သင်မသိသေးတဲ့ ရုံးပတီသီး အကြောင်း

ရုံးပတီသီး အကြောင်းများ ဘာလို့ မသိရမှာလဲ၊ သိပ်သိတာပေါ့၊ ဘီယာဆိုင်မှာ ကင်စားနေကျပဲဆိုပြီး လက်ခမောင်းခတ်နေပြီလား။ ဟိုးထားဆရာ။ သင် ရုံးပတီသီးအကြောင်းကို သေချာမသိသေးတာ သေချာပါတယ်။ ဟုတ်ပါ့မလားဆိုပြီး သံသယဝင်နေပြီဆိုရင်တော့ ရှင်းပြပေးပါမယ်နော်။ ရုံးပတီသီး ဆိုတာက ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ ဒီတော့ သင်ဟာ ရုံးပတီသီးကို ကမ္ဘာအနှံ့အပြားမှာ စားလို့ရနိုင်ပါတယ်။ ဒါပေမယ့် ထူးခြားတာတစ်ခုကတော့ ရုံးပတီသီးပင်က ဘယ်လို အပင်မျိုးစိတ်ဝင်လဲဆိုတာကို အဖြေရှာမရသေးတာပါပဲ။ ထူးဆန်းတယ်မဟုတ်လား။ ကြော်စားလိုက်၊ ကင်စားလိုက်၊ ပြုတ်တို့လိုက်၊ ဟင်းချက်စားလိုက်နဲ့ အမျိုးမျိုး လုပ်စားနေပေမယ့် ဒီအသီးရဲ့ မူရင်းအပင်မျိုးစိတ်ကို ခုထိမသိကြရသေးတာက သိပ်ကိုထူးခြားတဲ့အချက်ပေါ့။ ဒါတင်ပဲလားဆိုတော့ မကပါဘူး။ ရုံးပတီသီးဟာ ကျန်းမာရေးအတွက် အကျိုးပြုသလို ဘေးထွက်ဆိုးကျိုးလည်းရှိတဲ့ အသီးတစ်မျိုးဖြစ်ပြန်ပါတယ်တဲ့။ ရုံးပတီသီးမှာ ခန္ဓါကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး ဝမ်းချုပ်လည်း…

ပဲပင်ပေါက် ကို ဘာလို့ မကြာခဏ စားပေးသင့်တာလဲ

ပဲပင်ပေါက် ဆိုတာနဲ့ ကြော်စားမယ်၊ ချဉ်ဖတ်စိမ်မယ်၊ ဟင်းချိုချက်သောက်မယ် စသဖြင့် တွေးမိကြမယ်ထင်ပါတယ်။ တစ်ချို့ကြိုက်တတ်သူတွေဆိုရင် မုန့်ဟင်းခါးထဲတောင် ထည့်စားတတ်ကြပါသေးတယ်။ ဘယ်လိုပုံသဏ္ဍာန်ပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲ ချက်ပြုတ်စားစား ပဲပင်ပေါက် ရဲ့ ခန္ဓာကိုယ်အပေါ် အကျိုးပြုတဲ့ အာဟာရဓာတ်တွေကတော့ လျှော့မသွားပါဘူး။ တကယ်တော့ ပဲတီပင်ပေါက်ဟာ မကြာခဏစားပေးဖို့ လိုအပ်တဲ့ သဘာဝဓာတ်စာတစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ … ဗီတာမင် K လုံလောက်စွာ ပါဝင်နေတယ် ဗီတာမင် K ဟာ သွေးခဲတာတွေ မဖြစ်စေဖို့ အရမ်းကို အရေးပါတဲ့ ဗီတာမင် ဓာတ်တစ်မျိုးပါ။ အမျိုးသားတွေမှာလည်း လိုအပ်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ ပိုပြီး လိုအပ်ပါတယ်။ ဗီတာမင် K ဓာတ်က အရိုးတွေရဲ့ သိပ်သည်းဆကိုလည်း ထိန်းထားပေးပြီး သွေးကြောထဲမှာ ရှိတဲ့ ကယ်လ်စီယမ်တွေ တည်ဆောက်ဖို့ ပရိုတင်း…

အန္တာတိကခရီးစဉ် (အပိုင်း ၄)

အန္တာတိကခရီးစဉ် (အပိုင်း ၄) – ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ ကျွန်မတို့ သင်္ဘောကြီးဟာ မွန်တီဗီဒီယို (Montevideo) ဆိုတဲ့ မြို့ကို ရောက်လာပါတယ်။ သင်္ဘောကြီးက ကမ်းကပ်တဲ့အချိန်မှာတော့ အရင်လို သင်္ဘောငယ်လေးတွေ တဆင့်စီးပြီး သင်္ဘောဆိပ်ကို သွားစရာမလိုတော့ပါဘူး။ သင်္ဘောဆိပ်က ကြီးတဲ့အတွက်ကြောင့် ပင်လယ်ကူး ဇိမ်ခံသင်္ဘောကြီးက မြို့ရဲ့ဘေးမှာပဲ ဆိုက်ကပ်လို့ရပါတယ်။ ဒီမြို့ကတော့ ဥရုဂွေးတိုင်းပြည်ရဲ့ အကြီးဆုံးမြို့လည်းဖြစ်သလို မြို့တော်လည်းဖြစ်ပါတယ်။ အဲ့ဒီမှာ လူဦးရေက တစ်သန်းခွဲလောက်ရှိတယ်။ ဒီတိုင်းပြည်က တိုင်းပြည်တစ်ခုလုံးမှာမှ လူဦးရေ ၅ သန်းလောက်ပဲရှိတာပါ။ တစ်သန်းခွဲဆိုတော့ စဉ်းစားသာကြည့်တော့။ ဒီတိုင်းပြည်မှာ ဒီမြို့က ဘယ်လောက်ကြီးလဲဆိုတာ။ တိုင်းပြည်ရဲ့ ၃ ပုံ ၁ ပုံသော လူတွေက မွန်တီဗီဒီယိုမြို့မှာ နေနေကြတယ်လို့ ပြောနိုင်ပါတယ်။ မွန်တီဗီဒီယိုရဲ့ အကျယ်အဝန်းက…

အန္တာတိကခရီးစဉ် (အပိုင်း ၃)

အန္တာတိကခရီးစဉ် (အပိုင်း ၃) – ဇန်နဝါရီလ ၇ ရက်နေ့ကတော့ Sea Day လို့ခေါ်တဲ့ ဘယ်ကမ်းမှ မကပ်ပဲသွားတဲ့နေ့ပါ။ အဲ့ဒီနေ့မှာလည်း သင်္ဘောကြီးက အတ္တလန်တစ်သမုဒ္ဒရာထဲမှာ သွားနေပါတယ်။ အင်မတန် နေသာတဲ့နေ့ပါ။ အဲတော့ ထုံးစံအတိုင်း ဓာတ်ပုံတွေ ထွက်ရိုက်ပေါ့။ ကျွန်မက နေသာတဲ့နေ့ဆို ကုန်းပတ်မှာ လမ်းလျှောက်ပါတယ်။ သင်္ဘောကြီး ပတ်ပတ်လည် ၃ ပတ်သွားရင် ၁ မိုင်ရှိပါတယ်။ ကျွန်မက ၂ မိုင်လောက်တော့ ဖြစ်အောင် လျှောက်ပါတယ်။  နေ့လယ်ကျတော့ သင်္ဘောကပ်ပတိန်နဲ့ နေ့လယ်စာ စားရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Holland-America စီးတဲ့သူတွေကို သူတို့က Star တွေ ပေးထားပါတယ်။ Star များရင်များသလို ဂုဏ်ပြုတာပေါ့။ ၂၃ ကြိမ်သွားရင် Star ၅…

ဆေးမြင်းခွာ က တကယ် ဆေးဖက်ဝင်သလား

ဆေးမြင်းခွာ ကို တို့စားတာမျိုး ရှိသလို ဟင်းခါးသောက်တာ၊ ရေနွေးနဲ့ စိမ်သောက်တာမျိုး ရှိပါတယ်။ ဒီလို အမျိုးမျိုး အသုံးပြုကြတဲ့ ဆေးမြင်းခွာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကာလတွေကတည်းက အာရှဒေသမှာ ဆေးဖက်ဝင်အဖြစ် အသုံးပြုကြပါတယ်။  ဆေးမြင်းခွာက အရေပြား ကျန်းမာရေးကစလို့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။  ဆေးမြင်းခွာကို အခုလိုမျိုး အသုံးပြုလို့ ရပါတယ် ဆေးမြင်းခွာက ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အခုလို ထောက်ကူပေးပါတယ်။ အနာကျက်စေနိုင်တယ် ဆေးမြင်းခွာက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနေပြီး အနာကျက်စေဖို့ ထောက်ကူပေးသလို အနာကို ပိုးမဝင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။  အရေပြားရောဂါတွေကို သက်သာစေနိုင်တယ် ဆေးမြင်းခွာက နှင်းခူ အပါအဝင် အမျိုးမျိုးသော အရေပြားပြဿနာတွေကို သက်သာစေဖို့ရော အရေပြားပေါ်က ရောင်ရမ်းမှုတွေကိုပါ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ …

ဝိတ်ကျရုံတင်မက နှလုံးအတွက်လည်းကောင်းတဲ့ ကင်းပုံသီး လေးအကြောင်း

မျှစ်လေးနဲ့ ကြော်ကြော် ပုစွန်ဆိတ်လေးနဲ့ ကြော်စားစား စားလို့ကောင်းတဲ့ အသီးလေး တစ်မျိုး ရှိပါတယ်။  ဒါကတော့ ကင်းပုံသီး လေးပါ။ ကင်းပုံသီးမှာ အချိုနဲ့ အခါးဆိုပြီး ရှိပေမယ့် အချိုက ပိုစားကောင်းပါတယ်။ ဆေးဖက်ဝင်တာခြင်းကတော့ တူတူပါပဲ။ ဒီတော့ ကင်းပုံသီး လေး စားရင် ဘယ်လို အကျိုးကျေးဇူး လေးတွေ ရနိုင်မလဲဆိုတာကို ပြောပြပေးချင်တယ်နော်။ ပုစွန်ခြောက် နိုင်နိုင်လေးနဲ့ ကြော်စားရင် စားလို့ ကောင်းတဲ့ ကင်းပုံသီးက  နှလုံးကျန်းမာစေတယ် ကင်းပုံသီးမှာ ပိုတက်ဆီယမ် ပါဝင်နေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းမွန်စေနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။  သွေးတွင်းသကြားဓာတ် ထိန်းပေးတယ် ကင်းပုံသီးက အင်ဆူလင် တုံ့ပြန်မှုကို ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။ ဆီးချို ကာကွယ်ပေးသလို…