နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား

နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား

ရဘူးလားနောင်တ….နောင်တမရဘူးတဲ့လူ မရှိလောက်ဘူးနော်။ လုပ်သင့်တာကို မလုပ်လိုက်မိလို့၊ မလုပ်သင့်မှန်းသိရက်ဒေါသအလျောက်လုပ်လိုက်မိလို့၊ အနားမှာရှိစဉ်က တန်ဖိုးမထားမိလို့၊ပြောသင့်တာကို မပြောခဲ့မိလို့၊ အချိန်ရှိတုန်းက မကြိုးစားမိလို့လေ။နောင်တဆိုတာကလည်းနောင်မှရတတ်တာမျိုးလေနော်။ သိပ်အလေးအနက်မထားတတ်တဲ့သူတွေကျတော့လည်း ခပ်မြန်မြန်ပဲမေ့ပျောက်သွားကြတယ်။

စိတ်ခွန်အားကောင်းတဲ့သူတွေကလည်းနောင်တကို တစ်ချိန်လုံး ပိုက်မထားတတ်ဘူးလေ။ စိတ်ခွန်အားအဖြစ်တောင်အသုံးချလိုက်သေးတယ်။ စိတ်ထားနူးညံ့တဲ့သူတွေနဲ့ စိတ်ပျော့ညံ့တဲ့သူတွေကတော့နောင်တတရားကို တစ်သက်လုံးပိုက်ထားရင်း ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားတတ်ကြပါတယ်။ သင်ကရောဘယ်လိုလူလဲ။နောင်တတရားကို ပိုက်ထားတတ်လား၊မေ့ပျောက်ပစ်တတ်လား၊ ခွန်အားအဖြစ်အသုံးချတတ်လား။

နောင်တဆိုတာက


နောင်တဆိုတာက စိတ်ခံစားမှုတစ်ခုပါ။ကောင်းတဲ့စိတ်ခံစားချက်တော့ မဟုတ်ဘူးပေါ့။ အခြေအနေတစ်ခုကြောင့်နောင်တရတာမျိုးဖြစ်နိုင်သလို ကိုယ်ချစ်ခင်ရတဲ့သူတွေကြာင့်လည်းနောင်တရသလိုခံစားချက်မျိုးဖြစ်စေနိုင်ပါတယ်။ တစ်ခါတလေကိုယ်ကိုယ့်ကို မကောင်းတဲ့သူအဖြစ်ထင်မှတ်တာမျိုးထိတောင် ဆိုရွားနိုင်ပါတယ်။နောင်တရတဲ့ခံစားချက်ဖြစ်ပေါ်တဲ့အခါပျော်ရွှင်မှုတွေက အလိုလိုပျောက်ဆုံးလာပါတယ်။ စိတ်ညစ်သလိုလို၊ စိတ်ထဲတစ်ခုခုကို မကျေနပ်သလိုခံစားရနိုင်ပါတယ်။ ဒီလိုအပျက်သဘောဆောင်တဲ့ ခံစားချက်ကို အချိန်ကြာမြင့်စွာထိန်းသိမ်းထားမှုကစိတ်ဖိစီးမှုကိုတိုးလာစေသလို စိတ်ကျဝေဒနာခံစားရတဲ့အထိတောင်ဖြစ်လာနိုင်ပါတယ်။

မြင်သာတဲ့ရလဒ်တွေအနေနဲ့ မြင်တွေ့ရမှာတွေကတော့ အလုပ်ခွင်မှာထိခိုက်လာမယ်၊ပေါင်းသင်းဆက်ဆံရေးပိုင်းမှာထိခိုက်လာမယ်။ ဆုံးဖြတ်ချက်ချနိုင်စွမ်းနည်းလာမယ်။ အလုပ်လုပ်တဲ့အခါ အမှားများလာမယ်၊ အမြဲလိုလိုဒေါသဖြစ်နေတာမျိုးတွေခံစားလာရနိုင်ပါတယ်။ ကိုယ်ပြင်ဆင်လို့ရရက်နဲ့ မပြင်ဆင်ခဲ့တာကြောင့်နောင်တရတာကတော့ဖြစ်သင့်တယ်လို့ဆိုလို့ရပေမယ့် အချို့ကိစ္စတွေက ကိုယ်တိုင်ကကောင်းစေချင်လို့လုပ်ပေးရက်နဲ့ ချွတ်ချော်ခဲ့တာတွေကြောင့် ခံစားလာရတဲ့နောင်တတွေထဲကနေတော့ ရုန်းထွက်ပါလို့ပြောပါရစေ။နောင်တတရားက ကြာကြာမွေးထားရင် စိတ်ရောကိုယ်ပါထိခိုက်စေရုံထက်ဘာမှ ပိုပြီးအကျိုးမပြုပါဘူး။

စိတ်ကျန်းမာရေးနဲ့နောင်တ တရား


နောင်တ တရားကတစ်ခါတလေမှာပြောင်းလဲမှုကိုဖြစ်စေနိုင်ပါတယ်။နောင်တ တရားက အပျက်သဘောဆောင်တဲ့စိတ်ခံစားမှုကနေဖြစ်ပေါ်လာတာများပါတယ်။နောင်တ ရတဲ့ခံစားမှုကို ခံစားရတဲ့အခါ –

တဖက်သတ်ဆန်ဆန် ဆုံးဖြတ်ချက်တွေချမှတ်တတ်တယ်၊ ဆုံးဖြတ်ချက်ချတဲ့အပိုင်းမျာ အားနည်းလာတာမျိုးပေါ့။
စိတ်ဖိစီးမှုကြောင့် မကောင်းတဲ့ခံစားချက်ကိုဖြစ်စေတဲ့ ကိစ္စရပ်တွေကို အကြိမ်ကြိမ်တွေးတာကြောင့် အပြုအမူပိုင်းမှာထိခိုက်လာနိုင်ပါတယ်။
ဝမ်းနည်းမှုကို ကာလရှည်ကြာခံစားတယ်။
ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားတယ်။
ရှက်ရွံ့သလိုခံစားရမယ်။
ဒေါသဖြစ်မယ်။

နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား

နောင်တတရားကို ဒီလိုအနိုင်ယူပါ

နောင်တတရားကိုကောင်းကောင်းအသုံးချတတ်ပါစေ

နောင်တတရားကကောင်းကောင်းအသုံးချတတ်တဲ့သူတွေအတွက်တော့ကောင်းမွန်တဲ့အတွေ့အကြုံပေါ့။ အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေကောင်းကောင်းတွေချမှတ်နိုင်စေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။လေ့လာမှုတွေအရနောင်တ တရားကိုကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် ဆုံးဖြတ်ချက်ချမှတ်တဲ့အခါမှာဖြစ်ဖြစ်၊ ကိစ္စရပ်တွေကို ကိုယ်တွယ်ဖြေရှင်းတဲ့အခါမှာဖြစ်ဖြစ်၊လေ့လာသင်ယူရာမှာဖြစ်ဖြစ်ကောင်းမွန်တဲ့အတွေ့အကြုံတွေပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်နောင်တရစရာတွေကိုကောင်းကောင်းအသုံးချတတ်ပါစေ။နောင်တရစေတဲ့အကြောင်းအရာကပြင်ဆင်ခွင့်ရှိတဲ့အရာဆိုလည်းမြန်မြန်သာပြင်ဆင်လိုက်ပါ။

လက်ခံတတ်ပါစေ

လူတိုင်းကပြီးပြည့်စုံဖို့မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို သဘောပေါက်ဖို့လိုပါမယ်။ရောင့်ရဲဖို့ပေါ့။ လူဆိုတာက အကုန်လုံးကို စွမ်းဆောင်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုတာကို နားလည်ထားရင် ကိုယ်မစွမ်းဆောင်နိုင်တဲ့အခြေအနေကြောင့်ဖြစ်ပေါ်လာတဲ့နောင်တတရားကို ခံနိုင်ရည်ရှိသွားပါလိမ့်မယ်။

စိတ်တွင်းခံစားမှုကို နားလည်အောင်လုပ်ပါ

တစ်ခါတလေဒေါသအလျောက် စိတ်ထဲကဖြစ်စေချင်တာ၊လုပ်ချင်တာက တစ်မျိုးပြင်ပမှာပြုမူမိနေတာက တစ်မျိုးဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ပြင်မရတဲ့နေင်တတွေမရစေဖို့ စိတ်ထဲကဖြစ်ချင်တဲ့ ဆန္ဒကို အရင်နားထောင်ပြီးမှာ အပြုအမူကိုဆက်လုပ်ပါ။ စိတ်ထင်တိုင်းမလုပ်ပါနဲ့။ဒေါသတကြီးနဲ့ မပြုမိခင် ဖြစ်လာမယ့်အကျိုးဆက်ကို ကြိုတင်စဉ်းစားပေါ့။

ကျေးဇူးတင်တတ်ပါစေ

ဘာမှမဆိုင်သလိုထင်စရာရှိတယ်နော်။ ဒါက တစ်ခါတလေဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကို ကူညီပေးတဲ့သူတွေ။ ဂရုစိုက်ပေးတဲ့သူတွေကိုကျေးဇူးမတင်မိလို့နောင်တရဖူးလား။ အထူးသဖြင့် ကိုယ့်ကိုချစ်တဲ့သူတွေလေ။ သူတို့လုပ်ပေးနေတာ စိတ်ပူပေးတာကို တစ်ခါတလေ အမှုမဲ့အမှတ်မဲ့နဲ့ထားလိုက်တတ်တယ်လေ။ တိုက်ဆိုက်တဲ့အခြေအနေတစ်ရပ်ကိုမြင်လိုက်တဲ့အခါမျိုးမှာ ကြုံကြိုက်တဲ့အခါမျိုးဖြစ်ဖြစ်၊ ကိုယ်တိုင်ကစေတနာနဲ့လုပ်ပေးတာကိုကျေးဇူးတင်မခံရတဲ့ အခါမျိုးမှဖြစ်ဖြစ် သတိပြုမိတာမျိုးပေါ့။ ဒီလိုအချိန်မှာ စိတ်မကောင်းမဖြစ်စေဖို့မေမေဖေဖေတွေ၊ ညီအစ်ကိုမောင်နှမနဲ့ မိတ်ဆွေတွေက ဂရုစိုက်ပေးမှုကိုကျေးဇူးတင်တတ်ပါစေ။ကျေးဇူးတင်တတ်တာ အသိအမှတ်ပြုတတ်တာက စိတ်ကျန်းမာစေတယ်၊လို့လေ့လာမှုတွေက ဆိုပါတယ်။

ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို သိပါစေ

ပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ရပ်ရပ်ကြောင့်ရလာတဲ့နောင်တတရားတွေကို ရင်မှာပိုက်ထားမယ့်အစား ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကိုသိအောင်လုပ်ပြီး အကောင်အထည်ဖော်ဖို့ စိတ်ရောကိုယ်ပါနှစ်ပြီးကြိုးစားလိုက်ပါ။ ကိုယ်ဝါသနာပါရာကို စိတ်နှစ်လုပ်ဆောင်ရင်းနောင်တတရားထဲကနေ ရုန်းထွက်စေချင်တာပါ။

တောင်းပန်လို့ရနိုင်ရင်တောင်းပန်ပါ။ ခွင့်လွှတ်စရာရှိရင် ခွင့်လွှတ်ပါ

ဒီလိုပြောရတာက တစ်ခါတလေနောင်တရစရာကတောင်းပန်ရမယ့်အနေအထားတစ်ရပ် ကနေဖြစ်လာတာပါ။ တစ်ခါတလေမှာက ခွင့်လွှတ်ပေးရမယ့် အနေအထားကနေဖြစ်လာတာပါ။ ဒါကြောင့်တောင်းပန်လို့ရမယ့် အနေအထားမျိုးဆိုရင်တောင်းပန်လိုက်ပါ ။ ခွင့်လွှတ်ရမယ့်အနေအထားဆိုရင်တော့မြန်မြန်သာခွင့်လွှတ်လိုက်ပါ။ အပန်းမကြီးပါဘူး။ လူတစ်ယောက်ကို ခွင့်လွှတ်ပေးတာက စိတ်လက်ပေါ့ပါးစေတဲ့ အရာတစ်ခုမို့လို့ပါ။နောင်တရနေမယ့်အစား ယုံကြည်မှုတည်ဆောက်ပြီးကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ဖန်တီးလို့ ရှေ့ဆက်လျှောက်ပေါ့။

ကိုယ်ပြုပြင်လို့မဖြစ်နိုင်တာတွေအတွက်တော့ အရမ်းကြီးနောင်တရမနေစေချင်ဘူး။ ပြင်ဆင်ခွင့်ရှိရင်တော့ မြန်မြန်သာပြင်ဆင်လိုက်တော့လေနော်။ ကဲ တစ်သက်လုံးနောင်တ တရားနဲ့နေမလား၊ စိတ်လက်ပေါ့ပါးစွာနဲ့ရှေ့ဆက်မလား စဉ်းစားပေါ့…….

Leave a Reply