရီယို ဖာဒီနန်ကတော့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ရဲ့ ခြေစွမ်းနဲ့ အဆင့်အတန်းဟာ ရီးရဲလ်ကို ပြောင်းရွှေ့သွားတဲ့ ဂျုဒ် ဘယ်လင်ဂမ်နဲ့ တန်းတူအနေအထားမှာရှိတယ်လို့ ချီးမွမ်းသုံးသပ်သွားခဲ့ပါတယ်။ ရိုက်စ်ရဲ့ စွမ်းဆောင်ရည်နဲ့ အာဆင်နယ် အသင်းအပေါ် အကျိုးသက်ရောက်မှုဟာ အလွန်စိတ်ကျေနပ် အားရစရာကောင်းလွန်းတယ်လို့ ဖာဒီနန်က ဆိုသွားခဲ့ပါတယ်။ ၂။ ဒါဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာ အသီးသီးရှိနေကြတာကြောင့် နိုင်ငံလက်ရွေးစင်အသင်းလူစာရင်းတွေကနေ နှုတ်ထွက်/ဖယ်ရှားထားကြတဲ့ ဘူကာယို ဆာကာ၊ ဝီလီယံ ဆာလီဘားနဲ့ ဂါဘရီယယ် မာတီနယ်လီတို့ဟာ နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်ကာလအတွင်းမှာ အားလပ်ရက် ယူသွားမှာမဟုတ်ပဲ ကိုနေးလေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ ပြုလုပ်ရင်း ချယ်ဆီးနဲ့ပွဲစဉ်အတွက် ပြင်ဆင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ၃။ အာဆင်နယ် ဂန္တဝင်ဟောင်း အီယန် ရိုက်ကတော့ အသင်းက ခံစစ်မှူး ဝီလီယံ…

(၆-၁၀-၂၀၂၃) ညနေခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ အာဆင်နယ်အသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းက ခံစစ်မှူး ဟိုဆေး မာရီယာ-ဂျီမီနက်ဇ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ လာလီဂါသတင်းရပ်ဝန်းက အသံထွက်လာပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အဆိုပါကစားသမားကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအပြင် မန်ယူ၊ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေပြီး အက်သလက်တီကိုဘက်ကတော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပမာဏတစ်ရပ် ရရှိဖို့ မျှော်လင့်နေပါတယ်။ ၂။ ဂန္တဝင်ဟောင်း သီယာရီ အွန်နရီကတော့ လန်းစ်နဲ့ပွဲစဉ်က ခံစစ်မှူး ဝီလီယံ ဆာလီဘားရဲ့ ခြေစွမ်းအပေါ် မေးခွန်းထုတ်လိုက်ပြီး အာဆင်နယ်အသင်း ပေးလိုက်ရတဲ့ သွင်းဂိုး ၂ ဂိုးလုံးမှာ ဆာလီဘားရဲ့ ခံစစ်ကစားပုံ အားနည်းချက်နဲ့ ပတ်သက်နေခဲ့ကြောင်း ထောက်ပြဝေဖန်သွားခဲ့ပါတယ်။ အထူးသဖြင့် ဝါဟီရဲ့ အနိုင်ဂိုးမှာ ဆာလီဘားရဲ့ ခုခံပုံဟာ အတော်လေး အားနည်းလွန်းခဲ့တယ်လို့ အွန်နရီက…

(၆-၁၀-၂၀၂၃) မနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ နည်းပြ အာတီတာက ညာတောင်ပံကြယ်ပွင့် ဘူကာယို ဆာကာရဲ့ ကြံ့ခိုင်မှု အခြေအနေကို စိုးရိမ်ပူပန်မိကြောင်း အတိတလင်းဝန်ခံလာခဲ့ပြီးတဲ့နောက်မှာ အသင်းရဲ့တာဝန်ရှိသူတွေဟာ ဝုလ်ဗ်တောင်ပံလူ ပက်ဒရို နက်တိုကို ခေါ်ယူဖို့ ပိုမိုအရှိန်မြှင့်တင်လာခဲ့ပြီဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ၂၃ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ကို အာဆင်နယ်အပြင် လီဗာပူးလ်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတွေကလည်း ခေါ်ယူဖို့ မျက်စိကျနေတာပါ။ အာဆင်နယ်အသင်းကတော့ ဝုလ်ဗ်အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် လာမယ့်ဇန်နဝါရီမှာ အဆိုပါကစားသမားကို အလွယ်တကူခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။ ၂။ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၃၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ခံစစ်မှူး ဒေးဗစ် အလာဘာရဲ့နေရာကို အစားထိုးဖို့အတွက် အာဆင်နယ်ခံစစ်မှူး ဝီလီယံ ဆာလီဘားကို မျက်စိကျနေပါတယ်။ စပိန်ကလပ်ဟာ နည်းပြဟောင်း ဇီဒန်းလက်ထက်တုန်းကလည်း ဆာလီဘားကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိခဲ့ဖူးပြီး…

(၅-၁၀-၂၀၂၃) မနက်ခင်းပိုင်း ဘောလုံး သတင်းတိုများ

၁။ ဘိုင်ယန် ခံစစ်မှူး အယ်လ်ဖွန်ဆို ဒေးဗီးစ်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ ကစားသမားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားမှုပြသနေတယ်လို့ အတည်ပြုပြောဆိုလာခဲ့ပြီး ကာယကံရှင်ကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်ကို ခြေချဖို့ ပိုအာရုံကျနေကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။ ၂။ ပရီးမီးယားလိဂ် ဂန္တဝင်ဟောင်း အီယန် ရိုက်ကတော့ တော့တင်ဟန် တိုက်စစ်မှူး ရီချာလီဆင်ဟာ လက်ရှိအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ရဲ့နေရာကို အစားထိုးဆက်ခံနိုင်လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်လိုက်ပါတယ်။ ရီချာလီဆင်ဟာ မကြာသေးခင်ကမှ ကာလရှည်ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပေမယ့် ရိုက်ကတော့ ၎င်းကစားသမားရဲ့ အားထုတ်မှုနဲ့ ရုံးအားတွေဟာ ဆွန်ဟောင်မင်ရဲ့ တာဝန်တွေကို ပခုံးလွှဲယူနိုင်လောက်တဲ့အထိ လုံလောက်တယ်လို့ ဆိုသွားခဲ့တာပါ။ ၃။ ဂျပန် တောင်ပံကစားသမား ကာရိုယူ မီတိုမာဟာ လက်ရှိကလပ် ဘရိုက်တန်အသင်းနဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူညီချက် ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ မီတိုမာဟာ…

(၅-၁၀-၂၀၂၃) နံနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ နည်းပြ အာတီတာဟာ လန်းစ်နဲ့ပွဲစဉ်မှာတုန်းက ဘောလုံးဆုံးရှုံးမှုများပြားခဲ့တဲ့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်အပေါ် အတော်လေး စိတ်ဆိုးဒေါသထွက်နေခဲ့တယ်လို့ Football London က ဖော်ပြသွားပါတယ်။ Sky Sports ရဲ့ သုံးသပ်သူတစ်ဦးဖြစ်တဲ့ မိုက်ကယ် ဒေါ်ဆင်ကလည်း အဆိုပါပွဲစဉ်မှာ မာတင် အိုဒီဂတ်နဲ့ ကိုင် ဟားဗက်ဇ်တို့ရဲ့ ခြေစွမ်းတွေဟာ အတော်လေးဆိုးရွားနေခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ၂။ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကြွက်သားဒါဏ်ရာ ရရှိခဲ့တဲ့ တောင်ပံလူ ဘူကာယို ဆာကာရဲ့ ဒါဏ်ရာဟာ ပြင်းထန်မှုမရှိကြောင်းနဲ့ အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမဟုတ်ကြောင်း အာဆင်နယ်ဆေးအဖွဲ့က မှတ်ချက်ပြုထားပါတယ်။ အဆိုပါ မှတ်ချက်ကြောင့် ဆာကာဟာ လက်ရှိအချိန်အထိလည်း မန်စီးတီးကို ရင်ဆိုင်မယ့် အာဆင်နယ်အသင်းရဲ့ လူစာရင်းထဲမှာ ရှိနေသေးကြောင်း သတင်းတွေကဆိုပါတယ်။ ဒါကြောင့် ဆာကာဟာ လာမယ့် တနင်္ဂနွေညမှာ…