
ယာကွန်ပင် (Yacon Plant) ဟာ ဆေးပညာဆိုင်ရာ လေ့လာမှုတွေအရ ဆီးချိုရောဂါအပေါ်မှာ ကောင်းကျိုးသက်ရောက်မှု တွေရှိတယ်ဆိုတဲ့တွေ့ရှိချက်တွေကြောင့်မကြာသေးခင်နှစ်တွေအတွင်းတဖြည်းဖြည်းနဲ့ လူသိများလာတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။
ယာကွန်ပင် ရဲ့ ကျန်းမာရေးအစွမ်းများ
• ယာကွန်ပင် က သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်သလို ကိုလက်စထရောပမဏကိုထိန်းညှိပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုတိုးစေပြီး ကိုယ်အလေးချိန်ကျအောင်လည်းအထောက်အပံ့ပေးပါတယ်။
• ယာကွန်ကတန်ဖိုးကြီးတဲ့တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး အနာကိုလည်းကျက်စေနိုင်တဲ့အစွမ်းသတ္တိလည်းရှိပါတယ်။ ယာကွန်က ရောဂါရှိသူတွေမှာကျန်းမာရေးအခြေအနေကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ရုံသာမက ကျန်းမာရေးကောင်းမွန် သူတွေကိုလည်း ကျန်းမာနေအောင်လုပ်ဆောင်ပေးပါတယ်။
• ကိုယ်အလေးချိန်ကျဆင်းစေခြင်း – ယာကွန်ပင်ရဲ့ ဥမှာ ကိုယ်အလေးချိန်ကျဆင်းစေနိုင်တဲ့ ပစ္စည်းတွေပါဝင်နေတာကြောင့် “Diet potato” ဒိုင်းရပ်ပိုတေတိုး လို့သိတောင်ခေါ်ဝေါ်ကြပါတယ်။ ယာကွန်ဥမှာ ကယ်လိုရီ အနည်းငယ်သာပါဝင်ပြီး အချိန်အတော်ကြာဗိုက်ပြည့်နေတယ်လို့ခံစားရစေတဲ့ ဖရက်တိုအိုလီဂိုဆက်ခရိုက်fructooligosacharide ဓါတ်တစ်မျိုးလည်းပါဝင်ပါတယ်။
• အမျိုးအစား – ၂ ဆီးချိုရောဂါကိုထိန်းညှိပေးခြင်း – ယာကွန်ဥထဲမှာ ဖရက်တိုစ် fructose လို့ခေါ်တဲ့ အင်ဆူလင်ဓါတ် တစ်မျိုးပါဝင်နေပါတယ်။ ယာကွန်ဥက အမျိုးအစား – ၂ ဆီးချိုရောဂါလိုမျိုး အင်ဆူလင်အပေါ်မှာမှီခိုနေရတဲ့ ရောဂါတွေအတွက် သွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာအသုံးဝင်ပါတယ်၊လို့ သုတေသီအချို့က အခိုင် အမာဆိုထားပါတယ်။

• သဘာဝအချိုဓါတ်တစ်ရပ်အနေနဲ့အသုံးပြုနိုင်ခြင်း – ယာကွန်ဥကို ဆီးချိုဝေဒနာသည်တွေအတွက် အချိုဓါတ်မပါတဲ့ သကြားအစားထိုးအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျအောင် လုပ်ဆောင်လိုသူတွေအတွက်လည်း ယာကွန်ကိုအသုံးပြုနိုင်ပါတယ်။ ကော်ဖီနဲ့လက်ဖက်ရည်တွေထဲမှာ လည်းယာကွန်ကထုတ်တဲ့ sweetener ကိုထည့်သောက်လို့ရပါတယ်။
• ကင်ဆာကာကွယ်နိုင်ခြင်း – ယာကွန်ပင် မှာ ကင်ဆာတိုက်ဖျက်နိုင်တဲ့အစွမ်းသတ္တိရှိနေပြီး ကင်ဆာဆဲလ်တွေ ကိုတိုက်ဖျက်ခြင်းအားဖြင့် ဆဲလ်တွေမျိုးဗီဇပြောင်းလဲမှုကိုစန့်တားပေးပါတယ်။ ယာကွန်မှာ အရေပြား ကင်ဆာ၊အူမကြီးကင်ဆာနဲ့သွေးကင်ဆာရောဂါတွေကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းအာနိသင်တွေရှိပါတယ်။
• အသည်းအဆီမဖုံးအောင်ကာကွယ်ပေးနိုင်ခြင်း – ယာကွန်က ခန္ဓါကိုယ်ရဲ့အဆီတွေကိုထိန်းညှိပေးရာမှာ အရေးပါသလို ကိုလက်စထရောစုပုံမှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကိုလက်စထရောဇိဝဖြစ်စဉ်ကိုထောက်ပံ့ကူညီပေးခြင်းဖြင့် အသည်းရဲ့ လုပ်ငန်းစဉ်တွေကို ကာကွယ်ပေးပါတယ်။ ခန္ဓါကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေကိုလည်း အထောက်အကူပြုပေးပါတယ်။
• Triglycerides ကိုလျှော့ချပေးခြင်း – ယာကွန်ပင် မှာ ခန္ဓါကိုယ်အတွက်အကျိုးမပြုတဲ့ ကိုလက်စထရော (ထရိုင်ဂလစ်စထရိုက် Triglycerides)ကိုကျဆင်းစေနိုင်တဲ့ ဖရက်တိုအိုလီဂိုဆက်ခရိုက်fructooligosaccharide ပါဝင်နေပါတယ်။ ထရိုင်ဂလစ်စထရိုက် Triglycerides ကျဆင်းမှုက ရုတ်တရက်နှလုံးရပ်တာမျိုးတွေနဲ့ လေဖြတ်တာမျိုးတွေဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။
• အကျိုးပြုဘက်တီးရီးယားတွေတိုးပွားစေနိုင်ခြင်း – ယာကွန်က အူအတွင်းမှာ အကျိုးပြုဘက်တီးရီးယား တွေကိုတိုးပွားစေခြင်းဖြင့် အစာခြေစနစ်ကို စည်းချက်ညီအောင်လုပ်ဆောင်ပေးသလို အူမရောင်နာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
Writer – Aye Thi Mon