ကြက်သွန်ဖြူ လေး စားပေးပါ

ကမ္ဘာပေါ်က လူတစ်ဦးတစ်ယောက်ချင်းစီဟာ တစ်နှစ်ကို ပျမ်းမျှ ကြက်သွန်ဖြူလေး  ၂ ပေါင်လောက် စားဖြစ်ကြတယ်ဆိုတာ သိပြီးပြီလား?

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကြက်သွန်ဖြူကို ဟင်းလျာတွေ အနံ့အရသာ တိုးစေဖို့ အသုံးပြုခဲ့ကြသလို ဆေးဝါးကုသရာမှာလည်း အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် တရုတ်၊ အီဂျစ်နဲ့ ရိုမန် လူမျိုးစုတွေမှာပေါ့။

ဒီလိုနဲ့ ကြက်သွန်ဖြူကို ဆေးဖက်ဝင်တဲ့ ဟင်းခတ်တစ်ခုအနေနဲ့ လူသိများလာခဲ့တာ အခုထိပါပဲ။ ကြက်သွန်ဖြူက ဆေးဖက်ဝင်တယ်ဆိုတာကို သိကြပေမယ့် ဘယ်လိုမျိုး ဆေးဖက်ဝင်တာလဲဆိုတာကို တိတိကျကျ သိစေဖို့ ပြောပြပေးချင်ပါတယ်။

ကြက်သွန်ဖြူ ကျန်းမာစေသလား

ကြက်သွန်ဖြူမှာပါတဲ့ Sulfur ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ Allicin ကြောင့် ကျန်းမာရေးကို အကျိုးများစေတာပါ။

ကြက်သွန်ဖြူလေး စားပေးသင့်တဲ့ အကြောင်းအရင်း

ကြက်သွန်ဖြူ လေး စားပေးသင့်တယ်လို့ ပြောရတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။

  • ကိုယ်ခံအား ကောင်းစေတယ် – ကြက်သွန်ဖြူက ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပြီး ရောဂါပိုးတွေကို ထိထိရောက်ရောက် တိုက်ထုတ်ပေး နိုင်ပါတယ်။ အအေးမိ ဖျားနာတာတွေကိုလည်း သက်သာစေနိုင်သလို တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
  • အရောင်ကျစေတယ် – ကြက်သွန်ဖြူက အဆစ်တွေရောင်တာကို သက်သာစေနိုင်ပါတယ်။ အရိုးနုလေးတွေကို ကျန်းမာစေပြီး အရောင်ကျစေဖို့ ထောက်ကူပေးပါတယ်။
  • နှလုံး ကျန်းမာစေနိုင်တယ် – ကြက်သွန်ဖြူက သွေးပေါင်ကျစေဖို့ ထောက်ကူပေးနိုင်သလို သွေးကြောတွေကို ကျန်းမာစေပြီး နှလုံး ကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။ သွေးတိုးတတ်ရင် ကြက်သွန်ဖြူ ပုံမှန် စားပေးလို့ ရပါတယ်။
  • အသားအရေ ကြည်လင်စေတယ်- ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝက်ခြံတွေကို သက်သာစေပြီး အရေပြား ကြည်လင် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
  • သွေးတွင်းကိုလက်စထရော ကျစေနိုင်တယ်- ကြက်သွန်ဖြူရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က သွေးတွင်းက အဆီတွေကို ချပေးနိုင်တာပါ။ သွေးတွင်း ကိုလက်စထရော များတာကြောင့် ကျန်းမာရေး မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ်။
  • ကင်ဆာ ကာကွယ်ပေးတယ် – ကြက်သွန်ဖြူလေးက သွေးတိုးကျစေတာ၊ နှလုံးကျန်းမာစေတာတင် မကဘဲ ကင်ဆာကာကွယ်စေဖို့ပါ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

ကဲ …. ဒီလောက်ဆို ဘာလို့ ကြက်သွန်ဖြူလေး စားပေးသင့်တယ်လို့ ပြောတာလဲဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။

နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် စိတ်ဝင်စားဖွယ် Lifestyle အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Lo To Shin Media ရဲ့  Website နဲ့ Facebook Page တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply