
[UNICODE]
အာဆင်နယ် တောင်ပံတိုက်စစ်မှူးဟောင်း သီယို ဝေါလ်ကော့က အာဆင်းဝင်းဂါးလက်ထက်မှာ အမှတ်ပေးဖလားနဲ့ ဆယ်စုနှစ်ချီကွာဝေးဖို့ဖြစ်လာရတာဟာ အဆင့် ၄ အတွင်းဝင်ရင် ကျေနပ်တဲ့ စိတ်ထားမျိုးရှိနေတာကြောင့်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
၂၀၁၆ ခုနှစ် လက်စတာစီးတီးအသင်း ဖလားမရခင်အချိန်အထိ အာဆင်နယ်အသင်းသားတွေဟာ အရမ်းစိတ်သဘောထားကောင်းမွန်လွန်းခဲ့ကြပြီး ရှိနေတဲ့အခြေအနေမှာပဲ ပျော်နေခဲ့ကြသလို နည်းပြဆီကလည်း ဘာဖိအားမှမရခဲ့ဘူးလို့ ဝေါလ်ကော့ကဆိုခဲ့ပါတယ်။

သီယို ဝေါလ်ကော့ဟာ အာဆင်နယ်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့ပြီး အဆိုပါကာလအတွင်း FA ဖလား ၂ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ ကြိမ်ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဖလားကိုတော့ တစ်ကြိမ်မှ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒါနဲ့ ပတ်သက်ပြီး ဝေါလ်ကော့က “ကျွန်တော်တို့က အရမ်းသဘောကောင်းလွန်းခဲ့တာဗျ” လို့ talkSPORT ကိုပြောပြခဲ့တယ်။ “ကျွန်တော်တို့ FA ဖလား တချို့ရခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရတယ်။ ဒီလောက်ဆို လုံလောက်ပြီလို့ ကျွန်တော်တို့ တွေးနေခဲ့တာ။ ကျွန်တော်တို့လည်း ဆုတံဆိပ်တွေကို နှစ်သက်တာပေါ့။ဒါပေမယ့် ရှိနေတဲ့ အခြေအနေလေးမှာ ပျော်နေပြီး ဘာမှဆက်မကြိုးစားဖြစ်ခဲ့ကြဘူး” လို့လည်း သူကဆိုတယ်။

“လက်စတာ ပရီးမီးယားလိဂ်ဖလားရတော့ ကျွန်တော်တို့က သူတို့ကို ၂ ကြိမ်လုံးနိုင်ခဲ့တယ်။ အဲတုန်းက ကျွန်တော်တို့ ပြောဖြစ်ခဲ့တာက ငါတို့လည်း တစ်ခုခုဖြစ်သင့်တယ်ဆိုတာပါပဲ။ အဲ့နှစ်က ကျွန်တော်တို့ ဖလားရခဲ့သင့်ပါတယ်။ ဒါပေမယ့်ပေါ့လေ” လို့ ဝေါလ်ကော့က ပြန်ပြောပြသွားပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိ အမှတ်ပေးချန်ပီယံဖြစ်ပြီးကတည်းက ပရီးမီးယားလိဂ်ဆုဖလားနဲ့ ဝေးကွာနေတာဟာ ဒီကနေ့အချိန်အထိဖြစ်ပါတယ်။
Source: talkSPORT, Daily Mail
[ZAWGYI]
အာဆင္နယ္ ေတာင္ပံတုိက္စစ္မွဴးေဟာင္း သီယို ေဝါလ္ေကာ့က အာဆင္းဝင္းဂါးလက္ထက္မွာ အမွတ္ေပးဖလားနဲ႔ ဆယ္စုႏွစ္ခ်ီကြာေဝးဖို႔ျဖစ္လာရတာဟာ အဆင့္ ၄ အတြင္းဝင္ရင္ ေက်နပ္တဲ့ စိတ္ထားမ်ိဳးရွိေနတာေၾကာင့္လို႔ ဝန္ခံေျပာဆိုသြားခဲ့ပါတယ္။
၂၀၁၆ ခုႏွစ္ လက္စတာစီးတီးအသင္း ဖလားမရခင္အခ်ိန္အထိ အာဆင္နယ္အသင္းသားေတြဟာ အရမ္းစိတ္သေဘာထားေကာင္းမြန္လြန္းခဲ့ၾကျပီး ရွိေနတဲ့အေျခအေနမွာပဲ ေပ်ာ္ေနခဲ့ၾကသလို နည္းျပဆီကလည္း ဘာဖိအားမွမရခဲ့ဘူးလုိ႔ ေဝါလ္ေကာ့ကဆိုခဲ့ပါတယ္။

သီယို ေဝါလ္ေကာ့ဟာ အာဆင္နယ္အသင္းမွာ ၁၂ ႏွစ္ၾကာ ကစားခဲ့ျပီး အဆုိပါကာလအတြင္း FA ဖလား ၂ ၾကိမ္နဲ႔ ကြန္ျမဴနတီဒိုင္း ၂ ၾကိမ္ရရွိခဲ့ေပမယ့္ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကိုေတာ့ တစ္ၾကိမ္မွ ရယူႏိုင္ခဲ့ျခင္းမရွိပါဘူး။
ဒါနဲ႔ ပတ္သက္ျပီး ေဝါလ္ေကာ့က “ကၽြန္ေတာ္တို႔က အရမ္းသေဘာေကာင္းလြန္းခဲ့တာဗ်” လို႔ talkSPORT ကိုေျပာျပခဲ့တယ္။ “ကၽြန္ေတာ္တို႔ FA ဖလား တခ်ိဳ႕ရခဲ့တယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္လည္း ရတယ္။ ဒီေလာက္ဆို လံုေလာက္ျပီလို႔ ကၽြန္ေတာ္တို႔ ေတြးေနခဲ့တာ။ ကၽြန္ေတာ္တို႔လည္း ဆုတံဆိပ္ေတြကို ႏွစ္သက္တာေပါ့။ဒါေပမယ့္ ရွိေနတဲ့ အေျခအေနေလးမွာ ေပ်ာ္ေနျပီး ဘာမွဆက္မၾကိဳးစားျဖစ္ခဲ့ၾကဘူး” လို႔လည္း သူကဆိုတယ္။

“လက္စတာ ပရီးမီးယားလိဂ္ဖလားရေတာ့ ကၽြန္ေတာ္တို႔က သူတို႔ကို ၂ ၾကိမ္လံုးႏိုင္ခဲ့တယ္။ အဲတုန္းက ကၽြန္ေတာ္တို႔ ေျပာျဖစ္ခဲ့တာက ငါတို႔လည္း တစ္ခုခုျဖစ္သင့္တယ္ဆိုတာပါပဲ။ အဲ့ႏွစ္က ကၽြန္ေတာ္တို႔ ဖလားရခဲ့သင့္ပါတယ္။ ဒါေပမယ့္ေပါ့ေလ” လို႔ ေဝါလ္ေကာ့က ျပန္ေျပာျပသြားပါတယ္။
အာဆင္နယ္အသင္းဟာ ၂၀၀၃-၀၄ ရာသီမွာ ရံႈးပြဲမရွိ အမွတ္ေပးခ်န္ပီယံျဖစ္ျပီးကတည္းက ပရီးမီးယားလိဂ္ဆုဖလားနဲ႔ ေဝးကြာေနတာဟာ ဒီကေန႔အခ်ိန္အထိျဖစ္ပါတယ္။
Source: talkSPORT, Daily Mail