သင်္ဘောရွက် နုနု အာဟာရ ကြွယ်ကြွယ်


သဘာဝတရားကြီးက သက်ရှိတွေကို အကောင်းဆုံးတွေပဲပေးထားတာပါ။ သဘာဝမှာ အလေ့ကျလိုပေါက်လာတဲ့ အပင်တွေကလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကောင်းဆုံးအထောက်အပံ့ပေးနေပါတယ်။

ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် အထောက်အပံ့ပေးတယ်ဆိုတဲ့ သင်္ဘောရွက်လေး အကြောင်းပြောပြပေးချင်ပါတယ်။

ထွေထွေထူးထူးပြောနေစရာမလိုအောင်မြင်ဖူးကြမှာပါ။ သင်္ဘောပင်က အသီးကိုစားလို့ရသလို အရွက်နုနုလေးတွေကိုလည်း သုပ်စားတာဖြစ်ဖြစ် လက်ဖက်နဲ့စားတာဖြစ်ဖြစ် စားလို့ရပါတယ်။

သင်္ဘောရွက်မှာ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝပါတယ်။ဆေးဖက်ဝင်သလို ဟင်းလာတစ်ခုအဖြစ်နဲ့တောင် စားသုံးလို့ရတဲ့ အရွက်တစ်မျိုးပါ။

သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ဓါတ်နဲ့ အခြားသော အကျိုးပြုအင်ဇိုင်းတွေပါဝင်နေပါတယ်။

ကျန်းမာရေးအတွက် ဘယ်လိုများအထောက်အကူပြုလဲ

အာဟာရဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ သင်္ဘောရွက်က အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ ဓါတ်က အဆီတွေ၊ကာဗိုဟိုက်ဒရိတ်တွေ ပရိုတင်းတွေကိုဖြိုခွဲပေးပြီး အဆီပိုတွေကိုဖယ်ရှားပေးသလို အစာခြေစနစ်ကို ကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။ ပါတိန်းလို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးက ကပ်ပါးပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

  • အစာကြေစေနိုင်တယ်

သင်္ဘောရွက်မှာပါတဲ့chymopapain၊ papain၊ protease နဲ့ amylase တို့လိုမျိုး အင်ဇိုင်းတွေပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်အနာရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်နဲ့ အူမကြီးရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

  • ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်

သင်္ဘောရွက်မှာပါတဲ့acetogenin လို့ခေါ်တဲ့ဒြပ်ပေါင်းက အဆုတ်၊ ပန်ကရိယ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေတို့ကိုလျှော့ကျစေနိုင်ပါတယ်။ ကင်ဆာဖြစ်နေသူတွေအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

  • အသည်းကျန်းမာစေနိုင်ပါတယ်

အသည်ကို သန့်စင်ပေးခြင်းက အသည်းထိခိုကနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ အသည်းသန့်စင်ပေးနိုင်တဲ့ သဘာယပစ္စည်းအများအပြားထမြာ သဘော်ရွက်ကလည်း တစ်ခု အပါအဝင်ပါ။ ဒါကြောင့် အသည်းကျန်းမာပြီး အသည်းရောဂါကင်းစေဖို့အတွက်က သဘာဝဆေးဖက်ဝင်စားစရာတစ်ခုဖြစ်တဲ့ သင်္ဘောရွက်ကို စားပေးလို့ရပါတယ်။

  • ရာသီလာစဉ် နာကျင်မှုကို သက်သာစေနိုင်တယ်

ရာသီလာစဉ်နာကျင်ကိုက်ခဲမှုက ပျိုမေလေးတို့ကိုတော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စေတာပါ။ ဒီပြဿနာကို ကင်းစေဖို့ကဟော်မုန်းတွေကို ထိန်းညှိနိုင်ဖို့လိုပါမယ်။ ကိုယ်တွင်းဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုသက်သာစေဖို့ဆိုရင်တော့ သင်္ဘောရွက်လေးက အသုံးတည့်မှာ အသေအချာပါ။

  • နှင်းခူသက်သာစေနိုင်တယ်

အရေပြားပြဿနာတစ်ခုဖြစ်တဲ့ နှင်းခူသက်သာစေနိုင်ဖို့အတွက် သင်္ဘောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နှင်းခူဖြစ်နေတဲ့ နေရာပေါ်ကိုဆေးကြောသန့်စင်ထားတဲ့ သင်္ဘောရွက်ကိုကြိတ်ခြေပြီး အရည်ဆွတ်လို့ ကပ်ပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး နှင်းခူကိုပျောက်ကင်းစေမှာပါ။

  • ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

အစာခြေစနစ်မှာ အကျိုးမပြုဘက်တီးရီးယားတွေ များနေတာက ခန္ဓါကိုယ်ကျန်းမာမှုကိုတော်တော်လေးထိခိုက်စေနိုင်တာပါ။ သင်္ဘောရွက်မှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအကျိုးပြုဘက်တီးရီးယားတွေရော၊ အကျိုးမပြုဘက်တီးရီးယားတွေကိုပါ ဟန်ချက်ညီမျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးပွားစေပြီး ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။

  • ဆံသားကျန်းမာစေနိုင်တယ်

သင်္ဘောရွက်မှာပါတဲ့ ဓါတ်တွေက ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဆံသားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီးဗောက်မထအောင် ကာကွယ်ပေးပါတယ်။

  • အသားအရေကျန်းမာစိုပြေစေတယ်

ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှုလျှော့ချပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာ ဆဲလ်သစ်တွေကိုဖြစ်ပေါ်စေနိုင်တယ်။ အရွယ်တင်နုပျိုစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

  • အားအင်ပြည့်စေတယ်

ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကိဖြည့်ပေးပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။သွေးစီးဆင်းမှုကောင်းမာန်စေပြီး ခနဒ`ာကိုယမျာ အင်အားပြည့်နေစေအာင်လုပ်ဆောင်ပေးနိုင်ပါတယ်။

သင်္ဘောရွက်ကဆေးဖက်င်တယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ လိုအပ်သလောက်ပဲ သုံးဖို့ပြောပါရစေ။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ရောဂါအခံတစ်ခုခုရှိသူတွေအနေနဲ့ကတော့ မသုံးသင့်ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။

Ref: medinets

Leave a Reply