
မန်ကျည်းစေ့ (Tamarind Seeds) မှာ ဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ အမိုင်နိုအက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအာဟာရဓါတ်တွေနဲ့ပြည့်စုံနေတဲ့ မန်ကျည်းသီးစေ့လေးက အခုလိုမျိုးဆေးဖက်ဝင်ပါတယ်။
- ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ်
မန်ကျည်းသီးစေ့ရဲ့ အပြင်လွှာက ဝမ်းပျက်ဝမ်းလျှောတာကိုအထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။
- အရေပြားကျန်းမာစေနိုင်တယ်
မန်ကျည်းသီးစေ့မှာxyloglycans ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေပြီး အရေပြားပြဿနာကို သက်သာစေနိုင်ပါတယ်။
- အဆစ်ရောင်တာကိုသက်သာစေနိုင်ပါတယ်
နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး အဆစ်ရောင်ရောဂါကြောင့် အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းသီးစေ့ကို အမှုန့်ကြိတ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဝက်စာ တစ်ရက်ကို နှစ်ကြိမ်သောက်ပေးတာက အဆစ်တွေထဲမှာချောဆီတွေဖြစ်ပေါ်စေပြီး အဆစ်နာတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒူးနာတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေစေနိုင်ပါတယ်။
- သွားနဲ့ခံတွင်းကျန်းမာစေနိုင်တယ်
သွားကိုက်တာ၊ သွားဖုံးနာတာ၊ သွားမှာ သွားချေးတွေ ဖြစ်နေတာကို သက်သာစေဖို့ မန်ကျည်းသီးစေ့အမှုန့်ကို အသုံးပြုပေးလို့ရပါတ်ယ။ မန်ကျည်းသီးစေ့ကိုလှော်ပြီး အမှုန့်ကြိတ်လို့ ရလာတဲ့အမှုန့်နဲ့သွားတိုက်ပေးပါ။
- အစာမကြေတာကို သက်သာစေနိုင်တယ်
မန်ကျည်းသီးစေ့က သည်းခြေရည်ထုတ်လုပ်မှုကို တိုးစေနိုင်ပြီး အစာမကြေတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ အစာအမ်ပြဿနာရှိတာ ဈမ်းချုပ်တာတွေနဲ့ အစာမကြေတာတွေကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ကိုလက်စထရောပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးအတွက်တော်တော်လေး အသုံးဝင်ပါတယ်။
- ကိုယ်ခံအားကောင်းစေနိုင်တယ်
မန်ကျည်းသီးစေ့မှာ ကိုယ်ခံအားကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။ ဒါကြောင့်ရောဂါတွေတော်တော်များများကနေ ကာကွယ်ပေးနိုင်မှာ အသေအချာပါ။
- ကင်ဆာကာကွယ်ပေးနိုင်တယ်
အူမကြီးကင်ဆာအပါအဝင် ကင်ဆာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

- ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့် အဆုတ်ရောင်၊ အစာအိမ်အူလမ်းကြောင်းပိုးဝင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ဘက်တီးရီးယားပိုးကူးစက်တာကြောင့်ဖြစ်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
- ချောင်းဆိုးတာ၊ အာသီးရောင်တာနဲ့လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်
မန်ကျည်းသီးစေ့ကို အာလုပ်ကျင်းဆေးအနေနဲ့အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းသီးစေ့အမှုန့်ကို ချင်း (ဂျင်း) နည်းနည်း၊ သစ်ကြံပိုးခေါက်မှုန့်နည်းနည်းတို့နဲ့ရောစပ်လို့ရေနွေးနွေးလေးနဲ့ဖျော်ပြီး အာလုပ်ကျင်းပေးမယ်ဆိုရင် ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အအေးမိတာကြောင့်ဖြစ်တဲ့ချောင်းဆိုးတာ၊ လည်ချောင်းနာတာ နဲ့ အာသီးရောင်တာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။
- သွေးချိုကျစေနိုင်တယ်
မန်ကျည်းစေ့ က အင်ဆူလင်ထွက်ရှိမှုကိုတိုးစေနိုင်သလို ပန်ကရိယကို ကျန်းမာစေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်မှာပါ။
- နှလုံးကျန်းမာစေနိုင်တယ်
မန်ကျည်သီးစေ့မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် သွေးတိုးကျစေနိုင်သလို နှလုံးကျန်းမာစေဖို့အတွက်လည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။
- အရိုးကျိုးတာအတွက် အသုံးပြုလို့ရတယ်
မန်ကျည်းသီးစေ့ကို ခပ်ပျစ်ပျစ်လေးသွေးပြီး အရိုးကျိုးတဲ့နေရာမှာ ခပ်ထူထူလေးလူးပေးတာက အရိုးမြန်မြန်ဆက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။
- အသားအရေကို တင်းရင်းစေနိုင်တယ်
မန်ကျည်းသီးစေ့က အရေပြားကို အစိုဓါတ်ထိန်းပေးသလို အပြစ်အနာအဆာကင်းစေနိုင်ပါတယ်။ အရေးအကြောင်းတွေကို သက်သာစေပြီး တင်းရင်းလှပစေနိုင်ပါတယ်။ အရေပြားအတွက်လိုအပ်တဲ့ရေဓါတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်ပါတယ်။ အရွယ်တင်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်လိုသူတိုင်းမေ့ထားလို့ မဖြစ်တဲ့အရာတစ်ခုပါ။
- ပိုးကောင်ကိုက်တဲ့အခါ သုံးလို့ရတယ်
ပိုးကောင်ကိုက်တဲ့အခါ ပရုတ်ဆီလိမ်းမိရင်တစ်ခုခုဖြစ်မှာစိုးရသလို ဘာလူးလို့လူးရမှန်းမသိဖြစ်နေတယ်ဆိုရင် မန်ကျည်းသီးစေ့လေးကိုသွေးလူးပေးပါ။ အရောင်ကျစေနိုင်သလို အနာသက်သာစေနိုင်ပါတယ်။
- အနာကျက်မြန်စေနိုင်တယ်
ထိခိုက်ရှနာဖြစ်တဲ့အခါ အနာကျက်မြန်စေဖို့အတွက် မန်ကျည်းသီးစေ့ကို အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းပင်အခေါက်ကိုသွေးလူးပေးလို့လည်းရပါတယ်။ မန်ကျည်းသီးစေ့ကိုသွေးပြီးအနာကိုလူးပေးမယ်ဆိုရင် ၁၀ ရက်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိမှာပါ။
မန်ကျည်းသီးစေ့လေးကလည်းဆေးဖက်ဝင်တယ်ဆိုတဲ့ မလွှင့်ပစ်ဘဲသေချာသိမ်းလို့ လိုအပ်လာတဲ့အခါ အသုံးပြုပေးဖို့ပြောပါရစေနော်။
Ref: healthline