
သပြုသီး (Elephant Apple) က ကြည့်လိုက်ရင် အရသာရှိမယ်လို့ သိပ်မထင်ရပေမယ့် စားလိုက်တဲ့အခါ သူ့ရဲ့ ချဉ်ပြုံးပြုံးအရသာလေးကတော်တော်လေးစားကောင်းပါတယ်။ ခံတွင်းရှင်းသလို လန်းဆန်းမှုလည်းရစေပါတယ်။ ဟင်းချက်တဲ့အခါ အချဉ်အရသာရအောင် ထည့်ချက်ကြတဲ့ မရမ်းသီး၊ မန်ကျည်းသီး တို့နဲ့မတူဘဲ သပြုသီးချဉ်တဲ့အရသာလေးက စားရတာခံတွင်းတွေ့လှပါတယ်။
သပြုသီး က ဆေးဖက်ဝင်ပါတယ်
သပြုသီးကို စားသုံးပေးတာက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။
- သွေးပေါင်ချိန် ထိန်းညှိပေးတယ်
ငှက်ပျောသီးလိုမျိုး ပိုတက်ဆီယမ်ပါဝင်မှုမများပေမယ့် သပြုသီးကသွေးပေါင်ချိန်ကို ကောင်းကောင်းထိန်းညှိပေးနိုင်ပါတယ်။သွေးတိုးရှိသူတွေအတွက် အဆင်ပြေသလိုသွေးတိုးမဖြစ်အောင် ကာကွယ်ချင်သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။သွေးပေါင်ချိန်ကိုထိန်းညှိပေးသလိုသွေးတွင်းကအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

- မျက်လုံးကျန်းမာစေနိုင်ပါတယ်
သပြုသီးမှာ မျက်လုံးအတွက် အရေးပါတဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာကြောင့် မျက်စိကျန်းမာစေနိုင်ပါတယ်။ အမြင်အာရုံဝေဝါးတာ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းတာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ မျက်လုံးကျန်းမာရေးကိုစောင့်ရှောက်တဲ့အနေနဲ့လည်း သပြုသီး ကို စားပေးလို့ရပါတယ်။
- ကိုယ်ခံအားကောင်းစေနိုင်တယ်
ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံးတိုးမြှင့်ပေးနိုင်ပါတယ်။ ခန္ဓါကိုယ်ကို အအေးမိဖျားနာတာတွေကနေ အထိရောက်ဆုံးကာကွယ်ပေးပြီး အခြားသောရောဂါတွေကူစက်ဝင်ရောက်မခံရအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။
- အသားအရေကျန်းမာစေနိုင်တယ်
အရေပြားကို အိုမင်းရင့်ရော်စေနိုင်တဲ့ Free Radicalsတွေကို တိုက်ထုတ်ပေးတဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို အကောင်းဆုံးတားဆီးပေးနိုင်ပါတယ်။ အသားအရေကို ကြည်လင်ပြီး အရွယ်တင်နုပျိုစေချင်ရင်တော့ သပြုသီးစားပေးလို့ရပါတယ်။

- ခန္ဓါကိုယ်ကို အင်အားပြည့်စေနိုင်တယ်
ဗီတာမင် B ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်မှာ အားမရှိတာ၊ခြေကုန်လက်ပမ်းကျတာမျိုးတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ပင်ပန်းလွယ်သူတွေစားသုံးပေးသင့်ပါတယ်။ ဦးနှောက်နဲ့အာရုံကြောဆဲလ်တွေကိုလည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။
- သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်
ခန္ဓါကိုယ်ကျန်းမာစေဖို့ လိုအပ်တဲ့ဓါတ်တစ်မျိုးဖြစ်တဲ့ သံဓါတ်ကိုလည်းပြည့်ဝအောင်ထောက်ပံ့ပေးပါတယ်။ ဒါကြောင့် သံဓါတ်အားနည်းပြီးသွေးအာနည်းရောဂါမဖြစ်စေဖို့ဆိုရင် သပြုသီးကို စားပေးလို့ရပါတယ်။သွေးအားကောင်းသလို၊သွေးကြောလေးတွေကို ကျန်းမာစေပြီးသွေးတွင်းအဆိပ်အတောက်ကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။
ဒါတွေအပြင် သပြုသီးက အစာအိမ်အနာကိုသက်သာစေသလို၊ ဆံသားကိုကျန်းမာစေပြီးဗောက်ပျောက်စေနိုင်ပါတယ်။ နှလုံးနဲ့အသည်းကိုကျန်းမာစေနိုင်သလို ဆီးချိုရောဂါကိုလည်း သက်သာစေနိုင်ပါသေးတယ်။ စမ်းသပ်ဆဲရလဒ်တစ်ခုအရကတော့ ကင်ဆာကိုပါ ကာကွယ်ပေးတယ်လို့ဆိုပါတယ်။
Ref: Healthbenefittimes