ခေါင်းကိုက်ရင် အတော်ခံစားရခက်ပါတယ်။ ဘယ်သူမှ ခေါင်းမကိုက်ချင်ကြပေမယ့် လူတိုင်းနီးပါး ခေါင်းကိုက်ဝေဒနာကို ကြုံဆုံရတတ်တယ်။ခေါင်းကိုက်တာက ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်နိုင်သလို နေထိုင်မှုပုံစံ မှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်တယ်။
ကျန်းမာရေးပြဿနာကြောင့်မဟုတ်တဲ့ ခေါင်းကိုက်ဝေဒနာတွေဟာ အလွယ်တကူ ပျောက်ကင်းအောင် ကာကွယ်ကုသလို့ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။
နေထိုင်မှုပုံစံကို စနစ်တကျ ပြောင်းလဲလိုက်မယ်ဆိုရင်တောင် ခေါင်းကိုက်ဝေဒနာကို ဖြစ်မလာအောင် တားဆီးနိုင်ပါတယ်။ တစ်ချို့နည်းလမ်းတွေက ကာကွယ်ရုံတင်မကပါဘူး။ ခေါင်းကိုက်နေချိန်မှာလညည်း အသုံးချလို့ပါရပါသေးတယ်။

နည်းလမ်းတွေကတော့
ဦးခေါင်းကို မကြာခဏ နှိပ်နယ်ပါ။ နှိပ်နယ်ပေးတာက ခေါင်းကိုက်ဝေဒနာအပြင် စိတ်ဖိစီးမှုကိုပါ လျော့ကျစေပါတယ်။
စိတ်ရောကိုပါပြေလျော့စေမယ့် အသက်ရှူလေ့ကျင့်ခန်းမျိုးတွေ ပုံမှန်လုပ်ရင် ခေါင်းကိုက်ဝေဒနာကို လျော့ပါးသက်သာအောင်ကူညီနိုင်ပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှုကိုရော ခေါင်းကိုက်တာကိုရော သက်သာစေမယ့် နည်းပါ။ တစ်နေ့ မိနစ် ၄၀ လောက် ပြုလုပ်သင့်ပါတယ်။
ကျောရိုးမကြီးကို ကျွမ်းကျင်သူတွေနဲ့ နှိပ်နယ်ပေးတာကလည်း ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။
တစ်ခါတစ်လေတော့ အာရုံလွှဲတဲ့နည်းကို အသုံးချပြီး စကားပြောဆိုတဲ့ နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ ဒီနည်းကလည်း ဝေဒနာကို လျော့ပါးမေ့ပျောက်သွားဖို့ ကူညီနိုင်ပါတယ်။

တစ်ချို့သော ခေါင်းကိုက်ဝေဒနာတွေက အစားအသောက်ပုံစံတွေနဲ့ အများကြီးဆက်နွယ်နေပါတယ်။ ခေါင်းကိုက်တာကို တွန်းအားပေးတဲ့ ငါးပိထောင်းတို့၊ မျှစ်တို့၊ ဓညင်းသီးတို့၊ ကော်ဖီတို့၊ ချောကလက်တို့၊ စည်သွပ်ဘူးတို့၊ အေးခဲအသားတို့၊ ဒိန်ခဲတို့၊ အချိုမှုန့်တို့ကို ရှောင်ကျဉ်ဖို့ လိုပါတယ်။
တခါတစ်လေကျရင် ကိုယ့်ဘာသာကိုယ် မျက်ခုံးရိုးကို ဖိနှိပ်ပေးတာ၊ မေးရိုးနဲ့ ပါးရိုးတွေကို ဖိဆွဲပေးတာ၊ ဦးခေါင်းရဲ့ အောက်တည့်တည့် ကြမ်းပြင်မှာ တင်းနစ်ဘောလုံးကိုခံပြီး မိနစ်အနည်းငယ်လှဲအိပ်တာမျိုးတွေ လုပ်ပေးပါ။
အိပ်ရေးပျက်ခြင်းဟာ ခေါင်းကိုက်စေနိုင်ပါတယ်။ အိပ်ရေးဝဝအိပ်ရင် ခေါင်းကိုက်နိုင်ခြေလျော့သွားပါလိမ့်မယ်။ ဒီအချက်ကလည်း အရေးကြီးပါတယ်။
မာဖီယိုဆို