Mother Mary ရဲ့ Arsenal အတွက် ကောင်းချီးမင်္ဂလာ (သို့) Pablo Marí

[UNICODE]

ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ဘောလုံးနဲ့ ပက်သက်ရင် ရူးသွပ်စွာ အားပေးသူ၊ ကစားကြသူတွေ အများကြီး ရှိပါတယ်။ အဲ့အထဲမှာမှ ကမ္ဘာ့ပေါ်မှာ ရှာရအခက်ဆုံး position (၂)ခု ရှိတယ်။

အဲ့ဒီ (၂) နေရာဟာ –
၁. Centre Back (Left)
၂. Wing Back (Left) တို့ပဲ ဖြစ်တယ်။
အဲ့ဒီ(၂)နေရာဟာ Demands အရမ်းများပါတယ်။

ဘောလုံးကစားတဲ့ player တွေကို အချိုးချ ကြည့်ရင် left foot player က 25% မရှိပါဘူး။ ဒီကြားထဲမှာ နောက်ခံ လူတွေထဲ ဘယ်သန် ကစားသမားက ပိုနည်းပါးတယ်။ Wing Back (left) မှာ ကစားသူတွေ နည်းနည်းပိုများပေမဲ့ CB (left) မှာတော့ တော်တော့်ကို နည်းပါးတာ တွေ့ရပါလိမ့်မယ်။

Tactical Point of View အရပြောရရင် ဘယ်သန်တွေရဲ့ anticipative rate (ကြိုတက်တွက်ဆနိုင်နှူန်း)က မြင့်မားပါတယ်။ ပြီးသူတို့ရဲ့ အားသာတဲ့ ဘယ်ခြေက တဘက်က attacking လုပ်လာတဲ့အချိန် တဘက်အသင်းမှ အားကောင်းတဲ့ Right side winger တွေကို long through run လုပ်လို့မရအောင် Blocking ပေးနိုင်ပါတယ်။ အဲ့အချိန် တဘက်အသင်းက cut turn to centre လုပ်လာရင် Defensive Midfield တွေ position အမြန် ယူနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခေတ် အခြေအနေအရ Wing Back တွေက Wing တောက်လျှောက်ကို press လုပ်ပေးရတယ်။ inverted winger တွေ၊ left or right midfield player တွေအတွက် Space ရအောင်ပါ။

ဒီတော့ LWက counter ပေါက်လာပြီး တောင်ပံက သယ်လာတဲ့ ဘောလုံးကို ဘယ်သန်နောက်ခံလူ တွေးတဲ့ ညဏ်နဲ့ responseက ညာသန် နောက်ခံလူ တွေးတာထက် ပို effective ဖြစ်စေပါတယ်။ ပြီးတော့ မဖြစ်မနေ Foul လုပ်ဖို့ ကြိုးစားရတဲ့အခါ ပိုမိုလွယ်ကူ စေသလို ဒိုင်ရဲ့ punish အလုပ်ခံရမှုလဲ သက်သာစေ ပါတယ်။

အကယ်၍ ball position ရနေတဲ့အခါ ဘယ်သန် ကစားသမားက သူ့ဆီ လာလုတဲ့ opposite team က ကစားသမားကို လှည့်ထွက်ဖို့ Space ပိုရသလို၊ ခု F.A Cup ရတုန်းကလို နောက်တန်းက Build up play style ကစားလျှင်လဲ left side ကနေ long press crossing တင်ပြီး counter attack သွားဖို့ chance ပိုရှိတယ်ဆိုတာ Modern Football Coach ကြီး Pep Guardiola က သုံးသပ်ဖူး ပါတယ်။

ကျွန်တော် ကြည့်ဖူးတဲ့ Arsenal ခေတ်အဆက်ဆက် မှာ Wenger ရဲ့ အားနည်းချက်က နောက်ခံအတွင်းလူကို ဈေးကြီး ပေးမခေါ် ခဲ့ တာပါပဲ။ ရွှေဖလားရပြီး နောက်ပိုင်း ပြောတာပါ။ (Panic buy 35M £ နဲ့ ဝယ်ခဲ့တဲ့ Mustafi တယောက်သာ ဈေးကြီးတွေထဲ ရှိမယ်ထင်ပါတယ်) Mertesacker, Koscielny,Ver maelen, Squillaci စတဲ့ ကစားသမား တွေဟာ Man U ရဲ့ Vidic + Ferdinand, Chelsea ရဲ့ Terry + Cahill, Man City ရဲ့ Kompany + Otamendi တို့နဲ့ယှဉ်ရင် Premium Quality Player တွေ မဟုတ်ကြပါဘူး။ ပြီးတော့ Marte ကလွဲရင် နောက်တန်း Centre Back မှာ Height 190cm ကျော်တာ မရှိတာက Goal သမားကို အမြင့်ဘော cover ပေးမဲ့သူ မရှိဘူးပေါ့။ ( ခုတော့ Arsenal နောက်တန်းမှာ Luiz ပါ ထည့်တွက်ရင် အမြင့်ဘော ကောင်းတဲ့ နောက်ခံလူ ၅ယောက် ရှိနေပါပြီ)

ကဲ Marí ကို တချက်လေ့လာ ကြည့်ရအောင်။

သူဟာ Gabriel ထက်စာရင် movement ပိုင်းမှာ နှေးတယ်လို့ ထင်ရပေမဲ့ သူက position awareness နဲ့ ကစားတဲ့သူပါ။ Gabriel က Risk ယူတာ တခါတခါ များလွန်းပါတယ်။ Man to man Marking ကို ကွင်းလယ် Centre စည်းထိ တက်ထောက်တဲ့ Man U နဲ့ ပွဲမှာ Yellow တခါထိတယ်။ Saint နဲ့ပွဲမှာ second yellow cardနဲ့ ထွက်ရတယ်။ အဲ့ Saint နဲ့ ပွဲမှာပဲ ကွင်းလယ်ထိ တက်ထောက်လို့ Walcott လွတ်ပြီး ဂိုးသွင်းသွားတယ်။ သူဟာ ငယ်ရွယ်သူ ဖြစ်တာကြောင့် တိုက်စစ်လမ်းကြောင်း ဖွင့်ဖို့ CB overlap ပါ ကစားချင်တဲ့ ကစားသမား။ ပြောရရင် Gabriel က modern defender။ ပြီး ဘယ်သန်ပဲ။ ဘယ်သန် ကစားသမား Marí ရှိရဲ့သားနဲ့ Arteta သူ့ကို ထပ်ခေါ်ထားတာက သူများအသင်းကို မရောက်သွား စေချင်တာလဲ ပါမယ်။ ပြီး Gabriel ရှိရင် 4-3-3, 3-4-3 တို့ကို လိုသလို ပြောင်းကစား နိုင်တဲ့အပြင် နောက်ဆုံး DM တွေ နာခဲ့ရင် သူ့ကို Defensive Midfield အဖြစ်ပါ သုံးနိုင်မယ် ဆိုတဲ့ အကြံနဲ့ ခေါ်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

Marí က ကျတော့ သူနဲ့ လိုက်ဖက်မဲ့ formation က 3-4-3 ဆို centre, 4-3-3 ဆို left centre နဲ့ သွားလို့ရမဲ့သူ။ သူက Gabriel ထက်စာရင် Safe side ကို ပိုယူပြီး ကစားတယ်။ မလိုလားအပ်တဲ့ Risk တွေ၊ passing တွေ၊ Zone press တွေ လုပ်လေ့ မရှိဘူး။ နောက်ပြီး ဥပဒေပြင်ပ ဖြစ်နိုင်မဲ့၊ foulတွေ ပေးခံရမဲ့ အလုပ်တွေ သူမလုပ်ဘူး။ ပြီး သူ့ရဲ့ အရပ်အမောင်း၊ သူ့ရဲ့ သွေးအေးမှု၊ နောက်တန်းမှာ Leno, Holding, Tierney တို့နဲ့ understanding ဖြစ်မှုတွေဟာ အသင်းအတွက် အရမ်းကို ကောင်းမွန် စေပါတယ်။ Arsenal ရဲ့ ထုံးစံအတိုင်း Injury Prone မဖြစ်ဖို့ပဲ ဆုတောင်းရမှာပဲ။ အသက် ၂၇ နှစ်သားရဲ့ leadership appearance ကြောင့် တချိန်မှာ သူ့ကိုလဲ Arsenal ရဲ့ Captain လက်ပတ်အတွက် ထည့်စဉ်းစား နိုင်ပါတယ်။

ပြီးတော့ သူ့ရဲ့ (patient) ပွဲထွက်ခွင့်အတွက် စောင့်ဆိုင်းနိုင်မှုကိုလဲ အသိအမှတ် ပြုရပါမယ်။ (နောက်ပိုင်း Arteta ကို Centre Back တွေဆီကနေ set piece က Goal သွင်းယူနိုင်ဖို့ train ပေးစေချင်တယ်။ အထူးသဖြင့် Corner kick တွေကနေသာ Arsenal ဂိုးတွေ ပိုရရင် ရှေ့တန်းအတွက်လဲ အသက်ရှူချောင် စေမှာပါ)

ခု ကျွန်တော်တို့ Gunner တွေရဲ့ ဘယ်ခြမ်းကို ကြည့်စမ်းပါ။ ဘယ်သန်တွေ ဖြစ်တဲ့ Marí, Gabriel, Tierney, Zaka အကုန်လုံးက MOTM ရရင်ရ, မရရင် average rating မှာ မြင့်တဲ့ သူတွေချည်း။ ဒီထက် ပိုပြောရရင် centre back မှာ ကစားနေသော ရှားပါးလွန်းတဲ့ ဘယ်သန် ၂ယောက်လုံးဟာ တန်းဝင်တဲ့ player တွေ။ Arsenal ဘယ်ခြမ်းက ကောင်းချီးပေး ခံထားရသလို consistancy ဖြစ်လွန်းပါတယ်။ ညာခြမ်းကိုသာ သေချာလေး တဆင့်ခြင်း ဖာထေးနိုင်ပြီ ဆိုရင်တော့ ကျွန်တော်တို့ရဲ့ လက်ဖျောက်တီးတဲ့ အချိန်ကို ရောက်လာ တော့မှာပါ။ ဒီအထဲမှာမှ အရံ အဖြစ် စိတ်ရှည်စွာ အသုံးတော် ခံနေတဲ့၊ ပြီးတော့ 2024 ထိ စာချုပ်သက်တမ်း ရှိတဲ့ Marí ကို ရထားတာဟာ Arsenal အတွက် အချိုပေါ် သကာဆင့် သကဲ့သို့ ဖြစ်နေကြောင်း တင်ပြလိုက်ရ ပါတော့တယ်။

ဇော်ဟိန်းထက်

[ZAWGYI]

ကြၽန္​ေတာ္တို႔ ကမာၻ​ေပၚမွာ ​ေဘာလုံးနဲ႔ ပက္သက္ရင္ ႐ူးသြပ္စြာ အား​ေပးသူ၊ ကစားၾကသူ​ေတြ အမ်ားႀကီး ရွိပါတယ္။ အဲ့အထဲမွာမွ ကမာၻ႔​ေပၚမွာ ရွာရအခက္ဆုံး position (၂)ခု ရွိတယ္။

အဲ့ဒီ (၂) ​ေနရာဟာ –
၁. Centre Back (Left)
၂. Wing Back (Left) တို႔ပဲ ျဖစ္တယ္။
အဲ့ဒီ(၂)​ေနရာဟာ Demands အရမ္းမ်ားပါတယ္။ ​

ေဘာလုံးကစားတဲ့ player​ ေတြကို အခ်ိဳးခ် ၾကည့္ရင္ left foot player က 25% မရွိပါဘူး။ ဒီၾကားထဲမွာ ​ေနာက္ခံ လူ​ေတြထဲ ဘယ္သန္ ကစားသမားက ပိုနည္းပါးတယ္။ Wing Back (left) မွာ ကစားသူ​ေတြ နည္းနည္းပိုမ်ား​ေပမဲ့ CB (left) မွာ​ေတာ့ ​ေတာ္​ေတာ့္ကို နည္းပါးတာ​ ေတြ႕ရပါလိမ့္မယ္။

Tactical Point of View အရ​ေျပာရရင္ ဘယ္သန္​ေတြရဲ႕ ​anticipative rate (ႀကိဳတက္တြက္ဆႏိုင္ႏႉန္း)က ျမင့္မားပါတယ္။ ၿပီးသူတို႔ရဲ႕ အားသာတဲ့ ဘယ္​ေျခက တဘက္က attacking လုပ္လာတဲ့အခ်ိန္ တဘက္အသင္းမွ အား​ေကာင္းတဲ့ Right side winger ေတြကို long through run လုပ္လို႔မရ​ေအာင္ Blocking ​ေပးႏိုင္ပါတယ္။ အဲ့အခ်ိန္ တဘက္အသင္းက cut turn to centre လုပ္လာရင္ Defensive Midfield ​ေတြ position အျမန္ ယူႏိုင္ပါတယ္။ ဘာလို႔လဲဆို​ေတာ့ ​ေခတ္ အ​​ေျခအ​ေနအရ Wing Back ​ေတြက Wing ​ေတာက္​ေလွ်ာက္ကို press လုပ္​ေပးရတယ္။ inverted winger ​ေတြ၊ left or right midfield player ​ေတြအတြက္ Space ရ​ေအာင္ပါ။

ဒီ​ေတာ့ LWက​ counter ေပါက္လာၿပီး ​ေတာင္ပံ​က သယ္လာတဲ့ ​ေဘာလုံးကို ဘယ္သန္​ေနာက္ခံလူ ​ေတြးတဲ့ ညဏ္နဲ႔ responseက ညာသန္ ​ေနာက္ခံလူ​​ ေတြးတာထက္ ပို effective ျဖစ္​ေစပါတယ္။ ၿပီး​ေတာ့ မျဖစ္မ​ေန Foul လုပ္ဖို႔ ႀကိဳးစားရတဲ့အခါ ပိုမိုလြယ္ကူ​ ေစသလို ဒိုင္ရဲ႕ punish အလုပ္ခံရမႈလဲ သက္သာ​ေစ ပါတယ္။

အကယ္၍ ball position ရ​ေနတဲ့အခါ ဘယ္သန္ ကစားသမားက သူ႔ဆီ လာလုတဲ့ opposite team က ကစားသမားကို လွည့္ထြက္ဖို႔ Space ပိုရသလို၊ ခု F.A Cup ရတုန္းကလို ​ေနာက္တန္းက Build up play style ကစားလွ်င္လဲ left side က​ေန long press crossing တင္ၿပီး counter attack သြားဖို႔ chance ပိုရွိတယ္ဆိုတာ Modern Football Coach ႀကီး Pep Guardiola က သုံးသပ္ဖူး ပါတယ္။

ကြၽန္​ေတာ္ ၾကည့္ဖူးတဲ့ Arsenal ​ေခတ္အဆက္ဆက္ မွာ Wenger ရဲ႕ အားနည္းခ်က္က ​ေနာက္ခံအတြင္းလူကို ​ေစ်းႀကီး ​ေပးမ​ေခၚ ခဲ့ တာပါပဲ။ ​ေ႐ႊဖလားရၿပီး ​ေနာက္ပိုင္း ​ေျပာတာပါ။ (Panic buy 35M £ နဲ႔ ဝယ္ခဲ့တဲ့ Mustafi တ​ေယာက္သာ ​ေစ်းႀကီး​ေတြထဲ ရွိမယ္ထင္ပါတယ္) Mertesacker, Koscielny,Ver maelen, Squillaci စတဲ့ ကစားသမား​ ေတြဟာ Man U ရဲ႕ Vidic + Ferdinand, Chelsea ရဲ႕ Terry + Cahill, Man City ရဲ႕ Kompany + Otamendi တို႔နဲ႔ယွဥ္ရင္ Premium Quality Player ​ေတြ မဟုတ္ၾကပါဘူး။ ၿပီး​ေတာ့ Marte ကလြဲရင္ ​ေနာက္တန္း Centre Back မွာ Height 190cm ​ေက်ာ္တာ မရွိတာက Goal သမားကို အျမင့္​ေဘာ cover ​ေပးမဲ့သူ မရွိဘူး​ေပါ့။ ( ခု​ေတာ့ Arsenal ​ေနာက္တန္းမွာ Luiz ပါ ထည့္တြက္ရင္ အျမင့္​​ေဘာ ​ေကာင္းတဲ့ ​ေနာက္ခံလူ ၅​ေယာက္ ရွိ​ေနပါၿပီ)

ကဲ Marí ကို တခ်က္​ေလ့လာ ၾကည့္ရ​ေအာင္။

သူဟာ Gabriel ထက္စာရင္ movement ပိုင္းမွာ ​ေႏွးတယ္လို႔ ထင္ရ​ေပမဲ့ သူက position awareness နဲ႔ ကစားတဲ့သူပါ။ Gabriel က Risk ယူတာ တခါတခါ မ်ားလြန္းပါတယ္။ Man to man Marking ကို ကြင္းလယ္ Centre စည္းထိ တက္​ေထာက္တဲ့ Man U နဲ႔ ပြဲမွာ Yellow တခါထိတယ္။ Saint နဲ႔ပြဲမွာ second yellow cardနဲ႔ ထြက္ရတယ္။ အဲ့ Saint နဲ႔ ပြဲမွာပဲ ကြင္းလယ္ထိ တက္​ေထာက္လို႔ Walcott လြတ္ၿပီး ဂိုးသြင္းသြားတယ္။ သူဟာ ငယ္႐ြယ္သူ ျဖစ္တာ​ေၾကာင့္ တိုက္စစ္လမ္း​ေၾကာင္း ဖြင့္ဖို႔ CB overlap ပါ ကစားခ်င္တဲ့ ကစားသမား။ ​ေျပာရရင္ Gabriel က modern defender။ ၿပီး ဘယ္သန္ပဲ။ ဘယ္သန္ ကစားသမား Marí ရွိရဲ႕သားနဲ႔ Arteta သူ႔ကို ထပ္​ေခၚထားတာက သူမ်ားအသင္းကို မ​ေရာက္သြား​ ေစခ်င္တာလဲ ပါမယ္။ ၿပီး Gabriel ရွိရင္ 4-3-3, 3-4-3 တို႔ကို လိုသလို ​ေျပာင္းကစား ႏိုင္တဲ့အျပင္ ​ေနာက္ဆုံး DM ​ေတြ နာခဲ့ရင္ သူ႔ကို Defensive Midfield အျဖစ္ပါ သုံးႏိုင္မယ္ ဆိုတဲ့ အႀကံနဲ႔ ​ေခၚခဲ့တယ္လို႔ ယူဆႏိုင္ပါတယ္။

Marí က က်​ေတာ့ သူနဲ႔ လိုက္ဖက္မဲ့ formation က 3-4-3 ဆို centre, 4-3-3 ဆို left centre နဲ႔ သြားလို႔ရမဲ့သူ။ သူက Gabriel ထက္စာရင္ Safe side ကို ပိုယူၿပီး ကစားတယ္။ မလိုလားအပ္တဲ့ Risk ​ေတြ၊ passing ​ေတြ၊ Zone press ​ေတြ လုပ္​ေလ့ မရွိဘူး။ ​ေနာက္ၿပီး ဥပ​ေဒျပင္ပ ျဖစ္ႏိုင္မဲ့၊ foul​ေတြ ​ေပးခံရမဲ့ အလုပ္​ေတြ သူမလုပ္ဘူး။ ၿပီး သူ႔ရဲ႕ အရပ္အ​ေမာင္း၊ သူ႔ရဲ႕ ​ေသြး​ေအးမႈ၊ ​ေနာက္တန္းမွာ Leno, Holding, Tierney တို႔နဲ႔ understanding ျဖစ္မႈ​ေတြဟာ အသင္းအတြက္ အရမ္းကို ​ေကာင္းမြန္​ ေစပါတယ္။ Arsenal ရဲ႕ ထုံးစံအတိုင္း Injury Prone မျဖစ္ဖို႔ပဲ ဆု​ေတာင္းရမွာပဲ။ အသက္ ၂၇ ႏွစ္သားရဲ႕ leadership appearance ​ေၾကာင့္ တခ်ိန္မွာ သူ႔ကိုလဲ Arsenal ရဲ႕ Captain လက္ပတ္အတြက္ ထည့္စဥ္းစား ႏိုင္ပါတယ္။

ၿပီး​ေတာ့ သူ႔ရဲ႕ (patient) ပြဲထြက္ခြင့္အတြက္ ​ေစာင့္ဆိုင္းႏိုင္မႈကိုလဲ အသိအမွတ္ ျပဳရပါမယ္။ (​ေနာက္ပိုင္း Arteta ကို Centre Back ​ေတြဆီက​​ေန set piece က Goal သြင္းယူႏိုင္ဖို႔ train ​ေပး​ေစခ်င္တယ္။ အထူးသျဖင့္ Corner kick ​ေတြက​ေနသာ Arsenal ဂိုး​ေတြ ပိုရရင္ ​ေရွ႕တန္းအတြက္လဲ အသက္ရႉ​ေခ်ာင္ ​ေစမွာပါ)

ခု ကြၽန္​ေတာ္တို႔ Gunner ​ေတြရဲ႕ ဘယ္ျခမ္းကို ၾကည့္စမ္းပါ။ ဘယ္သန္​ေတြ ျဖစ္တဲ့ Marí, Gabriel, Tierney, Zaka အကုန္လုံးက MOTM ရရင္ရ, မရရင္ average rating မွာ ျမင့္တဲ့ သူ​ေတြခ်ည္း။ ဒီထက္ ပို​ေျပာရရင္ centre back မွာ ကစား​ေန​ေသာ ရွားပါးလြန္းတဲ့ ဘယ္သန္ ၂​ေယာက္လုံးဟာ တန္းဝင္တဲ့ player ​ေတြ။​ Arsenal ဘယ္ျခမ္းက ​ေကာင္းခ်ီး​ေပး ခံထားရသလို consistancy ျဖစ္လြန္းပါတယ္။ ညာျခမ္းကိုသာ ေသခ်ာ​ေလး တဆင့္ျခင္း ဖာ​ေထးႏိုင္ၿပီ ဆိုရင္​ေတာ့ ကြၽန္​​ေတာ္တို႔ရဲ႕ လက္​ေဖ်ာက္တီးတဲ့ အခ်ိန္ကို ​ေရာက္လာ​ ေတာ့မွာပါ။ ဒီအထဲမွာမွ အရံ အျဖစ္ စိတ္ရွည္စြာ အသုံး​ေတာ္ ခံ​ေနတဲ့၊ ၿပီး​​ေတာ့ 2024 ထိ စာခ်ဳပ္သက္တမ္း ရွိတဲ့ Marí ကို ရထားတာဟာ Arsenal အတြက္ အခ်ိဳ​ေပၚ သကာဆင့္ သကဲ့သို႔ ျဖစ္​ေန​ေၾကာင္း တင္ျပလိုက္ရ ပါ​ေတာ့တယ္။

​ေဇာ္ဟိန္းထက္

Leave a Reply